Thursday, July 31, 2008

Amaury Bischoff set for Gunners


Arsenal အသင်းက ၂၁နှစ်အရွယ် ပေါ်တူဂီ လူငယ်ကစားသမာလေးကို ခေါ်ယူလိုက်ပါပြီ။ ဂျာမန် Werder Bremen club ကနေ ခေါ်ယူခဲ့တာပါ။ သူဟာ ဗဟိုကွင်းလယ် ကစားသမား အဖြစ် ကစားနိုင်သလို ညာတောင်ပံကနေလည်း ကစားနိုင်ပါတယ်။

ပြင်သစ်နိုင်ငံမှာ မွေးဖွား ခဲ့ပြီး Werder Bremen ကို မရောက်ခင် ပြင်သစ် ကလပ်နှစ်ခုမှာ ကစား ခဲ့ဖူးပါတယ်။ Bremem မှာ ၂၃နှစ်အောက် လူငယ်အသင်းမှာ ကစား ရပါတယ်။


ပွဲကြီးအဖြစ် UEFA Cup Celta Vego နဲ့ ပြိုင်ပွဲမှာ လူစား ဝင်ကစားခဲ့ရပါတယ်။ ပြင်သစ် ၁၈နှစ်အောက် လက်ရွေးစင် အသင်းမှာ လည်း ကစားပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့နောက်ပိုင်းမှာ မိခင်ဖက်က ပေါ်တူဂီ နိုင်ငံသား အဖြစ်ခံယူပြီး ပေါ်တူဂီ ၂၁နှစ်အောက် အသင်းမှာ အရွေးခံရပြီး ကစားပေးခဲ့ပါတယ်။ ဒါပေမဲ့ ပေါင်က ဒဏ်ရာကြောင့် ခွဲစိပ်ကုသခဲ့ရပြီး နားနေရတာကြာပါပြီ။

Arsenal manager Winger က သူ့ကို ခေါ်ယူရတာ အလောင်းအစားလုပ်သလို စွန့်စားရတာပါလို့ ဆိုထား ပါတယ်။ အာဆင်နယ်မှာ ကျောနံပါတ် ၂၈ နဲ့ ကစားရမှာပါ။ ဒါပေမဲ့ ပုံမှန် ကြံ့ခိုင်မှု့ အနေအထားကို ရောက်ဖို့ နှစ်လလောက် စောင့်ရဦးပါမယ်။ Arsenal အသင်းကို မနှစ်က အသင်းရဲ့ ဗဟိုချက် အဓိက ကစားသမားတွေ ထွက်ခွာသွားလို့ အောင်မြင်ဖို့ မလွယ်တော့ဘူးလို့ မြင်ကြပေမဲ့ လတ်တလော ခြေစမ်းပွဲလေးတွေကို ကြည့်ရင် အသစ်ခေါ်ထားတဲ့ Nasri, Aron Ramsay နဲ့ အငှားချရာက ပြန်ရောက်လာတဲ့ Calos Vela တို့ လျှင်လျှင် မြန်မြန်ကို အတွဲမိပြီး ခြေစွမ်းတွေ ပြနေကြတယ်။

လာမဲ့ စနေနဲ့ တနင်္ဂနွေမှာ ကျင်းပမဲ့ Emirate Cup မှာ သူတို့ ခြေစွမ်းကို ဆက်လက် စောင့်ကြည့်ရပါမယ်။ Arsen Wenger ကြီးကတော့ ဘယ်သူတွေ ဘာပြောပြော သူ့လမ်းစဉ် အတိုင်း လုပ်ခနည်း ပြောင်းရွှေ့ခပေါတဲ့ ရွက်ပုန်းသီး လူငယ်ခြေထက် လေးတွေကို ဆက်လက ်ရှာဖွေဆဲ လေ့ကျင့်ပေးဆဲပါ။ သမင်မွေးရင်း ကျားစားရင်း ဆိုသလို သူကပြုစု ပျိုးထောင်ပေးလိုက် သူများက ခေါ်သွားလိုက်ဆိုသလိုဖြစ်နေပါတယ်။

Barcelona ကိုဆိုရင် တောက်လျောက် ခေါ်ယူခဲ့တဲ့ Arsenal အသင်းသားတွေ များလွန်းလို့ Ar-celona လို့ခေါ်ရမလိုတောင် ဖြစ်နေပြီ။ ဘာပဲဖြစ်ဖြစ် ကျားစားလို့မကုန်အောင် သမင်တွေကို တောက်လျောက်မွေးရင်း ၃နှစ်တာ ပျောက်ဆုံးနေခဲ့တဲ့ ဆုဖလားတွေရအောင် ဘယ်လို ကြိုးစားမယ်ဆိုတာ ယုံယုံကြည်ကြည်နဲ့ ဆက်လက်စောင့်ကြည့်ရင်း အားပေးကြပါစို့လား ...

3 comments:

  1. Arsenal ကို ၁၉၉၄ ခုနှစ်မှစတင်အားပေးခဲ့သည် စိတ်ပျက်ခြင်း အားငယ်ခြင်းမရှိခဲ့ပေ ဖလားများရရှိသည့်အခါ ပျော်ရွင်ခဲ့သလို မရတဲ့နှစ်မှာများမှာလည်း နောက်နှစ်အတွက် မျော်လင့်ကာ အားပေးပါသည်။ အာစင်ဝင်းဂါးကို ယုံကြည်သလို ပြိုင်ဘက်အသင်း နည်းပြများဖြစ်တဲ့ ဖာဂူဆန် (အစဉ်အလာပြိုင်ဘက်ကြီး) ဘနီတက်စ် နောက် ယခု စကိုလာရီမှ အစ လေးစားပါသည်။ ပြင်ဆင်မှုပိုင်းအားမရသော်လည်း လူငယ်များ၏ ခြေစွမ်းကို စောင့်ကြည့်ရမည် cheer Arsenal

    ReplyDelete
  2. After getting more than 10000 visitors/day to my website I thought your narkhoyar.blogspot.com website also need unstoppable flow of traffic...

    Use this BRAND NEW software and get all the traffic for your website you will ever need ...

    = = > > http://get-massive-autopilot-traffic.com

    In testing phase it generated 867,981 visitors and $540,340.

    Then another $86,299.13 in 90 days to be exact. That's $958.88 a
    day!!

    And all it took was 10 minutes to set up and run.

    But how does it work??

    You just configure the system, click the mouse button a few
    times, activate the software, copy and paste a few links and
    you're done!!

    Click the link BELOW as you're about to witness a software that
    could be a MAJOR turning point to your success.

    = = > > http://get-massive-autopilot-traffic.com

    ReplyDelete
  3. I all the time used to read post in news papers but now as I am
    a user of internet thus from now I am using net for
    articles or reviews, thanks to web.

    Have a look at my website - appliance repair Valrico

    ReplyDelete