Wednesday, July 30, 2008

ရောက်လာတော့မယ့် သားသားလေး

မကြာခင်မှာ ကလေးလေး ရတော့မယ်။ သားလေးပေါ့။ OG ကအရင်တနင်္ဂနွေပြပြီချိန်မှာ ပြောပုံအရာ နည်းနည်းစောမွေးနိုင်တယ်။ သြဂုတ်လထဲလောက်မှာပေါ့။ မိန်းမကတော့ လိုအပ်တဲ့ပစ္စည်းတွေ လိုက်ဝယ်နဲ့ အလုပ်ရှုပ်နေလေရဲ့။ ကလေးရေချိုးတဲ့ဇလုံ၊ ကလေးပုခက်၊ နို့ဗူး .... စုံနေတာပဲ။ ယောက်ခမကလည်း ဆေးရုံတက်ရင် ယူသွားဖို့ဆိုပြီး ခြင်းလေးနဲ့ ပြင်ဆင်ပေးထားလေရဲ့။ အနှီးလေးတွေ၊ ကလေးအမေဝတ်ဖို့ လုံချည်၊ ရေခွက်...စုံနေတာပဲ။ ကျေးဇူးတင်စရာပဲ။ Market ထွင်ပြီး ရောင်းတတ်လိုက်ကြတာ။ ရေချိုးတဲ့ ပလပ်စစ်ဇလုံလေးကတင် သုံးသောင်းကျော်တဲ့။ အရုပ်လေးတွေပါတဲ့ ဒီဇိုင်းလှလှလေးနဲ့ပေ့ါ။

ပိုက်ဆံနှမြောလို့တော့မဟုတ်ပါဘူး။ ပိုက်ဆံကို နှိုက်ယူတတ်တဲ့ စျေးရောင်းနည်းလေးတွေကို သဘောကျလို့။ EMBA မှာ ဆရာမကြီး ဒေါ်ခင်စမ်းရီ သင်ခဲ့သလို့ wants တွေကို needs တွေလို့ ယုံကြည်စေပြီး စျေးကွက်ရှာပုံတွေ။ ဒီလို ဇလုံနဲ့မှ မချိုးပေးရင်ပဲ မိဘတာဝန် မကျေတော့မလို ကလေးပဲ ရေချိုးလို့ မရတော့မလိုလို ... မှတ်မိသေးတယ် ငယ်ငယ်က ညီမအငယ်ဆုံးကို အဖွားက ထိုင်လျှက်မှာ သူ့ခြေတောက်ပေါ် အသာလေးချလို့ ရေလောင်းချိုးပေးတာကို။ မွေးတာကိုလည်း ခွဲမွေးမယ် ရိုးရိုးမွေးမယ်နဲ့ ဟိုလိုလို ဒီလိုလို စဉ်းစားရင်းက ဖြစ်နိုင်ရင် ရိုးရိုးပဲမွေးဖို့ ဆုံးဖြတ် ကြတယ်။

ဒါပေမဲ့ အခက်အခဲတွေအများကြီးပဲ။ ဗိုက်နာလာတဲ့အချိန်မှာ ဆေးရုံမှာ အခန်းမရမှာ၊ ကိုယ့် OGက အချိန်မီ ရောက်မလာမှာ .. တစ်ချို့ OG ကို ပေါ်တင်ပဲ။ Normal Labour ဆိုရင် လက်ကိုမခံတာ။ တော်သေးတယ် SSC က ကိုယ့်ရုံးက software သုံးနေတာဆိုတော့ အထိုက်အလျောက်ရင်းနှီးတယ်။ သူတို့ကိုပဲ အကူအညီ တောင်းရတာပေါ့။ ဗိုက်နာချိန်မှာ အခန်းလေးတစ်ခန်းရနိုင်အောင်။ OG အန်တီကတော့ သူလာပေး ပါမယ်တဲ့။ မွေးတဲ့အချိန်တော့မသိဘူး ပုံမှန် ဆေးခန်းတစ်ပတ် တစ်ခါပြချိန်မှာတောင် စောင့်ရတာ ဖင်ဂျွတ်တက်လိုက် သေသွားနိုင်တယ်။ ဝယ်ဖတ်တဲ့ အားကစားဂျာနယ်ကို ရေးထားသမျှ cover to cover ဖတ်ပြီးတာတောင် ရောက်မလာသေးဘူး :D

ဒါပေမဲ့ သူက သဘောတော့ကောင်းတယ်။ ဂရုလဲစိုက်ပါတယ်။ အိမ်မှာလည်း ပစ္စည်းတွေ ဟိုရွှေ့ဒီရွှေ့ပေါ့။ အခုငှားနေတဲ့ တိုက်ခန်းက ခပ်ကျဉ်းကျဉ်းဆိုတော့။ အိပ်ခန်း (ဝင်လိုက်တာနဲ့အိပ်လို့ပဲရတယ် ... အဲလောက် ကျဉ်းကျဉ်းလေး) ကလေးမွေးပြီးခါစဆို ခေါ်ထားရမဲ့ Nurse၊ အကူ ခဏလာနေပေးမဲ့ ယောက်ခမ၊ မွေးလာမဲ့ကလေး ... သူတို့တွေအတွက် ဒီခပ်ကျဉ်းကျဉ်းအိမ်ထဲမှာ အကောင်းဆုံးလေး စိတ်ကူးနေရာချရတာပေါ့။

ဟိုတစ်ရက်က မိန်းမက သူ့အိမ်က နှစ်ထပ်ကတင်ကြီးကို သယ်ခိုင်းလိုက်တယ်။ လှေခါးပါနေတော့ ခြင်ထောင်ထောင်ရအဆင်မပြေသလိုပဲ။ အဲဂလို အဲဂလိုနဲ့ ကျေးဇူးရှင်လေးကို ကြိုဆိုဖို့ လုံးပမ်းနေရကြောင်းပါ။

7 comments:

  1. ha ha ha..:P
    preparing for the "Truth"...ha ha
    good bro..keep it up..cheers

    ReplyDelete
  2. Congratulations!! Ko Tun Khine

    We are also preparing to get first new baby (girl).

    Ashay Lay

    ReplyDelete
  3. congratulations ko gyi tun tun. looking forward to welcome baby nephew. :p

    ReplyDelete
  4. HaHa,

    Congratulations both of U and baby.
    Dont forget to pratice how to handle babay :D

    Thornbird (from oldie Bagan)

    ReplyDelete
  5. ha ha...blog advertising too..lu soe..:P
    strike

    ReplyDelete
  6. သားလေးရတော့မယ် ဆိုတာသိရတာ ၀မ်းသာပါတယ်။ တကယ်တမ်း မျက်နှာလေးမြင်လိုက်ရတဲ့ အချိန်ကျ မောရသမျှတွေ မေ့သွားဦးမှာ မဟုတ်လားး) Congratulations ပါရှင်း)

    ReplyDelete
  7. Congratulations!! ပါအကို
    အရမ်းကို ပျော်နေမယ် ထင်တယ်

    ReplyDelete