Friday, September 5, 2008

Yangon Earthquake

05 Sep 2008  3:18PM @ Yangon


အခုလေးတင် ငလျင်လှုပ်သွားပါတယ်။ ကုက္ကိုင်းက ကျွန်တော့်ရုံးမှာ အလုပ်ထိုင်လုပ်နေတုန်း ခပ်ပြင်းပြင်းလေး ငြိမ့်ကနဲ တစ်ချက်ဖြစ်သွားပြီး ဆက်တိုက် ၁၅စက္ကန့်လောက် လှုပ်သွားပါတယ်။ သိပ်အားအပြင်းကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အထပ်မြင့်ပေါ်ကလူတွေကတော့ တော်တော်လေး သိသိသာသာ ခံစားလိုက်ရပါတယ်။ 

အနီးအနားပတ်ဝန်းကျင်မှာတော့ အပျက်အစီးမတွေ့ရပါဘူး။ ကြောက်ပြီး တိုက်ပေါ်ကဆင်းလာတဲ့ သူအချိုု့တော့ရှိတာပေါ့။ GTalk ကနေ ရန်ကုန်တွင်းက တစ်ခြားသူတွေကို မေးကြည့်တာ တစ်ချို့ဆို လှုပ်သွားတာတောင် မသိလိုက်ဘူး။ ဆူနာမီမတိုက်ခင်က လှုပ်သွားသလောက်တော့ မပြင်းဘူးဗျ။
နာဂစ်ဆိုတာကြီး ပြီးသွားလို့ ကယ်ဆယ်ရေးတွေ လုပ်လို့မဆုံးသေးခင်မှာ  နောက်ထပ် ဘေးဆိုးကြီး တစ်မျိုး တော့  ရောက်မလာပါစေနဲ့ ....

1 comment: