Friday, September 26, 2008

what is Beta?




Software သို့မဟုတ် Web application တစ်ခုကို "beta" လို့ပြောရင် အများက ... major features တွေအားလုံးမပါသေးဘူး။ Community ထဲမှာ end-user တွေက စမ်းသုံးကြပြီး ချို့ယွင်းချက်တွေ bugs တွေကို ပြင်ရဦးမယ်.. လို့ ယေဘူယ နားလည်ကြပါတယ်။ ဒါပေမဲ့ထူးဆန်းတာက Google ရဲ့ public product 49ခုမှာ 22ခုက beta ဖြစ်နေတာပါ။ (e.g Gmail, Google Docs) Feature တွေအသစ်တိုးတာသာမက version ပြောင်းသွားလဲပဲ beta လို့နံမည်တပ်ထားဆဲပါပဲ။ 
.
တစ်ချို့ကပြောကြတာကတော့ Google အနေနဲ့ နည်းပညာအထောက်အပံ့ မပေးချင်လို့ရယ် productမှာ ရှိနေနိုင်သေးတဲ့ အမှားအယွင်းတွေ ချို့ယွင်းချက်တွေအတွက် တာဝန်မခံချင်လို့ရယ် ဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။ အမှားတော့ ရှိဦးမှာပေါ့ဗျာ.. ကျွန်တော်တို့က beta version ပါလို့ပြောထားသားပဲ ....တိုတဲ့အချိုးမျိုးထင်ပါရဲ့။ ဒါမှမဟုတ် Google ရဲ့ product တွေကို သတ်မှတ်တဲ့ quality အဆင့်အတန်းက သိပ်မြင့်နေတာလား။ တစ်ချို့ product တွေဆိုရင် သူကသာ beta လို့ဆက်ပြီး သတ်မှတ်ထားပေမဲ့ တော်တော်လေးကို ပြီးပြည့်စုံပြီး ကောင်းမွန်နေပါပြီ။
.
အဲဒီတော့ ကျွန်တော်တို့အနေနဲ့ product တစ်ခုကို ချို့ယွင်းချက်တွေ အမှားတွေ ပါကောင်းပါဦးမယ်ဆိုတဲ့ အခြေအနေနဲ့ စောစောသုံးရတာနဲ့ ready ဖြစ်ပြီး အားလုံးနီးပါး ပြည့်စုံကောင်းမွန်တဲ့ product ကို ဖြစ်လာတော့မှ သုံးရတာ... ဘယ်ဟာကို ရွေးကြမလဲ?

Wednesday, September 24, 2008

Youngest Gunners ever ...









မနေ့ညက Carling Cup တတိယအဆင့် Sheffield United နဲ့ပွဲမှာ မန်နေဂျာ Winger က သူ့ရဲ့ လူုငယ်စီမံကိန်းက လူငယ် ကစားသမား တွေကို ယုံယုံကြည်ကြည် ကစားစေခဲ့တယ်။ ပွဲထွက်ကစားသမားစာရင်းက - Fabianski (c) Hoyte - Djourou - Song - Gibbs Wilshere - Ramsey - Randall - Mérida Bendtner - Vela ပုံမှန်ကစားနေကြ အသင်းကြီးက ကစားသမားဆိုလို့ Bendtner, Song နဲ့ Djourou ပဲပါတယ်။ သူတို့တောင် အသင်းကြီးမှာ အရန်လူ အနေနဲ့ပဲကစားရတာများတယ်။ ဒီအသင်းရဲ့ average age က ၂၀ အောက်ပဲရှိတယ်။ Wilshere ဆိုရင် (၁၇)နှစ်ပဲရှိသေးတယ်။ 
.
ပထမပိုင်းမှာတင် သုံးဂိုးပြတ်နိုင်နေပြီ။ ဒုတိယပိုင်းမှာ သုံးဂိုးထပ်သွင်းတယ်။ Carlos Vela သုံးဂိုးသွင်းပြီး Hat-trick ရသွားတယ်။ Henri Lansbury > Alex Song Jay Simpson > Nicklas Bendtner ——– (70) Francis Coquelin > Fran Mérida ဒုတိယပိုင်းမှာ သုံးယောက်လဲကစားတယ်။ Song နဲ့ Bendtner ကို နားခိုင်းလိုက်ပြီး မျက်နှာသစ်ကလေးတွေကို ကစားခွင့်ပေးခဲ့တယ်။ ပွဲပြီးတဲ့အထိ အောက်က လူစာရင်းနဲ့ ကစားသွားတယ်။ Fabianski Coquelin - Hoyte - Djourou - Gibbs Lansbury - Randall - Ramsey - Wilshere Simpson - Vela.   
Carling Cup ပြိုင်ပွဲဆိုတာ Arsenal လူငယ်ကစားသမားတွေအတွက် တစ်ချိန်မှာ အသင်းကြီးကို ရောက်ရှိလာဖို့ လေ့ကျင့်တဲ့ ဓါးသွေးကျောက်လို ပြိုင်ပွဲတစ်ခုပါ။ ဒီပြိုင်ပွဲကို ကစားခဲ့ပြီး အခု အသင်းကြီးကိုရောက်ရှိနေတဲ့ သူတွေအများကြီးပါ။ Bendtner, Gael Clichy, Eduardo, Alex Song, Emmanuel Eboue, Cesc Fabregas နဲ့ Theo Walcott အားလုံး ဒီ Carling ပွဲတွေကစားခဲ့ပြီး တောက်ပြောင်လာခဲ့ကြတာပါ။ မန်နေဂျာကြီးဝင်းဂါးတစ်ယောက် အပြောင်းအရွှေ့ကာလတွေမှာ ကစားသမားတွေကို စျေးကြီးပေးဝယ်ဖို့ တုံ့နှေးနေတာ သူပျိုးထောင်နေတဲ့ လူငယ်ကစားတွေကြောင့် အများကြီးပါတယ်။ 
.
မနှစ်ကလဲ Carling Cup မှာ Semi-final မှာ စပါးကို ရှုံးခဲ့တဲ့ပွဲအထိ အခုလိုပဲ လူငယ်ကစားသမားလေးတွေနဲ့ပဲ ကစားစေခဲ့တာ။ လူငယ်လေးတွေကို အားကိုးအားထားပြုတာ အတိုင်းအတာတစ်ခုအထိတော့ကောင်းပါတယ်။ ဒါပေမဲ့ Champisons League လိုပြိုင်ပွဲမျိုးတွေကစားရင် Premier League မှာ ManU, Chelsea, Liverpool တို့လို ထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်ရရင် ပြိုင်ပွဲကို အလှည့်အပြောင်းဖြစ်စေတဲ့၊ အသင်းကို ပဲ့ကိုင်မောင်းနှင်နိုင်မဲ့ အတွေ့အကြုံရှိကစားသမားတွေလဲ လိုအပ်သေးတယ်လို့ထင်ပါတယ်။ နောက်တစ်ချက်က ကိုယ်ပျိုးထောင်လာတဲ့ ကစားသမားတွေ အကောင်းဆုံးအနေအထားကို ရောက်လာပြီဆို အခြားအသင်းတွေ ပြောင်းရွှေ့သွားတဲ့ ကိစ္စပါ။ 
.
ဥပမာ AC Milan ကို ပြောင်းသွားတဲ့ Flarmini လိုမျိုးပေါ့။ အသင်းအတွက် တန်ဖိုးရှိလာပြီး ခြေစွမ်းထက်လာချိန်မှာ အရင်လို လူငယ်လစာမျိုးနဲ့တော့ ဘယ်အဆင်ပြေ နိုင်မလဲ။ ထိုက်သင့်သလောက် တိုးမြှင့်ပေးပြီး ထိန်းထားရမှာပေါ့။ လက်ရှိအခြေအနေမှာတော့ Arsenal ဟာ လူငယ်တွေကို ပြုစုပျိုးထောင်ပြီး ခြေစွမ်းထက် တန်ဖိုး တက်လာချိန်မှာ ထုတ်ရောင်းစားနေရတဲ့ အသင်းတစ်ခုဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို ထုတ်ရောင်း တာတောင် အသင်းရဲ့ကစားကွက် ကစားဟန်ပျက်မသွားအောင် ထိန်းထားနိုင်တဲ့ မန်နေဂျာကြီး ဝင်းဂါးကိုပဲ ချီးကျူးရမှာပဲ။

Tuesday, September 23, 2008

Google Reader နဲ့ ကျွန်တော်

အခု ဘလော့တွေဖတ်ရတာ Google Reader လေးနဲ့ အတော့ကို အဆင်ပြေနေပါတယ်။ ဟိုးအရင်ကဆိုရင် ရွာရိုးကိုးပေါက် တစ်အိမ်ဝင် တစ်အိမ်ထွက်နဲ့ အတော့်ကို အလုပ်ရှုပ်ပါတယ်။ သူတို့တတွေ Post အသစ်တင်လားမတင်လားဆိုတာ သွားကြည့်မှ သိတာပေါ။ 

အခု Google Reader လေးနဲ့ ဘလော့တွေကို RSS Feed subscribe လုပ်ထားလိုက်ရင် သူတို့အသစ်တင်လိုက်တာနဲ့ Reader ထဲကို ရောက်လာတယ်။ Email အသစ်ဝင်သလိုပေါ့။ ကျွန်တော့်အတွက် အတော်အဆင်ပြေပါတယ်။ ဘလော့ကာအများ သိပြီးသားနဲ့ အသုံးပြုနေကြမယ်လို့လည်း ထင်ပါတယ်။ မြန်မာပြည်အတွင်းကလူတွေ ကျော်ခွပြီး မကြည့်နိုင်တဲ့ နေရာတွေမှာလည်း ဒီ Reader လေးနဲ့ blog ကို ဖတ်လို့ရတယ်။ blogspot မှာတင်ထားတဲ့ ပုံတွေ ပါရင်တော့ ပို့စ်ကို သာဖတ်လို့ရပြီး ပုံကို မြင်ရမှာမဟုတ်ဘူး။ Reader လေးနဲ့ဆိုတော့ ဘယ်သူ့ရဲ့ ဘယ်ပိုစ့်က ဖတ်ပြီးပြီ မဖတ်ရသေးဘူး ဆိုတာ သိနေတယ်။ ဘလော့တကာကို နေ့စဉ် လိုက်ဝင်နေစရာမလိုတော့ဘူး။ Comment ရေးချင်တဲ့အခါမျိုးကြမှသာ အဲဒီဘလော့ကို သွားပြီးရေးရုံပဲ။  

Monday, September 22, 2008

သင်္ဘောသား ဓါတ်လှေကားမစီးရ

စနေနေ့ညနေက ရန်ကုန်ပြန်ရောက်နေတဲ့ ဆမ ရဲ့အိမ်မှာသွားပြီး ၀ိုင်းဖွဲ့ဖြစ်ကြတယ်။ ဒီအဖွဲ့တွေက Bagan.net Forum ခေတ်ကတည်းက online ပေါ်ကနေသိကျွမ်းခဲ့တဲ့ သူငယ်ချင်းတွေပေါ့။ အဲဒီညက ထုံးစံအတိုင်း ကိုနဗန၊ ကိုသူရ၊ ကိုသက်နဲ့ မန်းလေးက ရောက်နေတဲ့မောင်လှကြီးပါလာတယ်။ ဆမက သဘောင်္သားလေ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က သင်္ဘောပြန်တက်သွားပြီး အခုမှ ပြန်ရောက်လာတာ။ ဆမက အချက်အပြုတ်ကောင်းတော့ သူ့အိမ်သွားသောက်တိုင်း တကယ့်ကို ရှယ် ချက်ကျွေးတာ။ ထုံးစံအတိုင်း စားကြသောက်ကြ ရီစရာတွေပြောကြပေါ့။
.
အဲဒီမှာကိုယ်က ဆမနဲ့ ပတ်သက်တဲ့ "သဘောင်္သားမစီးရ" ဆိုတဲ့ဇာတ်လမ်းလေး သူတို့ကို ပြန်ပြောပြတယ်။ လွန်ခဲ့တဲ့ ၂နှစ် ၃နှစ်လောက်ကပေါ့။ တစ်ရက်မှာ ဆွမ်းကျွေးလား အလှူတစ်ခုလားမသိ... ဆမ လာဖိတ်တယ်။ ကျွန်တော့်ရုံးက အဲဒီအချိန်က တက္ကသိုလ်ရိပ်သာလမ်း အတွင်းဖက်အကွက်ထဲက ကွန်ဒိုတစ်ခုရဲ့ 3rd floor မှာပေါ့။ သူရောက်လာတော့ မျက်နှာမသာမယာ စိတ်ဆိုးတဲ့လေသံနဲ့ "ကိုလကလေး တို့ တိုက်က မမိုက်ပါဘူးဗျာ... အဆင့်အတန်းခွဲစရာရှားလို့ ..... သဘောင်္သားလဲလူပဲဗျ" ဆိုပြီး ပြောပါလေရော။ 
.
အရင်းမရှိအဖျားမရှိဆိုတော့ ကျွန်တော်လည်း အူကြောင်ကြောင်ပေါ့။ ဒါနဲ့ ဇာတ်ရည်လည်အောင်မေးရတယ်။ သူပြောပြပြီးတဲ့ အဆုံးမှာ အောင့်မထားနိုင်လို့ တဟားဟားနဲ့ ရီလိုက်မိတယ်။ ဆမ ကတော့ သူ့ကို ရီရလားဆိုပြီး ပိုလို့တောင် မျက်နှာမသာမယာဖြစ်သွားတာပေါ့။ အဲဒီတော့မှ သူ့ကိုရှင်းပြရတယ်။ ကျွန်တော်တို့ရုံးရှိတဲ့တိုက်ခန်း သုံးလွှာမှာပဲ သဘောင်္သား ကုမ္ပဏီ တစ်ခုရှိတယ်။ နေ့စဉ်သဘောင်္သား လေးငါးဆယ်လောက် တက်လိုက်ဆင်းလိုက်လုပ်နေတော့ တစ်ခြားအခန်းတွေက complain လုပ်တယ်လေ။ 
.
ဒါနဲ့ သဘောင်္ကုမ္ပဏီက ဓါတ်လှေကား တံခါးမှာ သဘောင်္သားမစီးရ။ လှေကားမှ လမ်းလျှောက်တက်ပါ... " လို့ ရေးထားတာကိုး။   အဲဒါကို ဖတ်ရတဲ့ ဆမက ဓါတ်လှေကားစီးပြီး ကျွန်တော့်ရုံးခန်းကို တက်လာမလို့ဟာ အဲဒီစာတမ်းတွေ့တာနဲ့ အူကြောင်ကြောင်ဖြစ်ပြီး လှေကားကလျှောက်တက်လာတာကိုး ... အပေါ်ရောက်လာမှ သဘောင်္သားတွေကို နှိမ်ပါတယ် ဘာညာ ဆိုပြီး ကျွန်တော့်ကို complain လာလုပ်တာကိုး ... ဟားဟား
.

Tuesday, September 16, 2008

နဗနရဲ့ ဘ၀

ကျွန်တော့်အကိုကြီး request လုပ်ထားတာတော့ကြာပါပြီ။ ဒီနေ့မှပဲ စပြီးလုပ်ပေးဖြစ်တယ်။ ကိုနဗနရဲ့ Bagan.net forum ရယ်၊ နောက််ပိုင်းမှာ Nativemyanmar.net မှာ ဆက်ရေးနေတဲ့ myself ဆိုတဲ့ Topic ကြီးကို Blog တစ်ခုလုပ်ပေးဖို့ပါ။ ဘဝအစုံကျင်လည်ခဲ့ရသလို စာရေးလဲ အင်မတန်ကောင်းတဲ့ အကိုကြီးရဲ့ စာတွေကို တခြားလူတွေကိုလည်း ဖတ်ရှုစေချင်မိတယ်။ ဒါနဲ့ ကိုယ်ကပဲ တာဝန်ယူပြီး blogပေါ်တင်ပေးနေတာပါ။ 
.
Forum မှာတုန်းက win kalaw font နဲ့ ရိုက်တာဆိုတော့ post တစ်ခုဆီကို ကိုမောင်လှရဲ့ ဘလော့မှာရှိတဲ့ win2zawgyi converter နဲ့ ပြောင်းပါတယ်။ စာပိုဒ်တွေ လိုသလိုခွဲပါတယ်။ အင်္ဂလိပ်စာလုံးတွေကို မြန်မာလိုရိုက်ထားရင် ပြင်ပေးပါတယ်။ (ဖိုရမ်မှာ အင်္ဂလိပ်မြန်မာပြောင်းရိုက်ရတာခက်တယ်။ ဒါကြောင့်တစ်လုံးနှစ်လုံးဆို ဗမာအသံထွက်နဲ့ပဲ ရိုက်လိုက်ကြတာများတယ်။ Forum မှာတုန်းက သူ့ဘဝအကြောင်းကို တောက်လျောက် အဆင်ပြေသလို ရေးချသွားတာ။ 
.
အခု ဘလော့ပေါ်တင်တော့ ကျွန်တော့်ဘာသာ သင့်တော်သလို စုပေါင်းခြင်း ခွဲထုတ်ခြင်း အမျိုးအစားခွဲခြင်းတို့ကို ဆောင်ရွက်နေတာပါ။ အတော်လေး ပုံပေါ်လာမှ ကိုနဗနစိတ်ကြိုက် ပြင်ပါလိမ့်မယ်။ သူရေးတုန်းက ခေါင်းစဉ်တပ်မရေးပါဘူး။ ခေါင်းစဉ်လေးတွေက ကျွန်တော့်ဘာသာ တော်သလို တပ်ထားပေးတာ။ ဖတ်မယ်ဆိုရင် သူ့ဇာတ်လမ်းအစဉ်အတိုင်း ဖြစ်အောင် 01 Label တပ်ထားတဲ့ဆီက စဖတ်ရပါမယ်။ အောက်ဆုံးက ပိုစ့်က စဖတ်ကြပါ။ ကြီးတော်ခင်ဦးမေစတိုင်ဖမ်းပြီး 07 ယူတာတော့မဟုတ်ပါဘူး။ navana လို့ပဲ ယူမလို့ မရတာနဲ့ 07 ထည့်ပေးလိုက်ရတာပါ။ အားပေးကြပါဦး .... 

http://navana07.blogspot.com

Monday, September 15, 2008

သားသားလေး လက်ကြိုက်

သားလေးက လက်ကြိုက်နေပြီ။ ထောင်ထောင်လေး ပွေ့ထားရင် သဘောကျတယ်။ အထူးသဖြင့် နို့သောက်ပြီး မအိပ်ခင်လေးမှာ လူကြီးတွေကိုယ်ပေါ်မှာ ဇိမ်ယူချင်သေးတာ။ နို့သောက်လို့ ဝသွားရင် သူ့ကို လေတက်အောင် ပုခုံးပေါ် အသာအယာ တင်ထားရင်း လမ်းလျှောက်ပေးတာကို သိပ်ကြိုက်တာ။ 
 
ခဏလောက်တော့ လူကြီးကသူ့ကို ပုခုံးလေးပေါ် တင်ပြီး လမ်းလျှောက် ပေးရင် ခေါင်းကလေး ထောင်လို့ မျက်လုံး ၀ိုင်းဝိုင်း ပြူးပြုးလေးနဲ့ ဟိုကြည့် ဒီကြည့်နဲ့ပေါ့။ အတော်လေး နေတော့မှ တဖြေးဖြေးခြင်း မျက်စိလေး မှှေးလာလို့ အိပ်ပျော် သွားတာ။ အိပ်ပျော်သွားမှ သူ့ရဲ့ ပုခက်ကုတင်လေးထဲ ထည့်ပြီး ဆက်သိပ်ရတာပေါ့။ 
 
သားလေးက မျက်စိရှေ့တင် တော်တော်လေးကို ထွားလာတယ်။ အရပ်ကလေးလဲ ရှည်လာတယ်။ အစားအသောက်ကတော့ အပီအပြင်ကို စားတယ်။ အချိန်ကိုမှန်နေတာပဲ။ တစ်နေ့ကို နို့ဗူး ၅ကြ်ိမ် ၆ကြိမ်လောက်တိုက်ရတယ်။ အစောပိုင်းက 60ml လောက်ပဲတိုက်ပေမဲ့ အခုဆို 90ml လောက်တိုက်မှ အာသာပြေပုံရတယ်။ ကြားထဲမှာ အမေနို့လဲ စို့နေသေးတာ။ ညရှစ်နာရီဆို သူ့ကို 90ml နို့ဗူးတစ်ဗူးတိုက်ရတယ်။ သူဆာနေတဲ့အချိန် နို့ဗူးက အချိန်မီ ဖျော်လို့မပြီးရင် အတင်းကို အော်ငိုတော့တာပဲ။ အဲဒီအချိန်မှာ အမေနို့တိုက်လဲမရဘူး။ 
 
ငိုနေတာကို ချော့မော့ပြီး နို့ဗူးလေး သူ့ပါးစပ်မှာ တပ်ပေးလိုက်တာနဲ့ တရှိန်ထိုးကို သောက်တော့တာပဲ။ ဂျပန်တခေတ်လုံး ငတ်နေတဲ့ အတိုင်းပဲ။ ဒါတောင် အိပ်ခါနီးဆိုရင် အမေနို့ကို ငုံပြီး ဇိမ်နဲ့အိပ်သေးတာ။ အဲဒီလို ဗိုက်ဝသွားဆိုရင် အိပ်ယာလေးနဲ့ အောက်ချထားပေးရင် ခြေတွေကန်ကျောက်လို့ လက်တွေလှုပ်ရှားလို့ ပါးစပ်ကလဲ အူးအူးအားအားနဲ့ အသံတွေထွက်လို့ ကစားလေ့ရှိပါတယ်။ လူကြီးတွေက သူ့ကို စကားပြောရင် ပြန်ပြောချင်သလို ပါးစပ်လေးလှုပ်လို့။ မကြာခဏ ပြုံးပြတတ်နေပြီ။

Saturday, September 13, 2008

ထိုင်ကြပါဦးဗျာ ... :P

ကျွန်တော့်ဘလော့ကလေးကို လာလည်ကြသူများ မင်္ဂလာပါခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ .... ကျွန်တော့် ဘလော့အိမ်လေးကို အလည်ရောက်မှတော့ အေးအေးဆေးဆေး ထိုင်ကြပါဦးဗျာ .... :P

Friday, September 12, 2008

မိန်းမ သွားတောင်းမယ်ဆိုရင်

သမီးသွားတောင်းတယ်၊ တောင်းရမ်းတယ်၊ မြန်းတယ် စသည်ဖြင့်အမျိုးမျိုးခေါ်ကြတာပေါ့။ ပြောချင်တာက သတို့သားလောင်းဖက်က မိဘစုံရာနဲ့ သတို့သမီးလောင်းရဲ့ အိမ်ကို သွားရောက်တောင်းရမ်းကြတာပေါ့။ သတို့သမီးဖက်နဲ့သိတဲ့ လူကြီးတစ်ဦးတော့ အနည်းဆုံး ခေါ်သွားရတာပေါ့။ သူကပဲ ဒိုင်ခံ မိတ်ဆက် စကားလမ်းကြောင်း ပြီး ဒိုင်ခံပြောလေ့ရှိတာပေါ့။ ဘာတွေဘယ်လိုပြောပေးရတယ်တော့မသိဘူး။ ကိုယ့်တုန်းကတော့ အဖေနဲ့အမေကိုခေါ်ပြီး သူတို့အိမ်ကို မုန့်ဟင်းခါးစား အလည်သွားတဲ့ ပုံစံမျိုးနဲ့ပဲပြီးသွားတာ။ စားကြသောက်ကြရင်း အလာဘ သလာဘပြောကြပေါ့။ 
.
နှစ်ဖက်မိဘတွေက အားလုံး အစိုးရဝန်ထမ်း လုပ်ခဲ့တာဆိုတာ့ ဘယ်တုန်းက ဘယ်ကဲသို့ဘာညာနဲ့ လေပေးတဲ့သွားကြလေရဲ့။ ကိုယ်တို့ကိစ္စအတွက်ကတော့ မင်းတို့ဘာသာ အဆင်ပြေသလိုလုပ်ကြပါတဲ့။ ဒါနဲ့ပဲ ပြီးသွားတယ်။ ကောင်းရော။ ဒါပေမဲ့ တစ်ချို့ ရပ်ရွာတွေမှာက မိန်းမတောင်းရမ်းတဲ့နေရာမှာ ထူးထူးဆန်းဆန်း ဓလေ့တွေ ရှိတယ်ဗျ။ တစ်ခါတုန်းက စစ်ကိုင်းတိုင်း မော်လိုက်ခရိုင် ဖောင်းပြင်ဒေသမှာ တာဝန်ကျတဲ့ ကျောင်းဆရာကြီးကို ရွာက လူငယ်တစ်ယောက်နဲ့ သူ့မိဘတွေက ဆရာကြီးခင်ဗျား ...တစ်ဖက်ရွာမှာ မိန်းမလိုက်တောင်းပေးပါတဲ့။ 
.
ဆရာကြီးကလည်း .. အေး လိုက်တောင်းပေးမယ်လို့ သဘောတူလိုက်တယ်။  နောက်နေ့ ဆရာကြီးက ဝတ်ကောင်းစားလှ ဝတ်လို့ပေါ့။ လူငယ်ရယ် သူ့မိဘတွေနဲ့ တစ်ဖက်ရွာကို ကုန်းကြောင်း ချီတက်သွားကြတာပေါ့။ သတို့သမီးလောင်း အိမ်နားရောက်တော့ လူငယ်က ဆရာကြီကို ကပ်ပြီးမှာသတဲ့။ ဆရာကြီးခင်ဗျား ကျွန်တော်က ပြေးလို့ပြောရင် ပြေးပါဆရာကြီး...တဲ့။ ဆရာကြီးက ဘာကိုပြေးရမှာတုန်းပေါ့ ဇဝေဇဝါနဲ့။ သူတို့သမီးအိမ်ရဲ့ ခြံရှေ့ရောက်တော့ ...လူငယ်ကအော်ပြောသတဲ့ .. ကျွန်တော်တစ်ဖက်ရွာက မောင်ဘယ်သူပါ.... ဦး.ဘယ်သူ ဒေါ်ဘယ်သူတို့ရဲ့ သမီး မအဲခွေးကို မိသားဖသားပီပီလာတောင်းပါတယ် ခင်ဗျားတဲ့..... အဲဒီလို အော်ပြောလိုက်တာနဲ့ သတို့သမီးအိ်မ်ပေါ်ကလူတွေက ဘယ်ကကောင်တုန်းကွ...ဆိုပြီး ဒေါသဖြစ်တဲ့ မျက်နှာထားတွေနဲ့ ပြေးဆင်းလာကြသတဲ့။ 
.
ရန်လိုပြီး ရိုက်မယ်နှက်မယ်ဆိုတဲ့တဲ့ပုံစံတွေနဲ့။ လူငယ်က ဆရာကြီးကို ပြေးတော့ဆရာကြီး ပြေးပါ ပြေးပါလို့ အော်သတဲ့။ ပြီးတော့ သူရယ် မိဘနှစ်ယောက်ရယ် သုတ်ခြေသင်ပြီး ပြေးပါလေရောတဲ့။ တစ်ဖက်က လူအုပ်ကြီးကလည်း ရိုက်မယ်နှက်မယ်ဆိုတဲ့ ပုံစံနဲ့ဆိုတော့ ဆရာကြီးလဲ တအားလန့်သွားပြီး လူငယ်နဲ့ သူ့မိဘတွေနောက်ကို နောက်ကျတဲ့ခြေတောက် သစ္စာဖောက်ဆိုပြီး အတင်းပြေးရတော့တာပေါ့။ ရွာအစွန်လောက်ရောက်တော့ လူတွေကဆက်မလိုက်တော့ဘူး။ ဒါနဲ့သူတို့လည်း ပြေးရာကရပ်လို့ အမောဖြေကြတာပေါ့။ ဆရာကြီးက ...မင်းကွာ... ရုပ်ပျက်ဆင်းပျက်နဲ့ ကြိုတင်ပြီး မပြောဆိုထားဘူးလား. .... ဆိုတော့ သည်းခံပေးပါဆရာကြီး.. အောင်မြင်တဲ့အထိလုပ်ပေးပါ.. ဒီဒေသရဲ့ထုံးစံပါတဲ့။ 
.
ဆရာကြီးလဲ အူကြောင်ကြောင်နဲ့ပေါ့။ ဒါနဲ့ သတို့သမီးလောင်းအိမ်ကို တစ်ခေါက်ထပ်သွားကြပြန်ရော။ ခုနကလိုပဲ လူတွေ ထွက်လိုက်ကြလို့ ပြေးရပြန်ရော။ ဆရာကြီးလဲ ဝတ်ကောင်းစားလှတွေဝတ်ပြီး ချွေးတလုံးလုံးနဲ့ပေါ့။ သုံးခေါက်ပြေးပြီးသွားလို့ လေးခေါက်မြောက်အခေါက်ကြမှမှ အိမ်ပေါ်ကလူကြီးတွေက ... အေး ... မင်းက ငါတို့သမီးကို ကျွဲလိုနွားလို လုပ်ကျွေးမှာလား..တဲ့မေးရော။ လူငယ်ကလည်း လုပ်ကျွေးပါမယ်ခင်ဗျာပေါ့ ... ဒီလို အနည်းငယ် ပြောဆိုပြီးမှ ခြံတံခါးဖွင့်ပေးပြီး အိမ်ပေါ်တက်ရသတဲ့။ .
 
သမီးရှင်ဖက်ကို ဘယ်လောက်လေးစားတယ် တန်ဖိုးထားတယ် အနွံအတာခံတယ်ဆိုတာ ပြတဲ့သဘောတဲ့။ ဖြစ်ရလေ။ (တော်သေးလို့ ကိုယ့်တုန်းကသာ အဲဒီလိုလုပ်ရမယ်ဆိုရင် ခုနစ်ထပ်တိုက်ပေါ် သုံးလေးခါ အတက်အဆင်းလုပ်ရရင် မိန်းမမရပဲနဲ့ အသက်ထွက်သွား နိုင်တယ် :D ) ပြောကြဆိုကြနဲ့ ကိစ္စတွေပြီးလို့ ကိုယ့်ရွာဖက်ပြန်ကြတော့ အတော့်ကို မောပန်းပြီး ချွေးတွေရွှဲနေတဲ့ ဆရာကြီးက စိတ်ဆိုးမာန်ဆိုးနဲ့ပြောလိုက်တာက ....မင်းကွာ ခွေးသွားတောင်းတာတောင် ဒီလောက်ပြေးနေရရင် လူသာတောင်းရင်တော့ ခက်ရချေရဲ့ ... (သတို့သမီးနံမည်က မအဲခွေးကိုး) :D .
 
မိန်းမလိုက်တောင်းပေးမယ်ဆိုရယ် ဘယ်ဒေသလဲဆိုတာအရင်မေးဦးနော် .... မဟုတ်ရင် ဆရာကြီးကို ဘုမသိဘမသိနဲ့ ပြေးနေရဦးမယ် ဟားဟား ... လက်ထပ်တော့မဲ့ ကောင်မလေးတွေ...ကိုယ့်ချစ်သူက တကယ်ချစ်လား တန်ဖိုးထားလား.. သိချင်ရင် အဲဒီလိုလေး တောင်းရမ်းခိုင်းလိုက်ပေါ့ ..... :P
 

Thursday, September 11, 2008

သားသား 10 Sep 08

ဒီတစ်ပတ်ထဲမှာ သားကို ခေါင်းရိတ်ပေးထားတယ်။ ရေချိုးရင် ခေါင်းလျှော်ပေးပေမဲ့ ဦးရေပြားပေါ်မှာ မွေးကတည်းက ပါလာတဲ့ အညစ်အကြေးလေးတွေ အဆီလိုဟာလေးတွေက ခေါင်းရိတ်လိုက်မှ ထွက်သွားတယ်။ အခုကတုံးလေးနဲ့ဆိုတော့ ထွန်းလင်းထွန်း ကနေ ထွန်းလင်းပြောင် ဖြစ်နေတာပေါ့ .... :D

Wednesday, September 10, 2008

Big Bang recreation with LHC

LHC ဆိုတာ Large Hadron Collider ဆိုတဲ့ မြေအောက်မှာတည်ဆောက်ထားတဲ့ particle accelerator ကြီးပေါ့။ မြေအောက်ပေ ၃ဝဝကျော် မှာတည်ဆောက်ထားတဲ့ 17 miles လောက်ရှည်တဲ့ tunnel ကြီးပေါ့။ လွန်ခဲ့တဲ့ ၁၄နှစ်က စတင် ဆောက်ခဲ့တာ ဖြစ်ပြီး အခုထိ $5billion လောက်ကုန်နေပြီလို့ ဆိုထားပါတယ်။ Switzerland နဲ့ France နှစ်နိုင်ငံကို ခွပြီး Geneva နားမှာ ဆောက်ထားတာပါ။ နိုင်ငံပေါင်း ၈၅နှိုင်ငံက ပညာရှင် ရှစ်ထောင်ကျော် ပူးပေါင်းဆောင်ရွက်ကြတာပါ။ 
 
University တွေ lab တွေ အများကြီး ပါဝင်ကြတာပေါ့။ ရည်ရွယ်ချက် က အလင်းအလျင်နီးပါး accelerated လုပ်ထားတဲ့ oppsite direction က proton beam နှစ်ခုကို တိုက်စေမှာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း 30 billion လောက်က Big Bang လို့ခေါ်တဲ့ ဧရာမပေါက်ကွဲမှုကြီး ဖြစ်ပြီး စကြာဝဠာကြီး ဘယ်လိုစဖြစ်လာတယ်ဆိုတာကို လေ့လာဖို့တဲ့။ ဒီစက်ကြီးနဲ့ စမ်းသပ်လိုက်ရင် time and space ကို အခြားရှုဒေါင့်အသစ်က တွေ့မြင်လေ့လာနိုင်မယ်လို့လဲ ပြောပါတယ်။ 
 
ဒါပေမဲ့ တစ်ချို့တွေ စိုးရိမ်နေကြတာက အဲဒီကနေ a trillion degrees centigrade လောက် အပူချိန်ကို ထုတ်လွတ်လိုက်လို့ black hole ဖြစ်ခုဖြစ်လာပြီး ကမ္ဘာကြီးကို စုပ်ယူသွားနိုင်ပါသတဲ့ ...... မကြာခင်အချိန်မှာပဲ အဲဒီ Large Hadron Collider ကြီးကို စတင်ခလုပ်ဖွင့်လို့ proton တွေ စတင်လည်ပတ် ပါပြီ်။ Collide မလုပ်ခင် Proton တွေ လည်ပတ်တာ အရှိန်ရဖို့တော့ အချိန်တစ်ခုစောင့်ရမယ်ထင်တယ်။ လနဲ့ချီပြီး ကြာမှာပါ။ ဘာတွေလည်းတော့ မသိဘူး .... ကိုယ်မသိတဲ့ field ကို သွားစပ်စုရင် နွားပလာတာစားသလိုပဲ ..... စိတ်ဝင်စားတာနဲ့ လျှောက်ဖတ်ကြည့်နေတာ .... Proton bean နှစ်ခုတိုက်ပြီး Black hole ကြီးပေါ်လာလို့ နေပြည်တော်ကြီးကို စုပ်ယူသွားရင်လဲကောင်းသား :D 
 
 

ကွန်ပျူတာစာရေးလေး ကျွန်တော်

၁၉၉ဝလောက်ကပါ။ MCC မှာ Basic Computerသုံးလ၊ ပြီးတော့ Advance သုံးလသင်တန်း တက်ပြီး ကာလပေါ့။ MCC မှာပဲ အခမဲ့ Job training အဖြစ် စက်ခန်းကို စောင့်ပေး၊ စက်ခန်းထဲမှာ သုံးတာ exercise လုပ်တာတွေ ကူညီပေးရင်း ညဖက်စက်တွေအားချိန်မှာ ကွန်ပျူတာလေးသုံးခွင့်ရနေတဲ့ ကာလပေါ့။ 

 တစ်ရက်မှာ ဆရာဦးဇော်ဇော်မျိုး (Programming နဲ့ပတ်သက်လာရင် ကျွန်တော့်ရဲ့ ပထမ အဓိကဆရာပေါ့) က သူ့အသိ ကုမ္ပဏီတစ်ခုမှာ ကွန်ပျူတာတစ်လုံးရှိပြီး စာရင်းတွေ ဘယ်လိုလုပ်လို့ရတယ်ဆိုတာ သွားပြပေးဖို့ ခိုင်းပါတယ်။ နေရာကလည်း နီးနီးလေး ဗိုလ်အောင်ကျော်လမ်းအပေါ် ဘလောက်မှာပေါ့။ MCCက ၄၂လမ်းထိပ် မဟာဗန္ဓုလ လမ်းပေါ်မှာလေ။


ဇီဇဝါဆိုတဲ့ ကုမ္ပဏီပါ။ အဲဒီအချိန်က သစ်လုံးတွေ သစ်ခွဲသားတွေ Export လုပ်ပါတယ်။ လူ၁ဝယောက် လောက်နဲ့ run လုပ်နေ။ အဲဒီကို ရောက်တော့ MD ဦးသန်းဌေးက XT Computerလေး တစ်လုံး ကိုကျွန်တော့်ကို ပြတယ်။ သူ့ရဲ့ သစ်စာရင်းတွေကို ကွန်ပျူတာနဲ့ သုံးချင်ကြောင်း ဘယ်လိုသုံးရမယ် မသိကြောင်း ပြောပါတယ်။ ဒါနဲ့ သူတို့စာရင်းတွေ ယူကြည့်ပြီး သစ်လုံးဆိုရင် ဘယ်လို ခွဲသားဆိုရင် ဘယ်လို လုပ်လို့ရကြောင်း Lotus 123 နဲ့ နမူနာလုပ်ပြလိုက်တယ်။ သစ်ခွဲသားအထုတ်လိုက်မှာ ဘယ် size ဘယ်နှစ်ချောင်း ပါတယ်ဆိုတဲ့ အသေးစိတ် စာရင်းကနေ summary ကို macro နဲ့ လုပ်ပေးလိုက်တယ်။ နေ့လည်ခင်းက သွားလိုက်တာ ညနေမိုးချုပ် သွားတယ်။ ဘာရယ်မဟုတ်ပါဘူး ကိုယ်ကလည်း စိတ်ဝင်စားတာရယ် ဆရာကခိုင်းလိုက်တာရယ်ကြောင့် သေသေချာချာလေး လုပ်ပေးလိုက်တယ်။ 

 

ဒါနဲ့ ညနေ ပြန်ခါနီးတော နောက်တစ်ရက်လောက် လာပေးပါဦးလို့ request လုပ်တယ် ဒါနဲ့ နောက်နေ့ တစ်ခေါက်ထပ်သွားပြီး ကျန်တာလေးတွေ ထပ်လုပ်ပေးလိုက်တယ်။
ညနေပြန်ခါနီးကျတော့ ဦးသန်းဌေးက အလုပ့်ခန့်ချင်ပါတယ်တဲ့ .. ဆရာ့ကိုလဲ ပြောထားပြီးပါပြီတဲ့ လုပ်နိုင်မလားတဲ့ ... အကြောင်းပြန်ပါ့မယ်ဆိုပြီး ပြန်လာခဲ့တယ်။ နောက်ရက် ဆရာနဲ့ တွေ့တော့ သူက လုပ်ငန်းအတွေ့အကြုံရအောင် လုပ်ဖို့ တိုက်တွန်းတာနဲ့ လုပ်ဖြစ်သွားတယ်။ စစချင်း လစာ ၁၅ဝဝကျပ် ပေးပါတယ်။ (နည်းတယ် မထင်ပါနဲ့ Van ကားတစ်စီး ခုနစ်သိန်း၊ ဂျင်းဘောင်းဘီတစ်ထည် ရဝဝကျပ်၊ ဘီယာတစ်ဗူး ၇၅ကျပ်၊ Lucky Strike ဆေးလိပ် ၄ဝကျပ်ပဲ ရှိသေးတယ်။) သိပ်မကြာဖူး ၂၅၀၀ တိုးပေးပါတယ်။ အဲဒီအချိန်က နေတာက လမ်း၄ဝအောက်ဘလောက်ဆိုတော့ အဆင်ပြေတာပေါ့။ 

 

ရုံးသွားရင် လမ်းလျှောက်သွားရုံပဲ။ နေ့လည်ဆိုလည်း ထမင်းကျွေးတယ်။ ဗိုလ်ချုပ်စျေးက ဖိနပ်ဆိုင်မှာ စျေးရောင်းပြီး နောက်ပိုင်း ပထမဆုံး လခစာအလုပ်ပါပဲ။ ရုံးချိန်ကတော့ ပုံမှန်အတိုင်း မနက် ၉နာရီကနေ ညနေ၅နာရီအထိပေါ့။ ကိုယ့်တာဝန်က ကွန်ပျူနဲ့ သစ်စာရင်းတွေလုပ်တာရယ် စာစီစာရိုက်ရယ်ပေါ့။ ဒါပေမဲ့ စာရေးလုပ်နေရင်းနဲ့ အဖွဲ့အစည်းတစ်ခုလုံးရဲ့ အလုပ်လုပ်ပုံတွေကို လေ့လာပါဆိုတဲ့ အဖေ့ရဲ့ လမ်းညွှန်မှုနဲ့ တစ်ခြားအလုပ်တော်တော်များများကိုလဲ လုပ်ခဲ့ဖူးတယ်။ 

 

နယ်ကရောက်လာတဲ့ သစ်လုံးတွေကို ဆင်မလိုက်ဝင်းထဲမှာ ထားတဲ့အချိန် နံပါတ်ခဲခြစ်တာ.. နိုင်ငံခြားပို့ဖို့ သဘောင်္ပေါ် သစ်တင်တဲ့နေ့တွေဆို ဆိပ်ကမ်း သဘောင်္ဘေးမှာ ညလုံးပေါက်စောင့်ရင်း ဝင်လာတဲ့ ကားတစ်စီက Covoy Note ကို သစ်လုံးနဲ့ တိုက်စစ် လက်မှတ်ထိုးပေးတာမျိုးတွေ၊ ဘဏ်သွားပြီး LC ယူတာ telex သွားပို့တာ စသည်ဖြင့် တော်တော် စုံစုံလုပ်ခဲ့ဖူးတယ်။ ကျွန်တော့်ကို အလုပ် ခန့်ပြီးတာနဲ့ dot matrix printer လေးဝယ်ပေးတယ်။ စာရင်းတွေ ထုတ်လို့ရအောင်ပေါ့။ သုံးလေးလလောက်ကြာတော့ ကျွန်တော့ကို 286လေးတစ်လုံး ထပ်ဝယ်ပေးတယ်။ မြန်မာစာနဲ့ ရိုက်လို့ရတဲ့ စာတွေကိုပါရိုက်ချင်လို့။ 

 

အလုပ်ဝင်ပြီး သိပ်မကြာဖူး ကွန်ပျူတာ တက္ကသိုလ်ဝင်ခွင့်ရတယ်။ ခဏနဲ့ ပြန်ပိတ်သွားတယ်။ တကယ် ကျောင်းပြန်ဖွင့်တော့ သူတို့ကလည်း part-time လုပ်စေချင်တာနဲ့ ဆက်လုပ်တယ်။ မနက်ပိုင်းကျောင်းတက်၊ ၁၂နာရီနောက်ပိုင်း အတန်းတွေ major subject မပါရင်ဖျက်ပေါ့။ တစ်ချို့ရက်တွေ ကျောင်းဖျက်ပေါ့။ အဆင်ပြေပါတယ်။ ကိုယ်ကလည်း အလုပ်လုပ်ရတာ စိတ်ဝင်စားနေပြီကိုး ... ပထမနှစ် နောက်ဆုံး စာမေးပွဲ chemistry ဖြေရမဲ့ရက်မှာ သဘောင်္တင်ရက်နဲ့ ကြုံလို့ ည ၁ဝနာရီလောက်အထိ လုပ်ပေးရသေးတယ်။ 

 

အရမ်းကို အကျိုးရှိခဲ့တာက ဆရာဦးသန်းဌေးဆီကနေ office management ပုံစံတွေ နည်းစနစ်တွေ ရလိုက်တာပဲ။ Fileတွဲပုံ ရုံးစာရေးပုံ စာရင်းအင်းထားပုံ စတာတွေ သင်ကြားခွင့်ရလိုက်တယ်။ နှစ်ပတ်လည်စာရင်းတွေလည်း ကိုယ်ပဲရိုက်ပေးတာဆိုတော့ investment ဆိုတာဘယ်လို ... share စာရင်းတွေ ဘယ်လိုထားရတယ် ... dividend ဘယ်လိုပေးရတယ်ဆိုတာတွေ လေ့လာခွင့်ရခဲ့တယ်။ အလုပ်ကို ဘယ်လို လုပ်ရတယ် ဘယ်လိုစီမံရတယ်ဆိုတာလေးတွေ သိလာတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အချိန်မှာ အရမ်းကို အသုံးဝင်အကျိုးရှိခဲ့တာပေါ့။ 

 အခုရေးရင်းတောင် ဆရာဦးသန်းဌေး ကို ကျေးဇူးထပ်တင်မိပါတယ်။ အဲဒီမှာ သုံးနှစ်လောက်လုပ်ဖြစ်ခဲ့တယ်။ 3rd year ရောက်တော့ စာကို ပိုလုပ်ချင်တာရယ် ကွန်ပျူတာ ဘာသာရပ်တွေကို ပိုပြီးလုပ်နို်င်ဖို့ အဲဒီကထွက်ခဲ့တယ်။ ကိုယ့်အလုပ်က ကွန်ပျူတာ စာရေးလေးဆိုပေမဲ့ Business Company တစ်ခုဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို ထဲထဲဝင်ဝင်လေ့လာခွင့်ရခဲ့တယ်။ ဝင်ငွေလည်းရတာပေါ့။ ကိုယ့်ကျောင်းစရိတ်ကိုယ်ပေးနိုင်တဲ့အပြင် အိမ်ကိုပါပေးနိုင်သေးတယ်။ အဲဒီတုန်းက အဆောင်နဲ့ ကျောင်းကင်တင်းတွေမှာ သူငယ်ချင်းတွေကို မကြာခဏမုန့်ကျွေးနိုင်တာပေါ့။ ဘာပဲပြောပြော ဇီဇဝါမှာ အလုပ်လုပ်ခဲ့တာ ကျွန်တော့်ဘဝရဲ့ အစိတ်ပိုင်းလေးတစ်ခုပါပဲ။

Tuesday, September 9, 2008

ငယ်ငယ်တုန်းက Weekend တွေ

ငယ်ငယ်တုန်းကဆိုတာ ကိုယ် တစ်တန်း နှစ်တန်း အရွယ်လောက်ကိုပြောတာ။ အဲဒီအချိန်တုန်းက လှည်းတန်း ကုန်းဆင်းနားက ကောင်စီရုံးဘေး ပန်းခြံလမ်းမှာနေကြတယ်။ အမေ လွိုင်ကော်ကို မပြောင်းရခင် လောက်ကပေါ့။ ကျောင်းပိတ်ရက် စနေ သို့မဟုတ် တနင်္ဂနွေ အဆင်ပြေတဲ့တစ်ရက်ရက်မှာ အဖေက မြို့ထဲမှာ ရုပ်ရှင်လိုက်ပြလေ့ရှိတယ်။ အိမ်ကနေ ငါးမိနစ်ကျော်ကျော်လောက် လမ်းလျှောက်လိုက်ရင် လှည်းတန်း ဘူတာကို ရောက်တယ်။ အဲဒီကနေ မြို့ပတ်ရထား စောင့်စီးကြတာပေါ့။ 

 

အဖေက အိမ်က နံရံတစ်ခုမှာ လှည်းတန်းဘူးတာက ရထားအချိန်တွေကို ရေးထားတယ်ဗျ။ မြို့ထဲဖက်ကို ဆိုဘယ်အချိန်တွေ အင်းစိန်ဖက်ကို ဆို ဘယ်အချိန်တွေ စသည်ဖြင့်ပေါ့ ... အိမ်ကထွက်တည်းက အချိန်ကိုက်ပြီး ထွက်လာတာပေါ့။ရထားတွေက တစ်ခါတစ်ရံ အနည်းငယ်နောက်ကျတာကလွဲလို့ မလာတာမရှိဘူးဗျ။ လှည်းတန်းဘူတာကနေ မြို့ထဲ ဘုရားလမ်းဘူတာအထိ စီးသွားရတယ်။ ရထားခက တစ်ယောက်ကို တစ်မတ်ပေါ့။ ဘုရားလမ်းဘူတာ ရောက်ရင်  စကော့စျေးကို ဖြတ်ထွက်ပြီး ဗိုလ်ချုပ်လမ်းအတိုင်း ရုပ်ရှင်ရုံတွေဖက် သားအဖနှစ်ယောက် လမ်းလျှောက်သွားကြတာပေါ့။ 

 

အဲဒီအချိန်က Traders Hotel ကြီးနေရာမှာ ပပဝင်းရယ် ဂုဏ်ရယ် နှစ်ရုံ ကပ်လျှက်ရှိတာလေ။ အခု Central Hotel နေရာက မီးလောင်သွားတဲ့တော်ဝင်ရုပ်ရှင်ရုံ အပျက်ကြီးရှိတယ်။ ရုပ်ရှင်ကြည့်ခက အပေါ်ထပ် ၅ကျပ်၊ အောက်ထပ်ကို ၄ကျပ်။ ကျွန်တော်က ငယ်သေးတော့ လက်မှတ်ဝယ်စရာ မလိုဘူး။ လက်မှတ် တစ်စောင်ပဲ ဝယ်ပြီး အဖေ့ပေါင်ပေါ် ထိုင်ကြည့်ရတာပေါ့။ ရုံထဲမဝင်ခင် အဖေက နို့အေးချောင်းဝယ်ကျွေးလေ့ရှိတယ်။ တစ်ကျပ်။ တစ်ခါတစ်လေ ရေငတ်ရင် ရေခဲရေသည်ဆီက တစ်ခွက် တစ်မတ်နဲ့ ရေခဲရေသောက်တာပေါ့။ 

 သံရေပုံးလေးပေါ်မှာ ရေစစ်လေးနှစ်ခုလောက်ကို သံဖရိမ်နဲ့တပ်ထားပြီး  ရေခဲတုံးလေး တင်ထားတာ။  သောက်မဲ့သူလာမှ လ ရေပုံးထဲကရေကို ရေခဲတုံးပေါ်လောင်းချပြီး အောက်ကခွက်လေးခံထား နောက်နှစ်ခါ သုံးခါလောက်လောင်း ပြီး ပေးတာပေါ့။ အဲဒီတုန်းက ရေသန့်ဗူး ဆိုတာလဲ  မရှိသေးပါဘူး။


တစ်ချို့ရက်တွေမှာ ရုပ်ရှင်ကြည့်ပြီးရင် လေဟာပြင်ဖက် လမ်းလျှောက်ပြီး ဆီချက်တို့ ကော်ရည်ခေါက်ဆွဲတို့၊ အခေါက်ကင် အသားကင်နဲ့ ထမင်းပေါင်းလဲ လိုက်ကျွေးလေ့ရှိတယ်။ နှစ်ယောက်စားတာ အလွန်ဆုံး တစ်တယ် ဆယ့်နှစ်ကျပ်ပေါ့။ ပြီးရင် မြို့ပတ်ရထား၊ သို့မဟုတ် နံပါတ် (၈) လိုင်းကားနဲ့ အိမ်ပြန်ကြတာပေါ့။
ကြာခဲ့ပြီပေါ့။ မနေ့ညက သားလေးကို ကြည့်နေရင်း အဲဒီအကြောင်းလေးတွေ ခေါင်းထဲပြန်ပေါ်လာလို့။ သားလေး နည်းနည်းကြီးလာရင် အဖေက ကျွန်တော့်ကို ရုပ်ရှင်လိုက်ပြခဲ့သလိုပဲ သားလေးကို လဲလိုက်ပြရမယ် လို့ တွေးနေမိတယ်။ ပျော်စရာကြီး .....
 

Saturday, September 6, 2008

မိုးနှင့်နေတို့၏ ပဋိပက္ခ

မိုးလည်း ဖြိုင်ဖြိုင်ရွာ၏။ နေလည်း ကျက်ကျက်ပူ၏။ မိုးသည်း၍ စဖိုသည် ဆင်းရဲခဲ့ရ၏။ ကျက်ကျက်ပူသောနေကြောင့် ပုဇွန်သေခဲ့၏။ ဆန့်ကျင်ဘက်နှစ်ခုသည် တစ်ပြိုင်နက် ဖြစ်၏။ အံဖွယ်ရာသီပေ။ ဆန့်ကျင်ဘက်တို့ကြောင့် လူ့ဘုံသည် လှုပ်ရှား၏။ 

 

ဆေးရောင်သည် တစ်ရောင်တည်း မရှိစကောင်း။ အပူချည်းသက်သက်၊ အအေးချည်းသက်သက် မရှိစကောင်း။ တစ်ဖက်သတ် တစ်ခုစွဲသာ ရှိအံ့။ လူ့ဘုံသည် တိတ်ဆိတ် အေးစက်သွားပေလိမ့်မည်။ အဘယ်မှာ တိတ်ဆိတ်သင့်အံ့နည်း။ လူသည်လည်း တိတ်ဆိတ်ခြင်းငှာ အဘယ်မှာ စွမ်းနိုင်ပါအံ့နည်း။ အမြဲလှုပ်ရှားမည်သာ။ လှုပ်ရှားလျှင် ဆန့်ကျင်ဘက်တို့၏ တိုက်ပွဲကြောင့် ဖြစ်ရပေမည်။ 

 

အမှောင်ကို ဆန့်ကျင်လိုက်၍သာ အလင်းပေါ်ခဲ့သည်။ ညကို ဆန့်ကျင်လိုက်၍သာ ရောင်နီပေါ်ခဲ့သည်။ လူဗီဇသည် ဆုတ်နစ်မှုကို ဆန့်ကျင်၏။ အမှောင်ကို ဆန့်ကျင်၏။ မညီမျှမှုကို ဆန့်ကျင်၏။ ဓမ္မတာပင်။ သစ်ပင်ငယ်သည် စိမ်းလန်းခဲ့ပြီ။ မှိုင်းညို.ခဲ့ပြီ။ ဖွံ့ထွားစည်ပင်ခဲ့ပြီ။ မိုးရေကို အဝသောက်ရသောကြောင့်ဟု မိုးက ဂုဏ်ဖော်၏။ နေခြည်ကို အဝသောက်ရသောကြောင့်ဟု နေက ဟိတ်ထုတ်၏။ သစ်ပင်ငယ်သည် မိုးနှင့်နေတို့၏ ပဋိပက္ခကြားတွင် ကြီးမားထွားကျိုင်းခဲ့လေသည်။


ပိတောက်မှသရဖီသို့ (တင်မိုး)

ယင်းမာပန်းကလေး၏အချစ်

လမ်းကလေးပေါ်၌ ယင်းမာပွင့်ကလေးများ ကြွေလျက်ရှိ၏။ မိုးစဲလျှင် ယင်းမာနံ့ တပျံံ.ပျံ. သင်းကြလိမ့်မည်။ ပန်လိုသူ ရှိသည်ဖြစ်စေ၊ ပန်လိုသူ မရှိသည်ဖြစ်စေ၊ ယင်းမာပန်းကလေးတို့သည် သူတို့၏ ရနံ့ကို စွန့်ကြမည် မဟုတ်။ ပန်းကလေးတို့သည် ရာသီအလှည့်ကျ ပွင့်ကြရန် မိမိတို့ တာဝန် မလစ်ဟင်း၊ ကိုယ်၏ အစွမ်းအစ မှန်သမျှတို့ကို ထုတ်၍ အလှည့်ကို စောင့်မျှော်ကြရှာသည်။ 
 
မိမိတို့ အခါတွင် မြိုင်မြိုင် ပွင့်လိုက်ကြ၏။ နောက်ရာသီတွင် ပွင့်ကြမည့် ပန်းအတွက် ကြွေပေးလိုက်ကြ၏။ ငါသာလျှင် မင်းမူမည်ဟု စိုးစဉ်းမျှ မတွေး။ စိုးစဉ်းမျှမတွက်။ သူတစ်ပါး၏ အစွမ်းဂုဏ်ကို ပြန်ရန် နေရာပေးကြလေ၏။ မိုးစဲချိန်တွင် လူတို့သည် ပန်းများကို ကောက်၍ နမ်းသူလည်း နမ်းကြ၏။ အမှတ်တမဲ့ နင်းချေသွားကြသူတို့လည်း အပုံပင်။ 
 
သို့ရာတွင် သူတို့၌ နာကြည်းစိတ်၊ လောကကို မလိုစိတ်၊ နှာခေါင်းရှုံ.လိုစိတ် မရှိ။ အေးဆေးစွာပင် ခွင့်လွှတ် ကြည်ဖြူ နိုင်ကြ၏။ ယင်းမာပန်းကလေးတို့သည် ဤလောကထံမှ တစ်စုံတစ်ခု ရယူလိုခြင်း မရှိ။ သူတို့သည် သူတို့ပိုင် ရနံ့များကို ပေးကမ်းရန် အလို့ငှာသာလျှင် ရောက်လာကြ၏။ အဘယ်ကြောင့်ဆိုသော် မိခင် သစ်ပင်ကြီးသည် သားသမီးငယ်များကို မည်သည့်အရာကိုမျှ မတောင့်တရန် သွန်သင်လိုက်ပြီး ဖြစ်သောကြောင့်ပေတည်း။ 
 
ပိတောက်မှ သရဖီသို့ (တင်မိုး)

တော်တလင်းလ

တောင်မြစ်ကမ်းယံ ကန္တာရုမှာ 

ကန်ရာသီပြု ခေတ်သဘင်။ 

ဖန်လာပြီခု အသစ်လွင်အောင် 

သရစ်ပြင် ဆင် ပြန်သမို့။ 

ငှက်ပြိုင်းညင်းနှင့် ကြိုင်သင်းထွေတယ် 

ခိုင်ယင်းမာရွှေ ဂုဏ်ကြီးကျယ်ရော့လို့။ 

 

ဦးမောင်ကလေး 

Friday, September 5, 2008

Yangon Earthquake

05 Sep 2008  3:18PM @ Yangon


အခုလေးတင် ငလျင်လှုပ်သွားပါတယ်။ ကုက္ကိုင်းက ကျွန်တော့်ရုံးမှာ အလုပ်ထိုင်လုပ်နေတုန်း ခပ်ပြင်းပြင်းလေး ငြိမ့်ကနဲ တစ်ချက်ဖြစ်သွားပြီး ဆက်တိုက် ၁၅စက္ကန့်လောက် လှုပ်သွားပါတယ်။ သိပ်အားအပြင်းကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အထပ်မြင့်ပေါ်ကလူတွေကတော့ တော်တော်လေး သိသိသာသာ ခံစားလိုက်ရပါတယ်။ 

အနီးအနားပတ်ဝန်းကျင်မှာတော့ အပျက်အစီးမတွေ့ရပါဘူး။ ကြောက်ပြီး တိုက်ပေါ်ကဆင်းလာတဲ့ သူအချိုု့တော့ရှိတာပေါ့။ GTalk ကနေ ရန်ကုန်တွင်းက တစ်ခြားသူတွေကို မေးကြည့်တာ တစ်ချို့ဆို လှုပ်သွားတာတောင် မသိလိုက်ဘူး။ ဆူနာမီမတိုက်ခင်က လှုပ်သွားသလောက်တော့ မပြင်းဘူးဗျ။
နာဂစ်ဆိုတာကြီး ပြီးသွားလို့ ကယ်ဆယ်ရေးတွေ လုပ်လို့မဆုံးသေးခင်မှာ  နောက်ထပ် ဘေးဆိုးကြီး တစ်မျိုး တော့  ရောက်မလာပါစေနဲ့ ....

EMBA Myanmar (7th Batch), Welcome

EMBA ညနေပိုင်းသင်တန်း အမှတ်စဉ်(ရ)ကို မနေ့က စတင်ဖွင့်လှစ်ပါပြီ။ မနေ့က သူတို့ရဲ့ Fresher Welcome ပေါ့။ EMBA ရဲ့ ထုံးစံအတိုင်း 7th batch ကို ကြိုဆိုဖို့ 6th Batch ကဆောင်ရွက်ရပါတယ်။ ဘာလိုလိုနဲ့ 7th batch တောင် ရောက်သွားပါရော့လား။ ကျွန်တော်တက်ခဲ့တာက 4th batchပါ။ သင်တန်းကာလ ၂နှစ်ပြီးဆုံးလို့ စာတန်းတင်တဲ့ ကိစ္စလဲ ပြီးပြီ။ နောက်လဆို ဘွဲ့တောင်ယူရတော့မယ်။ 


ကျွန်တော့်အနေနဲ့ ပထမဆုံး 1st Batch ကတည်းက တက်ချင်လွန်းလို့ ဝင်ခွင့်စာမေးပွဲဝင်ဖြေခဲ့တာပါ။ စဖွင့်တဲ့ အပတ်စဉ်ဆိုတော့ တက်ချင်တဲ့သူတွေအများကြီး ၀ိုင်းလျှောက်ကြတယ်။ရေးဖြေအောင်ပြီး interview မှာ ပြုတ်ကျန်ခဲ့ပါတယ်။ အဲဒီတုန်းက အသက် ၃၀ ပြည့်တယ်ဆိုရုံလေးရှိသေးတာကိုး။ မေးတာတွေ ကောင်းမွန် စွာ ဖြေနိုင်ခဲ့သော်လည်း အဆုံးသတ်မှာ ဒေါက်တာ ဒေါ်ခင်စန်းရီက you are quite young.... ဆိုပြီး interview မှာပြောပါတယ်။ အောင်စာရင်းကပ်တော့ ပြုတ်ကျန်ခဲ့ပါလေရော။ ဒါနဲ့ 2nd Batch မှာ မဖြေသေးပဲ စောင့်နေပါတယ်။ နောက်နှစ်ကျတော့လည်း မန္တလေးရုံးခွဲကိစ္စနဲ့ သင်တန်းခေါ်ချိန်မှာ မန္တလေး ရောက်နေတာနဲ့ 4th Batch ကြမှပဲ လျှောက်ဖြစ်တော့တယ်။


ကျွန်တော့်ကို EMBA တက်ချင်သူများ မကြာခဏ လာလာမေးလေ့ရှိကြတယ်။ ဘာတွေလိုသလဲ ကျောင်းတက်ရတာ ဘယ်လိုလဲ စသည် စသည်ဖြင့်ပေါ့ ... သူတို့ကို ပြောပြခဲ့တာတွေ တစ်ခြားသူများလဲ သိရှိနိုင်အောင် ဘလော့မှာပဲ ရေးထားလိုက်ပါမယ်။
 

ပထမအဆင့် လျှောက်လွှာတင်ခြင်း
ဒီသင်တန်းကို တက်ဖို့ လျှောက်လွှာတင်ချိန်မှာ အသက် ၃ဝပြည့်ပြီးဖြစ်ရပါမယ်။ မန်နေဂျာအဆင့် လုပ်သက် ၈နှစ် ရှိရပါမယ်။ နှစ်စဉ် ဇွန် ဇူလိုင်လောက်ဆို သတင်းစာက ကြော်ငြာနဲ့ သင်တန်းအတွက် လျှောက်ဖို့ ခေါ်ပါတယ်။ RC2 ပတ္တမြားဆောင် (ယခင်ကွန်ပျူတာတက္ကသိုလ် နဲ့ကပ်လျှက်) မှာ လျှောက်လွှာဝယ်ရမယ် ဖြည့်ပြီး တင်ရပါမယ်။ မြို့နယ် မရက ရုံးက ထောက်ခံစာကိုလဲ တင်ပေးရပါတယ်။ အဲဒီလိုယူဖို့ ရပ်ကွက်မှာ ပထမအဆင့် နေထိုင်ကြောင်းလျှောက်လွှာယူပြီး နောက်တစ်ဆင့် ရဲစခန်းမှာ ထောက်ခံစာယူရမယ် အဲဒီနှစ်ခုပြပြီး မရကမှာ ထောက်ခံစာယူရမှာပါ။
--------------------------------------------------------------------------------------------------------


ရေးဖြေစာမေးပွဲ
သတ်မှတ်ရက်မှာ ရေးဖြေစာမေးပွဲကို ဖြေရပါမယ်။ ရန်ကုန်တက္ကသိုလ်ပင်မဝင်းအတွင်းက စီးပွားရေးတက္ကသိုလ် main မှာ ဖြေရပါတယ်။ နံနက် ၉နာရီကနေ ၁၂နာရီအထိ ဆက်တိုက် English, Maths, Logic တို့ဖြစ်ပါတယ်။ တစ်နာရီဆီ ဖြေရတာပါ။ GMAT စာမေးပွဲမေးခွန်းတွေပါပဲ။ GMAT စာအုပ်တွေ ကိုကြိုတင် လေ့လာထားရင် ဖြေနိုင်ပါတယ်။
---------------------------------------------------------------------------------------------------------------


Interview


ရေးဖြေအောင်တဲ့သူတွေက Referee 2ယောက်ဆီက ထောက်ခံစာနှစ်စောင် တင်ပေးရပါတယ်။ တစ်ဦးက ကိုယ့်ရဲ့ Academic ဖက်ကပါ။ ပါမောက္ခ ဌာနမှူးလောက် ဖြစ်ဖို့လိုပါတယ်။ နောက်တစ်ဦးက အလုပ်နဲ့ ပတ်သက်တဲ့ ဖက်ကပါ။ ကိုယ့်အလုပ်ရှင် MD, Director စသည်ဖြင့် တစ်ဦးဦးကို ရေးထိုးစေရမှာ ဖြစ်ပါတယ်။ (လျှောက်လွှာဝယ်ကတည်းက ပေးထာတယ်။ ဖြည့်ပြီး လက်မှတ်ထိုး တံဆိပ်တုံးထုပြီး ပြန်တင်ရုံပဲ) ပြီးတော့ နောက်တစ်ခုက ကိုယ့်ရဲ့ Bachelor Degree ရခဲ့တဲ့ ကျောင်းက နောက်ဆုံးနှစ်ရဲ့ အမှတ်စာရင်း (သို့) Grading ကို တင်ပြရပါတယ်။
Interview ကို မနက်ပိုင်းနဲ့ ညနေပိုင်း နှစ်သုတ်ခွဲပြီးလုပ်ပါတယ်။ တစ်ချိန်ထဲမှာ ဆရာကြီး ဆရာမကြီးတွေက အဖွဲ၂ခုခွဲပြီး တစ်ပြိုင်နက်ထဲ စစ်ဆေးပါတယ်။ ကိုယ်ကျတဲ့အချိန်မှာ ကျတဲ့ အဖွဲ့နဲ့ ဝင်တွေ့ပြီး ဖြေရုံပါပဲ။

Interview မှာ အောက်ပါအချက်တွေကို ကြည့်ပါတယ်


Personality and Appearance - ပျံလန်နေအောင် ဝတ်စားသွားစရာမလိုပါဘူး။ သပ်သပ်ရပ်ရပ်နဲ့ ကိုယ် နေနေကြပုံစံလေးပဲကောင်းပါတယ်။

Achievement - Academic record ကိုကြည့်ပါတယ်။ Bachelor တုန်းက grading ကောင်းခဲ့ရင် ပိုအဆင်ပြေပါတယ်။ ပြီးတော့ လုပ်ခဲ့တဲ့အလုပ်တွေနဲ့ လက်ရှိရာထူး အဖွဲ့အစည်းကို ကြည့်ပါတယ်။

Response and communication သွက်လက်ချက်ချာမှု English speaking အထိုက်အလျောက် ကောင်းမွန်မှု pro-active ဖြစ်ခြင်း positive-minded ဖြစ်ခြင်း တို့ကို ကြည့်ပါတယ်။

Commitment  ဒီသင်တန်းကို အလေးထားပြီး ပြီးဆုံးသည်အထိ မှန်မှန်တက်နိုင်မဲ့အကြောင်း တက်ချင်တဲ့အကြောင်းတွေ ပြောဖို့လိုပါတယ်။ ဝင်ခွင့်ရသွားပြီး အရမ်းကျောင်းပျက်သူများကို ဆရာမကြီးများ မနှစ်မြို့ပါ။ ပထမနှစ်က interviewမှာ ပြုတ်ခဲ့ပြီး ယခုနှစ်ပြန်လျှောက်တာဆိုရင် အဲဒီအကြောင်းကို ထည့်ပြောပါ။ အဲဒီလို ဇွဲမလျှော့ပဲ ထပ်ကြိုးစားတဲ့သူတွေကို chance ပေးလေ့ရှိပါတယ်။
Expectation သင်တန်းက ဘာတွေရမယ်ထင်လဲ ဘာကြောင့်လာတက်ချင်ရတာလဲ စသည်ဖြင့်ပေါ့။
-----------------------------------------------------------------------------------------------------------------

သင်တန်းတက်ရောက်ခြင်း
သင်တန်းကာလက ၂နှစ်ဖြစ်ပါတယ်။ Quarter တစ်ခု (သုံးလ) မှာ 3 subjects သင်ကြားရပါမယ်။ သင်တန်းချိန်က ညနေ (၅)နာရီခွဲက နေ (၇)နာရီခွဲအထိပါ။ တနင်္လာ ကနေစနေအထိပါ။ စနေနေ့က နေ့လည် ၂နာရီကနေ၄နာရီ တက်ရပါတယ်။ တစ်လခွဲကြာတဲ့အချိန်မှာ Mid-Term စာမေးပွဲ စစ်ပါတယ်။ သုံးလပြည့်ရင် Final Exam ပါ။ ပြီးတာနဲ့ နောက် Quarter မှာ subject အသစ် ၃ခု ထပ်သင်ကြားပါမယ်။ ပထမနှစ်ရဲ့ တဝက်လောက်မှာ ရန်ကုန်အနီးတဝိုက် Plant Trip လေ့လာရေးခရီးစဉ်ရှိပါမယ်။ Group အလိုက် report ပြန်တင်ရပါမယ်။ တစ်ဦးချင်းအလိုက်ရော Group အနေနဲ့ပါ Assignment, Presentation, Book Review စတာတွေ လုပ်ရပါမယ်။

သင်တန်း ဒုတိယနှစ်မှာ ပြည်တွင်း (သို့) ပြည်ပ လေ့လာရေးခရီးစဉ်ရှိပါတယ်။ 1st batch က Hongkong, China သွားခဲ့ပါတယ်။ 2nd batch က ပုပ္ပါး မိထ္ထီလာ မုံရွာ စသည်ဖြင့် အထက်မြန်မာပြည်ဖက်ထွက်ပါတယ်။ 3rd batch က ဧရာဝတီတိုင်းဖက်နဲ့ ကျွန်တော်တို့ 4th batch က Hongkong, China ကိုသွားပါတယ်။ အခု 5th batch ကတော့ ဘယ်သွားဖြစ်မယ် မသိသေးဘူး။

စာသင်နှစ် ၂နှစ်ပြီးရင် Term Paper တစ်ခုတင်ရပါတယ်။ (1) Industrial - လုပ်ငန်းတစ်ခု အသစ် ဆောင်ရွက်ဖို့  အသေးစိတ် လေ့လာပြီး ရေးရတဲ့ Term paper ပါ။ တီချယ်ကြီး ဒေါ်နုနုယဉ်နဲ့ ရေးရပါမယ်။ (2) Marketing, Consumer Behavior စတဲ့ subject area အောက်မှာလည်း ရေးနိုင်ပါတယ်။ တီချယ် ဒေါ်ခင်စန်းရီနဲ့ပါ။ ဒီနှစ်ခုအပြင် Business Ethics, HR, Organizational Design and Development, Captial market စသည်ဖြင့် တစ်ဦးစ နှစ်ဦးစ ရေးကြတာတွေလည်း ရှိပါတယ်။ စာအုပ်တင်ပြီးရင် နှုတ်ဖြေ ဖြေရပါမယ်။ ကိုယ်ရေးထားတာနဲ့ ပတ်သက်လို့ မေးမြန်းကြမှာပါ။

ဒီသင်တန်းရဲ့ အနှစ်သာရက စာသင်ကြားရတာအပြင် ကိုယ့်ရဲ့ social network ကို ချဲ့ထွင်နိုင်ခြင်းပါ။ လုပ်ငန်းအသီးသီးက အသက်၃ဝအထက် မန်နေဂျာနှင့်အထက်အဆင့်လူများနဲ့ သိကျွမ်းရ အတွေ့အကြုံနဲ့ အတွေးအမြင်တွေ ဖလှယ်ရတာကိုက အရမ်းကို တန်ဖိုးရှိပါတယ်။ ဒီသင်တန်းကို တက်ခွင့်ရခဲ့တယ် ဆိုကတည်းက သူတို့မှာလည်း ထူးချွန်တဲ့ အရည်အချင်းတွေရှိလို့ပေါ့။

ဆရာမကြီးတို့အနေနဲ့ ၂နှစ်တာကာလမှာ အများကြီးမသင်ပေးနိုင်တော့ အဓိကအနေနဲ့ mindset ကို change လုပ်ပေးဖို့ ကြိုးစားပါတယ်။ Positive Thinking ဖြစ်လာအောင် Pro-Active ဖြစ်လာအောင် ... management ရဲ့ အနှစ်သာရဖြစ်တဲ့ Getting things done through the people by the people ဆိုတာလေးကို မြင်အောင် တော့ အသေအချာ သင်ကြား လိုက်ပါတယ်။ ကျန်တဲ့ ဘာသာရပ်အလိုက် အသေးစိတ်ကတော့ ကိုယ်လိုက်လုပ်မှ ကိုယ်ရမှာပါ။ 

 ၃လအတွင်းမှာ ၃ဘာသာ သင်ရတာဆိုတော့ overview နဲ့ အရေးကြီးတာလောက်ပဲ point out လုပ်ပေးမှာပါ။ ကျန်တာက ကိုယ့်ဖာသာ ဆက်ပြီး လေ့လာရမှာပါ။ သင်တန်းကာလ ၂နှစ်ပြီးရင် Term paper တစ်စောင် ရေးရပါမယ်။ တီချယ်ကြီး ဒေါ်နုနုယဉ်နဲ့ Industrial ပိုင်း ရေးလို့ရပါတယ်။ လုပ်ငန်းအသစ်တစ်ခု တည်ထောင်မည်ဆိုတဲ့ပုံစုံနဲ့ ဘက်စုံ ဒေါင့်စုံက လေ့လာပြီး report ရေးတဲ့ပုံစံပါ။ Financial အတွက် Confer ဆိုတဲ့ programလေး runပြီးdata တွေ ထည့်သွင်းပေးရပါမယ်။ Investment ကဘယ်လောက် ဝင်ငွေ အသုံစရိတ်စသည်ဖြင့် ထည့်သွင်းပြီး သုံးလေးနှစ်စာလောက် runကြည့်လို့ရပါတယ်။ နောက်တစ်ခု အနေနဲ့ Marketing subject area အောက်မှာလည်း တီချယ် ဒေါ်ခင်စန်းရီနဲ့ ရေးလို့ရပါတယ်။ အခြား Organizational Design and Development, HR, Captial market  Business Ethic စသည်ဖြင့် တစ်ဦးစ နှစ်ဦးစ ရေးကြတာတွေလည်း ရှိပါတယ်။


ကုန်ကျစရိတ်အနေနဲ့ one quarter အတွက် ကျောင်းလခ 15000 နဲ့ အခြား အထွေထွေစရိတ် 5000 ပေါင်းရင် 20000 သွင်းရပါမယ်။ စာအုပ်ဖိုးအနေနဲ့ တစ်အုပ်ကို တစ်သောင်းခွဲလောက်နဲ့ 45000၊ Group fund, class fund 30000 လောက် ပေါင်းရင် သုံးလကို တစ်သိန်းလောက်ကုန်ပါမယ်။ အဲဒီမှာ ကျောင်းသွားကျောင်းပြန် ကားခ လမ်းစရိတ်မပါသေးဘူး။ ပြည်တွင်းခရီးစဉ်ရှိရင် နှစ်သိန်းလောက်နဲ့ နိုင်ငံခြားခရီးစဉ်ဆိုရင်တော့ ခုနစ်သိန်းလောက် ရှိဖို့လိုပါမယ်။

အတန်းအနေနဲ့ ရံပုံငွေရအောင် activity များပြုလုပ်နိုင်ရင် (ဥပမာ သင်္ကြန် မဏ္ဍတ်ဆောက်ခြင်း) long trip ထွက်တဲ့အခါ တစ်ဦးစီ စိုက်ရတဲ့ငွေ အထိုက်အလျောက် သက်သာနိုင်ပါမယ်။
ကျောင်းသွားကျောင်းပြန်ကတော့ တစ်လလောက်ကြရင် သင်တန်းသားခြင်း ရင်းနီးသွားကြတဲ့အခါ ကားရှိသူများက အခြားကျောင်းသားများကို နီးစပ်ရာ လာခေါ်ပေးခြင်း အပြန်မှာ အနီးဆုံးနေရာများ သို့ ခေါ်သွားပေးခြင်း ဆိုတာမျိုးတွေရှိပါတယ်။ ကျွန်တော်တက်ခဲ့တဲ့ ၂နှစ်တာမှာလည်း အချို့ရက်များမှာ ကိုယ့်ဖာသာ Taxi စီးရတာမှအပ အများအားဖြင့် သူငယ်ချင်းများက လာခေါ်ပေး အပြန် မြိုထဲဆူးလေနား အထိပို့ပေး တာမျိုးနဲ့ အဆင်ပြေခဲ့တာပါ။

EMBA ဆိုတာ ကလေးတန်းလို ကိုယ့်ပုံထဲ ဆရာ ဆရာမတွေက ရေခပ်ထဲ့ပေးမဲ့ သင်တန်း မဟုတ်ပါဘူး။ ရေရှိမဲ့နေရာတွေကို ညွှန်ပြပေးပြီး ကိုယ်တိုင် ကိုယ့်ပုံးထဲ ကြိုးစားပြီး ရေခပ်ထည့်ရမှာပါ။ တစ်ချို့တွေဆို ကလေးတန်းလိုပဲထင်ပြီး စာမေးပွဲအောင်ဖို့ စာသားတွေအလွတ်ကျက်တဲ့အဆင့်နဲ့ပဲ ပြီးဆုံးသွားခဲ့တာပေါ့။ ကိုယ့်ပုံးထဲသူများရေခပ်ပေးမယ်အထင်နဲ့ ... ၂နှစ်ကြာပြီးတော့လည်း ပုံးအလွတ်ကလေးနဲ့ ..... ဘွဲ့ဆိုတဲ့ လက်မှတ်လေးတစ်ခုတော့ ရလိုက်မှာပေါ့။

 

EMBA 4th batch, Group-5 Hongkong, China long trip 

Thursday, September 4, 2008

My recent view point

မောင်ဇူလိုင်က စီပုံးမှာလာအော်သွားတယ်။ တက်ထားပါတယ်တဲ့။ ကိုယ်ကလည်း ဇဝေဇဝါနဲ့ ဘယ်လို တက်တာပါလိမ့်ပေါ့ ... တက်တယ်ဆိုတော့ ဆင်းတာတော့ မဟုတ်ဘူးပေါ့။ ဘယ်ကို မဆင်းပဲ ဘယ်ကို တက်ရမှာတုန်း .....ကိုယ်ငယ်ငယ်က အပြင်းဖျားပြီး တက်ဖူးတယ်။ ကံကောင်းလို့မသေခဲ့တာပေါ့။ အဲဒီလိုတက်တာကြီးတော့ မကြိုက်ပါဘူး။ ဒါနဲ့ ဇူလိုင်ရဲ့ဘလော့ကို သွားပြီး အခြေအနေကိုသုံးသပ်ရတယ်။ My view point တဲ့ ... ကိုယ်သိတဲ့ View Point က ရှုခင်းလှလှလေးတွေ ကြည့်ပြီး ဘီယာသောက်တဲ့ဆိုင် ...မဟုတ်သေးပါဘူး .... ခဏလောက် အသာ အကဲခပ်လိုက်တော့မှသဘောပေါက်သွားတာက သူရေးထားတဲ့ ပုံစံမျိုး ကိုယ့်ဘလော့မှာ လိုက်ရေးရမှာကို .... အဲဒါကို တက်တယ်လို့ ခေါ်သကိုး .... ဖြစ်ရလေ ... ရေးဆိုတော့လည်း ရေးကြတာပေါ့။
------------------------------------------------------------------------------------------------------

ကိုယ့်ရဲ့နာမည် - TK @ ကိုကြီးထွန်း

ကိုယ်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - ကြီးသူများက ဘဲလေး၊ ကောင်လေး ... ရွယ်တူများက နံမည်ခေါ်တယ် ... online မိတ်ဆွေများက ကိုလစ်တဲမွန်း၊  ငယ်သူများက ကိုကြီးထွန်းတဲ့ ...

ကိုယ်ဒီမှာနေတယ် - ရွှေတိဂုံဘုရားနားက ခပ်ကျဉ်းကျဉ်း အပေါ်ဆုံးထပ် တိုက်ခန်းလေးမှာ ....

ကိုယ့်ဆီဖုန်းဆက်ချင်ရင် - လူကြီးမင်းခေါ်ဆိုလိုသော ကိုကြီးထွန်းသည် ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့် ခေါ်ဆိုမရနိုင်ပါရှင် ....
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက - 

အရောင်ဆိုရင် - အပြာရောင်အနု variation တွေကို ကြိုက်တယ်
အဝတ်အစားဆိုရင် - စပို့ရှပ်နဲ့ ဂျင်းဘောင်းဘီ၊ ကွာတား ဘောင်းဘီတိုတွေလည်း ကြိုက်တယ် အစားအစာဆိုရင် - အဆိပ်မဖြစ်တဲ့ စားကောင်းတာမှန်သမျှ ... လူမျိုးမရွေး ဘာသာမရွေးပဲ
အသောက်ဆိုရင် - ခွေးမသောက်တဲ့အရည်တွေ အရမ်းကြိုက်တယ်  (ဘီယာ၊ ဝီစကီ၊ ဂျင်၊ ဗော်လ်ကာ...)
အားကစား - ကိုယ်တိုင်ကစားတာဆိုရင် ဘောလုံး၊ ရေကူး၊ ခြင်းလုံး၊ ကြည့်တာ ဘောလုံး တင်းနစ်
ပစ္စည်းဆိုရင် - Handset, Camera, Computer... Electronic ပစ္စည်းလေးတွေကို ရူးသွပ်တယ်
သီချင်းဆိုရင် - Sweet Sweet Smile Everyday ... အဲဒီလို ခပ်အေးအေးလေးတွေကြိုက်တယ်၊ Classical piano symphony တွေလည်းကြိုက်တယ်

စာရေးစာဆရာ - မြန်မာလိုရော ဘိုလိုရော များစွာများစွာပဲ စာအုပ် - အခုနောက်ဆုံးကြိုက်နေတာက Jim Colllins ရဲ့ Good to Great

Life style – ပျော်သလိုပဲ 

ကိုယ့်ရဲ့ဝါသနာ - အပျင်းထူရတာ 
အလိုချင်ဆုံးလက်ဆောင် - Europe ကို စိတ်ကြိုက်လည်ဖို့ sponsor ပေးမဲ့လူ
ကိုယ့်ရဲ့ အချစ်ဆုံးသူက - မိန်းမနဲ့ သားလေးပေါ့
ကိုယ့်ရဲ့ အလေးစားဆုံးသူက - ကိုယ့် MD ကိုနေ
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက - များစွာ များစွာ
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - Jack Deniel
ကိုယ့်ရဲ့ အမုန်းဆုံးသူက - အာဏာ၊ လက်နက်တို့နဲ့ နိုင့်ထက်စီးနင်းလုပ်တတ်သူများ
ရင်အခုန်ဆုံးအချိန် - ဟိုတစ်ရက်က Absolute Vodka ပုလင်းကြီးကို လက်နဲ့တိုက်မိပြီးစားပွဲပေါ်က ပြုတ်ကျမလိုဖြစ်လို့ ဒိုင်ဗင်ထိုး ဖမ်းလိုက်ရတဲ့အချိန်
အကြောက်ဆုံးအချိန် - ဆိုင်မှာနင်းကန်စားသောက်ပြီး စာပွဲထိုးက bill လာပေးတဲ့အချိန်
အပျော်ဆုံးအချိန် - အချိန်တိုင်းနီးပါး ပျော်နေတာပဲ ကလေးဘဝ လွိုင်ကော်မြို့နဲ့ မိထ္ထီလာ ရှမ်းတဲ လေတပ်စခန်းမှာ နေခဲ့ရတဲ့နေရက်တွေက အတော်ပျော်စရာကောင်းခဲ့တယ်
အမှတ်တရနေ့ - အမှတ်တရတွေများလွန်းလို့ တစ်ရက်ကြရင် စာအုပ်ထုတ်မလားလို့
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်တောင်းမဲ့ဆု -
သောက်ချင်တာတွေသောက်လို့ရတဲ့ မကုန်နိုင်မခမ်းနိုင် Mini Bar လေးတစ်ခုပါတဲ့ စာအုပ်တွေအများကြီးရှိတဲ့၊ TV, DVD Player နဲ့ အခွေတွေအများကြီးလဲရှိတဲ့ ဘောလုံးပွဲတွေ တင်းနစ်ပွဲတွေ အကုန်ကြည့်လို့ရတဲ့ ကိုယ်ပိုင်အခန်းလေးတစ်ခု
အချစ်ဆိုတာ - ချစ်တယ်ပေါ့
အမုန်းဆိုတာ - ပူလောင်ခြင်း ခါးသီးခြင်းပေါ့
အလွမ်းဆိုတာ - မရနိုင်တာကို တမ်းတနေခြင်းပါ
သံယောဇဉ်ဆိုတာ - နှောင်ဖွဲ့ခြင်းပေါ့
ဘဝဆိုတာ -လမ်းကြောင်းတစ်ခုပေါ်မှာ ယုံယုံကြည်ကြည်နဲ့ မှန်မှန်လေးလျှောက်လှမ်းနေခြင်းပေါ့ သူငယ်ချင်းဆိုတာ - ဘဝရဲ့ မရှိမဖြစ် အစိတ်အပိုင်းလေးတစ်ခုပေါ့
ချစ်သူဆိုတာ - အိမ်ကမိန်းမကြီလေ ....
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် - စည်းမဲ့ကမ်းမဲ့ ဂျစ်ပစီတစ်ယောက်
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က - "Nothing lasts forever..."

အပြောချင်ဆုံးစကားတစ်ခွန်း - ကိုယ်ကြိုက်တာကိုယ်လုပ် ကိုယ်လုပ်တာကိုယ်တာဝန်ယူ ကိုယ့်တန်ဖိုးကိုယ်သတ်မှတ် ကိုယ်ဖြစ်ကိုယ်ခံ

Wednesday, September 3, 2008

Network is the Computer

Network is the Computer..... 
ဒီစကားလေးကို Sun Micro system က လွန်ခဲ့တဲ့ အနှစ် ၂ဝလောက် ကတည်းက ပြောခဲ့တာပါ။ Sun ဆိုတာ အများသိကြတဲ့ Sun Workstation တွေ၊ နံမည်ကြီး Java Language၊ Solaris Unix Operating System တို့ထုတ်လုပ်တဲ့ company ပေါ့။ User တွေသုံးတဲ့ computer တွေကို terminal တစ်ခုအနေနဲ့ ပဲထားပြီးသုံးမယ့် အစီအစဉ်ပေါ့။ Computer ထဲမှာ minimum level ပဲ software application တွေကိုထားမယ်။ User သုံးချင်သမျှ Application တွေကို Network ပေါ်ကနေ အသုံးပြုလို့ရအောင် ဖန်တီးထားမယ်။

ဒီပုံစံက ဟိုးအရင်က Mainframe ကြီးတွေကို terminal တွေနဲ့ သုံးတဲ့ ပုံစံမျိုး၊ NIC Card ပေါ်က BootROM ကနေ PC ကို boot လုပ် ပြီးရင် Novell Server ကို login လုပ်ပြီး သုံးတာမျိုး၊ Windows NT မှာ Citrix Winframe နဲ့သုံးတာမျိုး စတာတွေနဲ့ idea ခြင်း ဆင်တူတယ်ဗျ။ Computer ကို TV တစ်လုံးလောက်အဆင့်ဖြစ်သွားအောင်၊ TV ဖွင့်ပြီး Cable ကတဆင့် အစီအစဉ်တွေကြည့်တာမျိုး.... အသုံးတွင်ကျယ်လာအောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ့။

PC ကို Switch on လုပ်လိုက်ရင် Console တစ်ခုတက်လာမယ်။ အဲဒီကနေ ကြိုက်တာဆက်လုပ်ပေါ့။ Office application တွေသုံးချင်တာလား... Game ဆော့ချင်တာလား .. Email ပို့မလား ..... Chat လုပ်မလား ... စျေးဝယ်မလား .... ကိုယ့် Corporate ရဲ့ Application ကို သုံးမလား .. အားလုံးကို internet ပေါ်ကတဆင့် သုံးလို့ရအောင် စီစဉ်မှာ။ Sun ရဲ့ idea က လွန်ခဲ့တဲ့ အနှစ် ၂ဝက အရမ်းကို ခေတ်ရှေ့ပြေး သလိုဖြစ်နေပြီး လက်တွေ့အကောင်အထည် ပေါ်မလာခဲ့ဘူး။

ဒါပေမဲ့ အခုအချိန်မှာ ဒီအိပ်မက်က တကယ်ဖြစ်လာဖို့ လမ်းစတွေ တွေ့နေရပါပြီ။ ကျွန်တော့်အမြင်မှာ Google အနေနဲ့ Microsoft နဲ့ Mozilla တို့ကို ပြိုင်ဆိုင်ပြီး browser market share ကို ကြီးစိုးချင်လို့ဆိုတဲ့ ရည်ရွယ်ချက်လေး တစ်ခုလောက်ကြောင့် ဒီ Chrome Browser ကိုထုတ်တာမဟုတ်ပါဘူး။ Sun ရဲ့ မလုပ်ဖြစ်ခဲ့တဲ့ Network is the Computer ဆိုတဲ့ လမ်းကြောင်းကို လျှောက်မဲ့ ပထမခြေလှမ်းလို့ မြင်ပါတယ်။ ဒီ Browser လေးဟာ OS ပေါ်က OSလို့အမည်မတတ်တဲ့ OS တစ်မျိုးပါပဲ။ Process Isolation ပါတယ် VM ပါတယ်။ Web application တွေကို run လုပ်ပေးမဲ့ Framework တစ်ခု OS တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီ။  ဒီ Chrome Browser ရဲ့ ဒုတိယ တတိယ မျိုးဆက်လောက်ကြရင် Windows လို Linux တို့လို OS တွေကို မှီခိုပြီး runတာမဟုတ်တော့ပဲ သူကိုယ်တိုင်က OS တစ်ခု ဖြစ်လာမယ်လို့ ယူဆရတယ်။

မြင်ယောင်ကြည့်လိုက်ပါ။ PC ကို switch on လုပ်လိုက်ရင် BIOS ကနေ  Google Browser တက်လာမယ်။ အဲဒီကနေ office application တွေသုံးမယ် (Word processing, Spreadsheet, Planner, Calander) ရုပ်ရှင် ဗွီဒီတွေကြည့်မယ် Email ပို့မယ်... စသည် စသည်ဖြင့်ပေါ့ .... သာမန် User သုံးတဲ့ PC မှာ ဘာ program မှ မရှိတော့ဘူး။ လုပ်ချင်တာအားလုံးကို Browser ထဲကပဲလုပ်မယ်။ File သိမ်းတာတောင် internet ပေါ်က ကိုယ်ပိုင် disk space မှာသိမ်းမယ်။ အဲဒီလိုဖြစ်လာရင် End User သုံးတဲ့ PC တွေမှာ OS ဆိုတာမလိုတော့ဘူး။ Server ကြီးတွေအတွက်ပဲ OS ဆိုတာကို သုံးတော့မယ်။ PCကလည်း very thin client ဖြစ်သွား မယ်။ Desktop ကို Microsof ကြီးစိုးတဲ့ ခေတ်ကုန်လွန်လို့ တန်ဖိုးနည်း dump terminal ဆန်ဆန် Set top Box Computer အမျိုးအစားတစ်ခု ပေါ်လာမလားလို့ တွေးနေမိတယ်။

Tuesday, September 2, 2008

Technical concepts behind Google Chrome

1) Process management 
ပုံမှန် Browser တွေက single threaded ပုံစံနဲ့သာအလုပ်လုပ်ပါတယ်။ ဥပမာ java script တစ်ခုကို run လိုက်ရင် အဲဒါမပြီးမခြင်း browser ကစောင့်ရမှာဖြစ်ပါတယ်။
Chorme browser ကတော့ multi-treaded နဲ့ multiple process တွေကို parallel run လုပ်နိုင်အောင် design လုပ်ထားပါတယ်။ Modern OS တွေမှာပါတဲ့ process isolation ဆိုတဲ့ idea ကို သုံးထားပါတယ်။

So separate process will render separate tabs. Separate java script thread တွေရှိလာပြီမို့ Tab တစ်ခု busy ဖြစ်နေပေမဲ့ အခြား Tab များက ဆက်လက် အလုပ်လုပ်နေမှာဖြစ်ပါတယ်။ Tab တစ်ခု crash ဖြစ်သွားခြင်း ကြောင့် browser တစ်ခုလုံး ရပ်သွားတာမျိုး မဖြစ်တော့ပါဘူး။

2) Memory Management
ပုံမှန် browser တွေမှာ web page တွေကို load လုပ်ဖို့ single address space ပဲရှိပါတယ်။ ဖွင့်ထားတဲ့ Tab အများကြီးထဲက တစ်ချို့ကို ပိတ်လိုက်ရင် free memory ရရှိမှာဖြစ်ပါတယ်။ ဒါပေမဲ့ page တွေကို load လုပ်လိုက် ပြန်ပိတ်လိုက် လုပ်တာများရင် ကျွန်တော်တို့ physical media တွေပေါ်မှာလိုပဲ fragmentation တွေဖြစ်လာပါမယ်။ 
memory နေရာတွေက ဟိုတစ်စ ဒီတစ်စ လွတ်နေသော်လည်း load လုပ်လိုက်တဲ့ page က အဲဒီ space တွေမှာ မဝင်နိုင်ရင် OSက browser ရဲ့ address space ကို ချဲ့ပေးရပါမယ်။ ဒါကြောင့် တစ်ခါ တစ်လေ ကျွန်တော်တို့ page တွေအများကြီး ဖွင့်လိုက် ပိတ်လိုက်ကြည့်ပြီးရင် တစ်ချိုု့ကို ပြန်ပိတ် လိုက်သော်လည်း browser ကြီးက နှေးမြဲနှေးနေတာမျိုးကို ကြုံရတာပါ။
Chrome မှာ Tab တစ်ခုဆီအတွက် separate address space ကို သုံးထားပါတယ်။ ဒါကြောင့် Tab တစ်ခုကို ပိတ်လိုက်ချိန်မှာ process နဲ့ သက်ဆိုင်ရာ address space ကို end လုပ်လိုက်မှာဖြစ်ပါတယ်။ Multi-process ဖြစ်တဲ့အတွက် process တစ်ခုဆီက fix memory amount တစ်ခုယူမှာမို့ ပုံမှန်ထက် memory ကိုယူပေမဲ့ သုံးနေတဲ့ကာလမှာ memory fragmentation ဖြစ်ခြင်းမှကာကွယ်ထားတဲ့အတွက် memory bloat ဖြစ်တာ နည်းသွားပါမယ်။
OS မှာလိုပဲ Task manager ပါရှိမယ်လို့ဆိုထားပါတယ်။ ဒါကြောင့် ဘယ် Tab တွေက resource (CPU, memory) တွေ ဘယ်လောက်သုံးထားတယ်၊ ဘာplug-in တွေသုံးထားတယ်ကအစ သိနိုင်ပြီး hang ဖြစ်နေတဲ့ Tab တစ်ခုကို task manager ကနေ eliminate လုပ်နိုင်မှာဖြစ်ပါတယ်။

(3) Testing
Google ဖြစ်နေတဲ့အတွက် browser အတွက် စမ်းသပ်စရာ web page မရှားပါဘူး။ Craw လုပ်ထားတဲ့ page တွေ သိန်းနဲ့ သန်းနဲ့ကို Chrome browser မှာ စမ်းသပ်ပြီးသားလို့ ဆိုထားပါတယ်။ Develop လုပ်နေစဉ်ကာလမှာတင် build တစ်ခုတက်တိုင်း web page တစ်သန်းနဲ့ စမ်းသပ် ပါတယ်။
UI Testing အတွက် User action တစ်ချို့ကို script လုပ်ပြီး စမ်းသပ်ပါတယ်။ Fuzz testing အနေနဲ application ကို random input တွေထည့်တဲ့နည်းနဲ့လည်း စမ်းသပ်ပါတယ်။

(4) Rending and V8

Web kit ဆိုတဲ့ Open Source Rendering Engine နဲ့ မြန်တယ်လို့လည်း ဆိုထားပါတယ်။ Java script တွေအတွက် V8 Virtual Machine ကို အသုံးပြုပါတယ်။ V8က ပုံမှန် java script engine တွေထက် memory garbage collection ပိုကောင်းပါတယ်တဲ့။ V8 ကို API အနေနဲ့ ယူသုံးထားတာဖြစ်ပြီး V8 core engine ကတော့ independent အနေနဲ့ တည်ရှိမှာဖြစ်ပါတယ်။

(5) Search and User Experience

Chrome မှာ ပုံမှန် Browser တွေလိုမဟုတ်ပဲ Tab တွေက အပေါ်ဆုံး layer အနေနဲ့ ရှိပါမယ်။ Tab တစ်ခုစီထဲမှာမှ URL box စသည်ဖြင့် control တွေ ရှိပါမယ်။ URL box မှာ address တွေအပြင် ကိုယ ်သိချင်တာ ရှာချင်တာတွေ (ဥပမာ car, digital camera စသည်ဖြင့်) ကို ရိုက်ထည့်ရင် အရင်ကြည့်ဖူးတဲ့ history တွေကရယ်၊ search engine ကရယ် suggestion ပေးမှာဖြစ်ပါတယ်။ Default page အနေနဲ့ most visited page ကိုးခုကို thumbnail နဲ့ တင်ထားပေးပြီး side bar နေရာမှာ အများဆုံးသွားရောက် ရှာဖွေလေ့ရှိတဲ့ site များကို တင်ထားပေးပါတယ်။

6) Security

Security အတွက် malwareတွေကို ကာကွယ်ဖို့ Sandbox လို့အမည်ပေးထားတဲ့ technique ကိုသုံးပါတယ်။ Process တစ်ခုဆီရဲ့ rightတွေကို ကန့်သတ်တဲ့နည်းနဲ့ပါ။ Process တွေကို Hard disk ထဲ file ရိုက်ခွင့် မပြုတာ တို့ sensitive area က document တွေကို ဖတ်ခွင့်မပြုတာတို့ Plug in ပါခဲ့ရင် Rendering process မှာ မထည့်ပဲ သူ့ကို သီးသန့် process တစ်ခုအဖြစ် run တာတို့ စသည်ဖြင့် ဆောင်ရွက်ပါတယ်။

Phishing ကို ကာကွယ်ဖို့အတွက် Google အနေနဲ့ အန္တရယ်ရှိတဲ့ siteတွေ စာရင်းကို အမြဲ ပြုစုနေပြီး user က အဲဒီ list ထဲက site တစ်ခုကို သွားရင် warning ပေးမှာ ဖြစ်ပါတယ်။ 6) Gear Chrome Browser ထဲကို Gear များထည့်သွင်းထားပါတယ်။ Gear ဆိုတာက စွမ်းရည်ပိုကောင်းလာဖို့ Browser ထဲကို APIထည့်တာမျိုးပါ။ Browser ရဲ့ base functionality ကို လက်ရှိအခြေအနေထက် တက်လာစေဖို့ ရည်ရွယ်တာပါ။ Gear က developer တွေအတွက်ပါ။ လက်ရှိ plug-in ထည့်သလိုပုံစံနဲ့ ဆင်ပါလိမ့်မယ်။ နောက်ပိုင်း Chrome Browser မှာ add-in လုပ်ဖို့တွေ enhancement တွေက gear အနေနဲ့ ရေးရမှာပေါ့။
-----------------------------------------------------------------------------------------------

ခြုံပြီးပြောရရင် ကျွန်တော့်အမြင်ကတော့ Microsoft ရဲ့ .Net Framework လိုသဘောတရားအတိုင်းပဲ Google အနေနဲ့ နောက်ပိုင်းမှာ web-based, browser-based application တွေ ဆက်လက်ထုတ်လုပ်ရာမှာ (သို့) လက်ရှိ application တွေကို စွမ်းဆောင်ရည်တက်ဖို့ enhance လုပ်ရာမှာ သူ့စိတ်ကြိုက် Web-based Framework တစ်ခုအနေနဲ့ ဒီ Chrome browser ကို ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ မိမိ application တွေကို မိမိစိတ်ကြိုက် ပုံစံနဲ့ frame အောက်မှာ run ပြီး အကောင်းဆုံး performance ရရှိစေမှာဖြစ်ပါတယ်။ G Talk, G mail တို့ လူသုံးများသလိုပဲ ဒီ Chrome browser လဲ လူသုံးများလာမှာ အသေအချာပါပဲ။

Google Chrome browser


ကျွန်တော်တို့ နေ့စဉ် web ကို အသုံးပြုနေကြရာမှာ အရင်ကလို web page လေးတွေကို ခေါ်ယူနေတဲ့အဆင့် မဟုတ်တော့ပါဘူး browser ကို အသုံးပြုပြီး Application များကို run နေတဲ့အဆင့် ဖြစ်လာပါပြီ။ Mail ပို့မယ်၊ online ပေါ်မှာ video ကြည့်မယ်၊ Chatting လုပ်မယ်၊ web-based gameတွေ ကစားကြမယ်၊ bank ကို ငွေသွင်းငွေထုတ်လုပ်မယ်၊ shopping လုပ်မယ် ... စသည်ဖြင့်ပေါ့။

အဲဒီတော့ ဒီကနေ့ အဲဒီလို အဲဒီလို web application တွေနဲ့ user တွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမဲ့ browser တစ်ခုကို ထုတ်လုပ်ဖို့ နဲ့ develop လုပ်ရာမှာလည်း totally new idea နဲ့ start from the scratch ရေးသားဖို့ Google က ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီရည်ရွယ်ချက်နဲ့ Chrome browser ကိုထုတ်လုပ်ပြီး Browser line ကို ၀င်ရောက်လို့လာပါပြီ။ Open source project တစ်ခုအနေနဲ့ပါ။


Google အနေနဲ့ gmail, photo, calender, documet, google reader စသည် စသည်ဖြင့် rich web application တော်တော်များများ ထုတ်လုပ်ပြီးဖြစ်ပါတယ်။ အခုအချိန်မှာတော့ သူထုတ်လုပ်ခဲ့တဲ့ application တွေအပါအ၀င် အခြား web application တွေ ပိုမိုကောင်းမွန်အောင် run လုပ်နိုင်ဖို့ (faster, stable and secure) ကိုယ်ပိုင် browser ဆိုတဲ့ idea ကို စဉ်းစားခဲ့ပုံရပါတယ်။

"On the surface, we designed a browser window that is streamlined and simple... Under the hood, we were able to build the foundation of a browser that runs today's complex web applications much better," ဆိုပြီး Google's official blog ထဲမှာ ပြောထားပါတယ်။



ဒီ Browser အသစ်ကို မိတ်ဆက်ပုံလေးကလည်း သဘောကျစရာပါ။ ၃၈မျက်နှာပါတဲ့ ရုပ်ပြကာတွန်း စာအုပ်ကလေးနဲ့ သူတို့ရဲ့ chrome browser ရဲ့ ရည်ရွယ်ချက်၊ ပါဝင်မဲ့ features တွေ၊ browser ရဲ့ နောက်ကွယ် က technical concepts တွေကို သာမန်လူနားလည်အောင် layman language နဲ့ ရှင်းပြထားပါတယ်။ ( Google chrome comic book)