ဘာလိုလိုနဲ့ သင်္ကြန်တစ်နှစ်ကုန်သွားပြန်ပါရော့လား။ ဒီနှစ်လား ... ဟင်အင်း ဘယ်မှကို မထွက်ဖြစ်ပါဘူး။ နေအရမ်းပူတာလဲတစ်ကြောင်း အသက်ကြီးလာလို့ အပျင်းထူလာတာကလည်း တကြောင်းပေါ့။ အိမ်မှာပဲ နေဖြစ်တယ်။ သားလေးကို ကောင်းကောင်း အချိန်ပေးနိုင်တာပေါ့။ Family TV ကလာတဲ့ ရုပ်ရှင်တွေကြည့်တယ်။ 24 Hour (6th Season) ကြည့်တယ်။ ဘီယာသောက်တယ်။ အိပ်တယ်ပေါ့။
.
ဟိုနားဒီနား ဓါတ်ပုံထွက်ရိုက်ဦးမယ် စိတ်ကူးပေါက်ပေမဲ့ နေအရမ်းပူနေတာကိုကြည့်ပြီး မထွက်ဖြစ်ဘူး။ ကန်တော်ကြီးဖက် ကလေးကိုလိုက်ပြဦးမယ်လို့ မိန်းမကိုပြောဖြစ်ပေမဲ့ အဲဒီညနေက သားအဖနှစ်ယောက် အဲကွန်းလေးဖွင့်ပြီး အားရပါးရအိပ်ပျော်နေကြတာ ညနေ ခြောက်နာရီခွဲလောက်မှနိုးတယ်။ အဲဒီအချိန်မှာ မိန်းမက သူ့ရုံးရဲ့ security focal person ဆိုတော့ ဖုန်းတွေ လာလိုက် ပြန်ဆက်လိုက်နဲ့ သောက်သောက်လဲကို အလုပ်ရှုပ်နေတယ်ဆိုပဲ ... :) အတက်နေ့တော့ ချက်ပြုတ်ရပျင်းတယ်ဆိုပြီး အမေတို့အိမ်သွားစားသောက်ကြတာပေါ့။ ပြီးတော့ ကလေးကိုချီပြီး အနီးအနား လမ်းလျှောက်ရေပက်ခံထွက်ပေးလိုက်တယ်။ သူ့အတွက် ပထမဆုံး သင်္ကြန်အတွေ့အကြုံပေါ့။
.
အင်တာနုက်လား .... ဗိုလ်တထောင်ဘုရားလမ်းက ကိုဇော်ဝင်းထွန်းတို့ဆိုင်က ညနေခြောက်နာရီကျော်ရင် ဖွင့်တယ်။ မိန်းမကတော့ နေ့တိုင်းသွားပြီး facebook game တွေ ဆော့လေရဲ့။ အဲဒီအချိန်ဆို ကိုယ်က ကလေးထိန်းပေါ့။ ကံကောင်းထောက်မစွာ ဘယ် customer တွေဆီကမှ ဖုန်းမလာဘူး။ အထူးသဖြင့် ဆေးရုံတွေပေါ့။ ဒီလိုရက်မျိုးမှာ server down တယ်ဆိုတာမျိုးဖြစ်ရင်တော့ သေပြီဆရာ.... ကိုယ်တိုင်ပြေးပေတော့။ ရုံးက ကလေးအတော်များများက နယ်ပြန်ကုန်ကြတာလေ။
.
Family TV ကြည့်ရင်း လိုင်းတွေအားလုံးပွင့်နေတော့ ငါ့ program များ တစ်ခုခုဖြစ်ပြီလားစိတ်ပူရသေး ...ဒါပေမဲ့ သင်္ကြန်ရက် သူတို့ promotion လုပ်တဲ့အနေနဲ့ ဖွင့်ပေးထားတာဖြစ်မယ်လို့ တွေးမိမှ စိတ်အေးသွားရတယ် .... :) ဘောဒါတွေနဲ့လား .... ဒါလည်း မဆုံဖြစ်ဘူး။ ဘကြီးဇော်မိုးက တံငါသည်ကျွန်းအလည်သွားပြီး ကိုရဲက တောင်ကြီးတက်လေရဲ့။ မြေနီကုန်းက မောင်ဖိုးလ ဆီလဲ မရောက်ဖြစ်လိုက်ဘူး။ အိမ်နားနီးတဲ့ ညီလေး မောင်ဝင်းထိန်ကတော့ အလည်လာဖို့ ခေါ်ပေမဲ့ မသွားဖြစ်ပါဘူး။ လိမ်ပိန်ပြီး အပျင်းတစ်နေတာ။ ဘီယာကုန်လို့ ဆင်းးဝယ်တဲ့အချိန်လေးတွေပဲ အိမ်အောက်ဆင်းဖြစ်တယ်။ မီးကလည်း မှန်နေတော့ ဘီယာဗူးလေးတွေဝယ် ရေခဲသေတ္တာထဲထည့် ရုပ်ရှင်ကြည့်ရင်း တစ်ဗူးချင်းထုတ်သောက် ... မိန်းမချက်ကျွေးတာလေးတွေစား... ဇိမ်ကျလေစွ။ စာရင်းချုပ်လိုက်တော့ သမင် ၁၂နှစ်က တစ်လီတာ၊ လက်ကျန် High Commissioner နဲ့ ခြင်္သေ့ဘီယာက ဘူးသုံးဆယ်လောက်ပါပဲ ....
ဂလိုမှန်းသိ အဖော်လုပ်ရင်း လာသောက်ပါတယ်..း)
ReplyDeleteကြားရတာဝမ်းသာပါတယ။်။
ReplyDeleteAll pizza places of USA http://pizza-us.com/pennsylvania/Philadelphia/New%20Station%20Pizza/19111/
ReplyDeleteFind your best pizza.
ပျော်ရွင်သောမွေးနေ့ဖြစ်ပါစေ။
ReplyDeleteуматовые картинки [url=http://profvesti.ru/o-monolitnom-stroitelstve/94-monolitnoye-stroitelstvo.html]ремонт новой квартиры[/url]
ReplyDeleteHow to play casino games with real money - Casino Roll
ReplyDeleteHow to play casino games with real 강원 랜드 여자 money - CasinoRoll It's all about 페이 백 먹튀 the casino's 게임종류 cash out potential in 강원랜드 real-time, so there 라이브바카라게임 are many more ways to play