အတော့်ကို ဝန်ဆောင်မှုလဲကောင်းတဲ့ အင်တာနက်ဆိုင်တစ်ခုကနေ အခုပဲထွက်လာတာ။ တစ်ခါမှကို မတွေ့ဖူးပါဘူး။ တကယ်ပါပဲ... ဒီနေ့က လပြည့်နေ့။ မနေ့ညကလည်း ဘကြီးဇော်မိုးတို့ ကိုရဲတို့နဲ့ အိမ်နားက ဘီယာဆိုင်လေးမှာ ထိုင်ပြီး Myanmar ICT လောကကြီးအကြောင်းလေပေါလိုက်တာ ညနည်းနည်းနက်သွားတယ်။ ဒါနဲ့ မနက်က နောက်ကျမှ နိုးတယ်။ ဒီနေ့က MICT Park ထဲမှာလုပ်နေတဲ့ Software and Solutions Exhibition ရဲ့ ဒုတိယနေ့။ သွားလိုက်ပါဦးမယ်ဆိုပြီး အိမ်ကထွက်အလာ စိတ်ကူးပေါက်ပြီး အီးမေးလေးစစ်ဦးမှဆိုပြီး အနော်ရထာလမ်းပေါ်က ၅၁လမ်းနား အင်တာနက်ဆိုင်တစ်ခုထဲဝင်လိုက်တယ်။
.
ပုံမှန်သုံးနေကြဆိုင်က ဗိုလ်တထောင်ဘုရားလမ်းပေါ်မှာ။ အခုဝင်လိုက်တဲ့ဆိုင်က တစ်ခါမှ မသုံးဖူးသေးဘူး။ ဒါပထမဆုံအကြိမ်ပဲ။ ပထမဆုံး goal.com ခေါ်လိုက်တယ်။ ပြီးတော့ facebook ခေါ်တယ်။ ဒီအထိ အိုကေသေးတယ်။ ပြီးတော့ Three Kingdoms ကစားဖို့ခေါ်တယ်။ mcpa အသင်း siteကို ကြည့်မယ်ဆိုပြီးခေါ်တယ်။ ပြီးတော့ dpreview.com... myanmaritpro... တစ်ခုမှ တက်မလာဘူး။ web proxy တစ်ခုရဲ့ page ကြီးတက်လာတယ်။ ဒါနဲ့ service လုပ်တဲ့ကောင်လေးကို လှမ်းခေါ်ပြီး ကြည့်ပါဦး ဘာလို့တက်မလာတာလဲလို့ ဆိုတော့ ကောင်လေးက ကြည့်ပြီး ဘာတွေလျှောက်ခေါ်ထားတာလဲတဲ့ .... နည်းနည်းတင်းသွားတယ်။ ကိုယ့်ဘာသာ ဘာခေါ်ခေါ်ပေါ့။ ငွေပေးသုံးနေတဲ့ဟာကို။ မခေါ်စေချင်တဲ့ site တွေကို သက်ဆိုင်ရာက သူ့အစီအစဉ်နဲ့တားပြီးသားပ ဲမဟုတ်လား။ (ကျော်ခွကြည့်တာကတော့ တစ်ကဏ္ဍပေါ့)။ ဒါနဲ့ ငါဖာသာဘာ site ခေါ်ကြည့်ကြည့် ဘာလို့မတက်လဲသာကြည့်ပေးဆိုတော့ ကောင်လေးက ကျွန်တော်တို့ ban ထားတယ်တဲ့။
.
ဘုရားရေ.... စိတ်ဆိုးရမလို ရယ်ရမလို ကိုယ့်မှာ အူလည်လည်ကြီးဖြစ်သွားတယ်။ ဆက်လည်းစကားမပြောချင်တော့တာနဲ့။ အဆင်မပြေဘူးကွာ တော်ပြီ ဒီလောက်ပဲဆိုပြီး ထိပ်က ကောင်တာစားပွဲကို ထွက်လာခဲ့တယ်။ စားပွဲထိုင်တဲ့ ခပ်ရွယ်ရွယ်ကောင်လေးကို တော်ပြီကွာ ဘယ်လောက်ကျလဲပြောဆိုတော့ သူက gmail သုံးဖို့မဟုတ်ဘူးလားတဲ့ ဘာတွေကြည့်ချင်လို့လဲတဲ့ ... ဘာsite ကိုခေါ်တာလဲတဲ့..... ထရိုက်ရတော့မလို အော်ပဲဆဲလိုက်ရတော့မလို... နေပါလေ ဘာမှဆက်မပြော နေတော့ဘူး။ ဒီလိုလုပ်ကိုင်နေပုံနဲ့တော့ ကြီးပွားတိုးတက်ဦးမယ် ...
စိတ်ထိန်း စိတ်ထိန်း နောက်တစ်ခါအဲဒီကို မသွားနဲ့ အသက်ရှည်ချင်တယ်မဟုတ်လား။
ReplyDeleteThis comment has been removed by the author.
ReplyDeleteအောင်မလေးဟဲ့... ဆိုင်ဘာကဖေးသွားတာ ISP လက်သစ်နဲ့ တွေ့နေပါရောလား... လေတယ်။ ဆိုင်နာမည်လေး ပြောပြပါဦး... ရှောင်လို့ရအောင် :S
ReplyDelete