Saturday, January 31, 2009

Old family photos


အဖေနဲ့အမေရဲ့ မင်္ဂလာဆောင် ဓါတ်ပုံလေးပါ။ သူတို့မင်္ဂလာဆောင်က Strand Hotel မှာလုပ်တာတဲ့။ ကော်ဖီ လဘက်ရည်တိုက် မုန့်ကျွေးပေါ့။ အဲဒီခေတ်က ငွေထောင်ဂဏန်းလောက်ပဲကုန်ကျသတဲ့။

 

  ဒါက ကျွန်တော်တို့ မောင်နှမလေးယောက်ရဲ့ပုံပေါ့။ လွိုင်ကော်ကို အမေက အလုပ်တာဝန်နဲ့ မပြောင်းရခင်အချိန်လောက်မှာ ရိုက်ထားတာ။ ကျွန်တော်က နှစ်တန်းရောက်ပြီထင်တယ်။ အခုအချိန်မှာ မောင်နှမတွေ တစ်ယောက်တစ်နေရာရောက်ကုန်ပြီ။ ညီမအကြီးဆုံးက မော်လမြိုင်မှာ NGO တစ်ခုမှာအလုပ်လုပ်တယ်။ အလတ်မက တရုတ်ပြည် ကွေးမိန်မှာ။ အငယ်ဆုံးညီမပဲ ရန်ကုန်မှာ အဖေအမေတို့နဲ့ကျန်တယ်။ 





လွိုင်ကော်တောင်ကွဲစေတီကို နောက်ခံထားတဲ့ မိသားစုပုံပေါ့။ အမေက အဲဒီတုန်းက စာရင်းစစ်ရုံးမှာပေါ့



 

 ဒါက ကျွန်တော် ပထမဆုံးအကြိမ် ရဟန်းခံတုန်းက။ ကွန်ပျူတာတက္ကသိုလ် ပထမနှစ်ရောက်နေပြီ။ ဟာမစ်တစ်က မဟာစည်သာသနရိပ်သာမှာပါ။ ကျွန်ပျူတာထဲက ဖိုင်တွေရှင်းရင်း ဒီပုံလေးတွေ ပြန်တွေ့လို့။

10 comments:

  1. ကောင်းပ၊အမှတ်တရဖြစ်စေ၏

    ReplyDelete
  2. ဟုတ်တယ်။
    အမေက သိတ်ချောတယ်နော်

    ReplyDelete
  3. စကားမစပ် ဟိုခေတ်က ထောင်၈ဏန်းဆိုတာ ရမိုင်လောက်မှာ မြေကွက် ကောင်းကောင်းရမှာဘဲ
    (ပုံ့
    ငွေမက်သူ kom )

    ReplyDelete
  4. မနက်ဖြန် လွတ်လပ်ရေးရမယ်ဆို...။ အငြိမ့်လုပ်ရင်ပြောပါဦး။

    ReplyDelete
  5. Chinese blood ကဘယ်ကလာတာလဲ။။

    ReplyDelete
  6. ထွန်းခိုင် အမေက ချောလိုက်တာနော်။ တစ်ဦး တည်းသောသားပေါ့...

    ReplyDelete
  7. အန်တီက ချောလိုက်တာ။ ညီအစ်မတွေကလည်း ဆံပင်ပျော့ပျော့လေးတွေ ချစ်စရာလေးတွေ။

    ReplyDelete
  8. ငွေမက်သူ kom မဟုတ်ပါ၊မြေမက်သူ kom ဖြစ်ပါသည်။

    ReplyDelete
  9. to kom,

    ၁) လွတ်လပ်ရေးမရပါ။ ညမထွက်ရဖြစ်သွားပြီး ကလေးထိန်းနေရပါသည်။

    ၂) အမေက တရုတ်မ အသစ် ၁၀၀% ဖြစ်ပြီး အဖေက မွန်တရုတ်ပါ။ အနော်က ခုနစ်ဆယ့်ငါးပြားပေါ့

    ၃) အမေက ကျွန်တော်နဲ့တူလို့ ချောတာဖြစ်ပါလိမ့်မည်

    ReplyDelete
  10. Dude .. you were half the size back then.

    ReplyDelete