Wednesday, September 10, 2008

Big Bang recreation with LHC

LHC ဆိုတာ Large Hadron Collider ဆိုတဲ့ မြေအောက်မှာတည်ဆောက်ထားတဲ့ particle accelerator ကြီးပေါ့။ မြေအောက်ပေ ၃ဝဝကျော် မှာတည်ဆောက်ထားတဲ့ 17 miles လောက်ရှည်တဲ့ tunnel ကြီးပေါ့။ လွန်ခဲ့တဲ့ ၁၄နှစ်က စတင် ဆောက်ခဲ့တာ ဖြစ်ပြီး အခုထိ $5billion လောက်ကုန်နေပြီလို့ ဆိုထားပါတယ်။ Switzerland နဲ့ France နှစ်နိုင်ငံကို ခွပြီး Geneva နားမှာ ဆောက်ထားတာပါ။ နိုင်ငံပေါင်း ၈၅နှိုင်ငံက ပညာရှင် ရှစ်ထောင်ကျော် ပူးပေါင်းဆောင်ရွက်ကြတာပါ။ 
 
University တွေ lab တွေ အများကြီး ပါဝင်ကြတာပေါ့။ ရည်ရွယ်ချက် က အလင်းအလျင်နီးပါး accelerated လုပ်ထားတဲ့ oppsite direction က proton beam နှစ်ခုကို တိုက်စေမှာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း 30 billion လောက်က Big Bang လို့ခေါ်တဲ့ ဧရာမပေါက်ကွဲမှုကြီး ဖြစ်ပြီး စကြာဝဠာကြီး ဘယ်လိုစဖြစ်လာတယ်ဆိုတာကို လေ့လာဖို့တဲ့။ ဒီစက်ကြီးနဲ့ စမ်းသပ်လိုက်ရင် time and space ကို အခြားရှုဒေါင့်အသစ်က တွေ့မြင်လေ့လာနိုင်မယ်လို့လဲ ပြောပါတယ်။ 
 
ဒါပေမဲ့ တစ်ချို့တွေ စိုးရိမ်နေကြတာက အဲဒီကနေ a trillion degrees centigrade လောက် အပူချိန်ကို ထုတ်လွတ်လိုက်လို့ black hole ဖြစ်ခုဖြစ်လာပြီး ကမ္ဘာကြီးကို စုပ်ယူသွားနိုင်ပါသတဲ့ ...... မကြာခင်အချိန်မှာပဲ အဲဒီ Large Hadron Collider ကြီးကို စတင်ခလုပ်ဖွင့်လို့ proton တွေ စတင်လည်ပတ် ပါပြီ်။ Collide မလုပ်ခင် Proton တွေ လည်ပတ်တာ အရှိန်ရဖို့တော့ အချိန်တစ်ခုစောင့်ရမယ်ထင်တယ်။ လနဲ့ချီပြီး ကြာမှာပါ။ ဘာတွေလည်းတော့ မသိဘူး .... ကိုယ်မသိတဲ့ field ကို သွားစပ်စုရင် နွားပလာတာစားသလိုပဲ ..... စိတ်ဝင်စားတာနဲ့ လျှောက်ဖတ်ကြည့်နေတာ .... Proton bean နှစ်ခုတိုက်ပြီး Black hole ကြီးပေါ်လာလို့ နေပြည်တော်ကြီးကို စုပ်ယူသွားရင်လဲကောင်းသား :D 
 
 

4 comments:

  1. im your favorite reader here!

    ReplyDelete
  2. very nice! hahahahaha

    ReplyDelete
  3. I wish it should be disapperaed too...:D
    strike

    ReplyDelete
  4. ဟားဟားဟား
    နောက်ဆုံးစာကြောင်းကတော့ အမိုက်ဆုံးပါပဲ။ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်... :) :) :) :)

    ReplyDelete