Merry X'mas .... မနက်ကို အတော်ကြီးနေမြင့်မှထတယ်။ ဒီနေ့က ကိုသူရနဲ့ သူ့သားငယ်တို့ရဲ့မွေးနေ့။ ဒါနဲ့ SMS လေးပို့ပြီး birthday wish လုပ်လိုက်သေးတယ်။ Birthday wiskey လေးဘာလေး ခေါ်တိုက်လိုတိုက်ငြားပေါ့ .. ကိုနဗနပြောတာကိုတောင်ပြန်သတိရမိသေး။ ခရစ်တော် ဒီနေ့မွေးတယ်ဆိုတာ သူမယုံဘူးတဲ့ သမိုင်းက တစ်ခုခုမှားနေတယ်ထင်တယ်တဲ့။ သူရလိုဆိုးမိုက်ပေတေတဲ့ ကောင်နဲ့ ခရစ်တော် တစ်ရက်တည်းမွေးတာ မဖြစ်နိုင်ဘူးတဲ့ .... :D
.
အောက်ခဏဆင်းပြီး ဘောလုံးဂျာနယ်လေးဝယ်တယ်။ ပြီးတော့ ကော်ဖီသောက် မနက်စာစားပေါ့။ ပြီးတော့သားသားနဲ့ဆော့တယ်။ ၁ဝနာရီလောက်မှာ င်္Family TV5 က ကိုးရီးယားရေတပ်ဗိုလ်ချုပ် Series တစ်ပိုင်းကြည့်ဖြစ်တယ်။ ပြီးတော့ ငိုက်လာတာနဲ့ တရေးပြန်အိပ်ရော။ နိုးလာတဲ့အချိန်မှာ မိန်းမရဲ့အမနဲ့ တူမလေးရောက်လာတယ်။ ကလေးမက သူ့မောင်လေးအတွက် သူငယ်ငယ်က အင်္ကျီလေးယူလာပေးတယ်။ မိန်းမကပြောတယ် သူတစ်နှစ်သားလောက်မှာ ဝတ်တာတဲ့။
.
ဒါနဲ့သားကို စမ်းဝတ်ပေးကြည့်တယ်။ သူနဲ့ကအတော်ပဲဖြစ်နေတယ်။ အခုမှလေးလသားပဲရှိသေးတာကို။ သားကပဲ ထွားတာလား တူမလေးကပဲ အဲဒီအသက်အရွယ်က သေးတာလားတော့မသိ။ ညနေပိုင်းမှာ ဘကြီးဇော်မိုးက သူ့အိမ်မှာ မုန့်ဟင်းခါးချက်စားမယ်လိ်ု့ဖိတ်ထားတာနဲ့ မိန်းမရယ် သားရယ်ခေါ်ပြီး ချီတက်သွားကြတယ်။ မုန့်ဟင်းခါးတွေ အားပါးတရ ထမင်းလွတ်စားပြီး အိမ်ပြန်ကြတာပေါ့။ ဒီနှစ်ခရစ်စမတ်မှာ ပွဲတွေလမ်းတွေလည်း မသွားဖြစ်ပါဘူး။
ဒီတစ်ခေါက် မိန်းမပါတယ်။ အဆူမခံရတော့ဘူး။ …
ReplyDeletemerry christmas! and happy new year
ReplyDeleteအကျီက သိတ်မိုက်တာဘဲ. သားသား…သား..သားလေး...သားသားလေးနဲ့ လိုက်မှ လိုက်..သားကလဲလေ...ချောမှချော...
ReplyDeleteသားလေးက Ann Geddes ထဲက ကလေးလေးတွေနဲ့ တူတယ်။ How lucky you are?
ReplyDeleteလေးလသားက တအားထွားတာပဲ။ သားလေးက ရီနေရင် ပိုချစ်ဖို့ကောင်းတယ်.. :)
ReplyDeleteစုစံနဲ့လည်း အဲ့ ဒီအင်းကျီလေးက ချစ်စရာသိပ်ကောင်းတယ်။ ခု ထွန်းလင်းထွန်းနဲ့ကလည်း အံကိုက်ပါလား။ ကိုဇော်မိုး anniversary မှာ မုန့်ဟင်းခါးကျွေးတယ်ထင်တယ်။ မစားလိုက်ရတာ နာတာပဲ ဟီးဟီး.. သူတို့ အိမ်က ချက်တာဆို ကောင်းတယ်။
ReplyDeleteGood Blog, I think I want to find me, I will tell my other friends, on all
ReplyDelete