အရင်အပတ်က သားသားကတုံးပြန်ဖြစ်သွားတယ်။ မွေးပြီးတော့ တစ်ခါပဲခေါင်းရိတ်ရသေးတာ။ သူ့ဆံပင်တွေက သန်တယ်။ ရှည်လာတာလဲမြန်တယ်။ ရှည်လာတော့ သူယားတယ်ထင်တယ် ခေါင်းကို ခဏခဏ ကုတ်ကုတ်နေတယ်။ ဒါနဲ့ သူ့ဆံပင်ကို ညှပ်ပေးဖို့ စီစဉ်ကြတာပေါ့။ သူ့အမေက အရင်းမှာ ဓါးပါတဲ့ ဘီးလေးဝယ်လာပြီး ဖြတ်ပေးဖို့ စမ်းကြည့်ကြတယ်။ သိပ်အဆင်မပြေဘူး။ ဒါနဲ့ ကျွန်တော်က ကပ်ကြေးလေးယူပြီး ဖြတ်ကြည့်တယ်။ သူကလည်းမငြိမ်တော့ သတိထားဖြတ်ရင်းနဲ့ ပြန်ကြည့်လိုက်တဲ့အချိန်မှာ ကလေးခေါင်းက ကြွက်ကိုက်ထားသလိုဖြစ်သွားရော။ ဒါနဲ့ယောက်ခမက ငါ့မြေးကို ဒီလိုပုံပျက်ပန်းပျက်ကြီးတော့မထားပါနဲ့ဆိုပြီး ခေါင်းရိတ်ပေးကြပါလေရော။ ဒီတစ်ခါခေါင်းရိတ်တော့ ကိုယ်တော်က ငိုလိုက်တာမှာ အာပြဲနေတာပဲ။ ဒါနဲ့ပဲ ဆံပင်တွေအားလုံး ပြောင်အောင် စင်အောင် မရိတ်လိုက်ရပါဘူး။ ဟိုနည်းနည်း ဒီနည်းနည်းကျန်နေတာတွေနဲ့ပဲ ရပ်လိုက်ရတယ်။ :D
အော်ငိုနေတဲ့ပုံကို တွေးမိတွေးရာ..မှာ တစ်ခါမြင်ဖူးတယ်..
ReplyDeleteခုထပ်ကြည့်တော့လည်း.. သနား၊ ရယ်ချင်ဖြစ်နေတုံး...
တော်တော်ချစ်ဖို့ကောင်းတဲ့ကလေးလေး...
(တို့ အဖေနဲ့ နာမည် ၂ လုံး တူလို့ဖြစ်မယ် :P:P)
Although from different places, but this perception is consistent, which is relatively rare point!
ReplyDeleteကတုံးက ချစ်စရာလေး
ReplyDeleteVery rich and interesting articles, good BLOG!
ReplyDeletefishing net