Tuesday, July 29, 2008

Breakfast for birds

မနက်ဆို ပုံမှန် ခုနစ်နာရီလောက် အိပ်ယာထဖြစ်တယ်။ တနင်္ဂနွေနဲ့ ညနက်နက်မှ အိပ်ဖြစ်တဲ့ ရက်တွေက လွဲလို့ပေါ့။ hand phone မှာ နှိုးစက်လေးပေးထားတာပေါ့။ အိပ်ယာကထပြီး နောက်ဖေး မီးဖိုအခန်းကို ဝင်လိုက်ပြီ ဆိုတာနဲ့ ကျွန်တော့် ဖောက်သည်များက ဝရံတာ လက်ရမ်းပေါ်တွေမှာ အသင့်စောင့်နေကြပါပြီ။ အများစုကတော့ ခိုတွေပေါ့။ ကျီးကန်းရယ် စာကလေးရယ်လည်းပါတယ်။ တစ်ခါတစ်ရံ ဆက်ရက်လေးတွေ လည်း လာတယ်ဗျ။

သူတို့ကို မနက်တိုင်း ဆန်ကျွေးဖြစ်ပါတယ်။ ဝရံတာ လက်ရမ်း တလျှောက် ဆန်လေးတွေ ချထားပေးရင် သူတို့လာစားကြတယ်။ စကျွေးဖြစ်တုန်းက ပိုနေတဲ့ ထမင်းကြမ်းတွေ သိပ်အနံ့အသက် မကောင်းတော့တာနဲ့ ရေစင်စင်ဆေးပြီး ငှက်တွေစားပါစေ ဆိုပြီး ကျွေးထားဖြစ်တယ်။ အဲဒီလို တစ်ခါနှစ်ခါကျွေးပြီးတော့ ဆန်နေ့တိုင်းကျွေးမယ်ဆိုပြီး ဆန်ဝယ်ကျွေး ပါတယ်။ သူတို့ဆန်က တစ်ပြည် ရဝဝကျပ်ဗျ။ တစ်ပြည်ဝယ်ထားရင် လေးငါးရက်တော့ ကျွေးရတယ်။ စကျွေးဖြစ်တုန်းက လေးငါး ခြောက်ကောင်ပေါ့။ အခု ငှက်သတင်း ငှက်ချင်းဆောင်ပြီး ခိုချည်းပဲ အကောင် နှစ်ဆယ် အစိတ်လောက်လောက် လာစားတယ်။

ခိုတွေက အုပ်စုတောင့်တော့ သူတို့အရင်စားကြတယ်။ ပြီးရင် ကျီးကန်း ... နောက်ဆုံးကတော့ စာကလေးပေါ့ ရှေ့က အကောင်ကြီးတွေစားပြီး ကျန်တာလေးတွေ အောက်ကြမ်းပြင် ကိုကျနေတာလေးတွေ လာစားကြတယ်။ တစ်ခါတစ်လေလဲ ခိုတွေက အများကြီးစားသွားလို့ စာကလေးတွေအတွက် မကျန်ရင်လဲ သူတို့အတွက် လိုက်ပွဲထပ်ချပေးရတာပေါ့။ :D

ညနေဖက် စောစော အိမ်ပြန်ရောက်တဲ့ရက်တွေဆိုလည်း မမှောင်ခင် သူတို့ရှိသေးရယ် တစ်ခေါက်ကျွေးတယ်။ ဒါကတော့ ပုံမှန် မဟုတ်ဖူးပေါ့။ ဘာရယ်မဟုတ်ပါဘူး ဒါလည်း အလှူလေးတစ်ခုပေါ့။ Bird Flu ဖြစ်တဲ့ အချိန်မျိုးဆိုရင်တော့ ကိုယ့်အတွက် အန္တရယ် အထိုက်အလျောက် ရှိနိုင်မယ်ထင်တယ်။ အခုထိတော့ နေ့တိုင်း ကျွေးနေတာပဲ ....

2 comments:

  1. anyway.."sardu,sardu,sardu"...very nice post...tks load
    strike

    ReplyDelete
  2. သာဓု၃ပါအစ်ကို၊ ဒီတစ်ပတ် picture of the week လူကြိုက်နည်းတယ်အစ်ကို၊ လူငယ်ကြိုက်လေး အားပေးချင်တယ်
    -
    ဝင်းဇော်

    ReplyDelete