Thursday, May 29, 2008

Secret Weapon of Les Bleus


Euro 2008 ပြိုင်ပွဲဝင်မဲ့ ပြင်သစ် လက်ရွေးစင် အသင်းရဲ့ တိုက်စစ်မှူး အသစ်လေးပါ။ နံမည်က Bafétimbi Gomis တဲ့။ နည်းပြကြီး ဒိုမီနက်ချ် ရဲ့ နောက်ဆုံး ဇကာတင် ၂၃ယောက် စာရင်းမှာ ပါဝင်လာသူပေါ့။ အခုမှ လက်ရွေးစင် အသင်းကြီးမှာ အရွေးအချယ် ခံရတာပါ။ Saint-Etienne ကလပ်ရဲ့ လူငယ် တိုက်စစ်မှူလေးဖြစ်ပါတယ်။ အသက် ၂၂နှစ် ပဲရှိသေးတယ်။ နည်းပြကြီးက ဂျူဗင်တပ်စ်မှာ ခြေစွမ်းပြနေတဲ့ ထရေဇီဂေးကို ချန်ထားပြီး ပဏာမ စာရင်းမှာ သူ့ကို ရွေးချယ်ခဲ့လို့ ပူညံပူညံဖြစ်ကြသေးတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၂ရက်က အီကွေဒေါနဲ့ ခြေစမ်းပွဲကစားရာမှာ ဒုတိယပိုင်း လူစားဝင်ကစားပြီး ၂ဂိုးသွင်းပြီး ခြေစွမ်းပြသွားခဲ့တယ်။

လက်ရွေးစင်အသင်းကြီးမှာ ပထမဆုံးဝင်ကစားပြီး ၂ဂိုးသွင်းခဲ့တာ ကမ္ဘာကျော် ဘော်လုံးသမား ဇီဒန်းပြီး ရင် အခု ဂိုမစ်က စံချိန်ထပ်တင်တာပေါ့။ နောက်ဆုံးဇကာတင် စာရင်းမှာ တိုက်စစ်မှူး ဆစ်စီ ချန်လပ်ခံခဲရပြီး နည်းပြကြီးက ဂိုမစ်ကို ရွေးချယ်လိုက်တယ်။

အခုလာမဲ့ ဘောလုံးရာသီမှာ သူ့ကို နယူးကတ်ဆယ်အသင်းက ခေါ်ဖို့ ပစ်မှတ်ထားနေတာ။ အခုလို ခြေစွမ်းပြပြီး လက်ရွေးစဉ်အသင်းမှာ အရွေးခံရပြီဆိုတော့ ပြောင်းရွှေးကြေးတွေမြင့်သွားပြီး အခြားအသင်းကြီးတွေကလည်း စိတ်ဝင်စားလာကြမှာ သေချာနေပြီ။


ဦးစားပေး အဆင့်အတန်းအရ အွန်နရီ၊ ဘန်ဇီမာ၊ အနက်ကာတို့ရဲ့နောက်မှာ ရှိပေမဲ့ ယူရိုပြိုင်ပွဲဝင် ပြင်သစ်အသင်းရဲ့ သွေးသစ် လူငယ်တိုက်စစ်မှူးလေးတစ်ယောက်ပေါ့။ ဒီပြိုင်ပွဲကြီးမှာ သူဘယ်လို ခြေစွမ်းပြခွင့် ရမယ်ဆိုတာ ဆက်ပြီး စောင့်ကြည့်ကြတောပေါ့။ လက်ရွေးစင်အသင်းတွေမှာတော့ ကျွန်တော်အကြိုက်ဆုံးက ပြင်သစ်ပါပဲ။

1 comment:

  1. very good blog, congratulations
    regard from Reus Catalonia Spain
    thank you

    ReplyDelete