Thursday, August 7, 2008

သားသားလေးမွေးပြီ

သားသားမွေးပြီ။ 6 August 2008, နံနက် 5:37AM ပါ။ ဗုဒ္ဓဟူး သားလေးပေါ့။ ရွှေဂုံတိုင် အထူးကု ဆေးခန်း SSC မှာမွေးတာပါ။

အစောပိုင်းက ရိုးရိုးမွေးဖို့ ဆေးရုံတက် လိုက်တာ။ ဒါပေမဲ့ အဲဒီ ညပိုင်းမှာ OGက စမ်းသပ် လိုက်တော့ ချက်ကြိုးက ကလေးရဲ့ အရှေ့က ပိတ်နေတယ် ဆိုးလား ... (သိပ် နားမလည်ဘူး) ခွဲမွေး လိုက်ပါတဲ့။

ဒါနဲ့ နောက်တစ်နေ့ မနက် (၅)နာရီမှာခွဲဖို့ စီစဉ်လိုက်တယ်။ တကယ်မွေးလာတော့ ၅နာရီ ၃ရမိနစ်မှပါ။ ကလေးက ရပေါင် ၈အောင်စရှိပါတယ်။ မွေးလာတုန်းက မျက်နှာမှာ မျက်နှာဖုံးစွပ်လေးနဲ့တဲ့။ မွေးလာပြီးတော့ သူနာပြု ဆရာမလေးက ခွဲခန်းအဝကို လာပြတော့ အနှီးလေးနဲ့ထုတ်ပြီး စောင်လေးပတ်လို့။

မျက်လုံလေးနှစ်ဖက်က မှိတ်ရက်သားလေးမှ မျက်ရည်စလေးတွေနဲ့။ မွေးပြီးတော့ ငိုထားပုံရတယ်။ အမေရော ကလေးပါ ကျန်းကျန်းမာမာပါပဲ။ မနေ့ကခွဲခန်းထွက်ခါစကတော့ မိန်းမက downနေတာ ညနေပိုင်းလောက်ကစပြီး တစ်စ တစ်စ သက်သာလာပါတယ်။ မနေ့ကစပြီးတော့ မိခင်နို့တိုက်ဖို့ ကြိုးစား ပေးတယ်။ နို့သိပ်မထွက်သေးပေမဲ့ နို့ဦးရည် လေး သောက်ရအောင်ပေါ့။ ဒီမနက် ကစပြီး သားလေးက အမေ့နို့ စို့တတ်သွားပြီ။ နို့ရည်လည်း ပိုထွက်လာပြီ။ ဒီမနက်ကတည်းက အမေ့ဘေး သိပ်ထား ရတယ်။ သူ့ကို ထားတဲ့ ခြင်းလေး ထဲမှာ ထားရင် ခဏနေရင် အော်အော်နေလို့။ :D

16 comments:

  1. Congratulations to both of you! သားရှင်ဖြစ်ပြီပေါ့နော်... ဟိဟိ

    ReplyDelete
  2. Congratulation fresh parents :D

    ReplyDelete
  3. Congratulation ပါအစ်ကို၊ အပျော်တွေကို မျှဝေခံစားသွားပါတယ်။

    ReplyDelete
  4. Congrats bro!
    Andy
    (UCSY 8th batch)

    ReplyDelete
  5. Congratulationnnnn...@^@
    strike

    ReplyDelete
  6. ၀မ်းသာပါတယ် ကိုလကလေးနဲ့ မပီပီ။ နောက် နှစ်ရက်နေမှ မွေးရင် ၈.၈.၀၈ ဖြစ်မှာနော်။ :-)။

    ReplyDelete
  7. Congratulation ,,,
    Be a proudly son for both you.

    ThornBird(From Oldie Bagan)

    ReplyDelete
  8. Congratulations bro and sis.

    ReplyDelete
  9. Congratulations ko littlemoon and ma PP. :)


    Dream

    ReplyDelete
  10.့ ha ha ..so cute.. he is sleeping with my present toy :P
    minwe

    ReplyDelete
  11. အားလုံကို ကျေးဇူးတင်ပါတယ်ဗျာ ... :D

    ReplyDelete
  12. ဒီဘလော့ဂ်လေးကို အခုမှ လာလည်မိပါတယ်။ မင်္ဂလာ သတင်းနဲ့ တိုးတာကိုး။ ၀မ်းသာစရာပဲ။ အစစအရာရာ အဆင်ပြေကြပါစေ။

    ReplyDelete
  13. This comment has been removed by the author.

    ReplyDelete