Tuesday, December 9, 2008

သားသားကိုက်ချင်တယ်



ဒီရက်ပိုင်းမှာ သားသားက သူ့လက်ကို စုပ်စုပ်နေတာနဲ့ သားမေမေက Gum Soother ဆိုတာလေး ဝယ်လာတယ်။ ရာဘာသားခပ်နုနုလေးနဲ့ မျောက်ပုံအရုပ်လေး။ အထဲမှာ ရေထဲ့ထားတယ်။ ဘေးနှစ်ဖက်မှာ လက်ကိုင် ကွင်းလေးနှစ်ခုပါတယ်။ ဒါလေးကို သားသားက တော်တော်သဘောကျတယ်။ အခုဆို လက်နှစ်ဖက်နဲ့တောင် သေချာကိုင်ပြီး ကိုက်တတ်နေပြီ။

4 comments:

  1. သားသားကိုက်တတ်ပြီပေါ့။ ချစ်စရာလေး..

    ReplyDelete
  2. သားလေးက သွားပေါက်ပြီလား။ သွားပေါက်ချင်ရင်လည်း သွားဖုံးတွေယားပြီး ကိုက်ချင်တယ်လို့ ပြောကြတာပဲ။
    ငုတ်တုတ်ရော ထိုင်နိုင်ပြီလား။
    သွားငုတ်တုတ် လူငုတ်တုတ် ဆိုတဲ့စကားလေးလည်း ကြားဖူးတာမို့ မေးကြည့်တာပါ။

    ReplyDelete
  3. သွားပေါက်ချင်နေတယ် ထင်ပါရဲ့။ သွားဖုံးယားနေလို့ ကိုက်တာဖြစ်မယ်။ လူတတ်ကြီးလုပ်ပြီး ပြောသွားတယ် TK ရေ။

    ReplyDelete