Tuesday, August 12, 2008

သားသား အိမ်ရောက်ပြီ

ဒီမနက် ၉နာရီကျော်လောက် ဆေးရုံကဆင်းဖြစ်တယ်။ အိမ်ရောက်တော့ အထုပ်အပိုးတွေ ပစ္စည်းတွေနဲ့ ရှုပ်ပွ ပြီး ဝုန်းဒိုင်းကို ကြဲနေတာပဲ။ အဓိကတော့ ကလေးနေသာအောင် နေရာချရတာပေါ့။ တော်သေးလို့ Nurse ဆရာမလေး ကို အိမ်ခေါ်လာလို့။ ကိုယ်တွေက အိမ်ရှင်း နေရာချ ပစ္စည်းတွေသိမ်းနေချိန် ကလေးကို ဆရာမလေးက ကြည့်ပေးထာရတာပေါ့။

သားသား ပစ္စည်းတွေ လက်ဆောင်တွေကို မနည်းဘူး။ နောက်ရက်တွေကြရင် night nurse ဆရာမလေးကို တစ်ပါတ်လောက် ဆက်ပြီး ခေါ်ထားတယ်။ အိမ်မှာ အထာ မကျခင် သားသား သက်တောင့်သက်သာနဲ့ နေသာထိုင်သာ ရှိအောင်ပေါ့။ လိုတဲ့ အသုံးအဆောင်လေးတွေ ထွက်ဝယ်ရဦးမယ်။ သားကို သောကြာနေ့မှ ကလေးဆေးရုံခေါ်သွားပြီး BCG ထိုးရင်း ကလေးအထူးကုနဲ့ ထပ်ပြရမယ်။

ကလေးအမေကတော့ ချုပ်ရိုးပလတ်စတာခွာပြီး လာမဲ့ တနင်္ဂနွေမှာ OG ကို သွားထပ်ပြရမယ်။ လောလောဆယ်တော့ အိမ်မှာ ယောက်ခမ လာနေပေးမယ်။ တောက်တိုမယ်ရ ခိုင်းဖို့ ကောင်မလေး တစ်ယောက်လဲ ခေါ်ထားတယ်လေ။ ဖြေးဖြေးတော့ သားလေး အိမ်မှာ အသားကျသွားမှာပါ။

2 comments:

  1. တော်သေးလို့ Nurse ဆရာမလေး ကို အိမ်ခေါ်လာလို့။ ...:P

    ReplyDelete
  2. ကို လပိစိကွေးလေးရဲ့ သားသားလေး ကျန်းမာရွှင်လန်းပါစေဗျာ။ ဒါနဲ့ ခြင်ချော်လဲ အမေလည်း ကျန်းမာတယ် မဟုတ်လား။

    ReplyDelete