Friday, December 12, 2008

Happy Birthday to me (11 Dec)

အသက် တစ်နှစ်ထပ်ကြီးသွားပြီ။ ဒီနှစ်မွေးနေ့ကတော့ ထူးထူးခြားခြားကိုယ့်မှာ သားလေးရပြီး ပထဆုံးမွေးနေ့ပေါ့။ အသက်က ကြီးကြီးလာတော့ မွေးနေ့ဆိုလဲ ထူးခြားပြီး ပျော်ရွှင်တာမျိုးမရှိတော့ပါဘူး။ နေ့တွေထဲက နေ့တစ်နေ့ပဲပေါ့။ 10 Dec ညက အမေကဖုန်းဆက်တယ် သစ်သီးဒံပေါက်ချက်မယ်တဲ့.. ကျွန်တော့်မွေးနေ့ အထိမ်းအမှတ်ပေါ့။ ရုံးမသွားခင်လာစားကြပါတဲ့။ 
.
အမေကတော့ သားသမီးတွေရဲ့မွေးနေ့တွေကို မမေ့မလျှော့ ဘုရားပန်းတွေလဲပေး၊ ဆွမ်းတော်ကပ် လုပ်ပေးကြလေ။ တစ်ခါတစ်လေ ကိုယ့်မွေးနေ့ကို မေ့နေရင်တောင် အမေက မမေ့ဘူး။ မွေးနေ့မှာ မနက်စောစော ကန်တော်ကြီးထဲ လမ်းထလျှောက်လိုက်သေးတယ်။ ပြီးမှ သားလေးရော ယောက်ခမပါ ခေါ်ပြီး အမေတို့အိမ်ကို ချီတက်ကြတယ်။ စားကြသောက်ကြပေါ့။ 
.
အတော်ပဲ သားရဲ့အဒေါ်အလတ် ကျွန်တော့်ညီမက အဲဒီနေ့နေ့လည်ပဲ အလုပ်သွားလုပ်ဖို့ ကူမင်းသွားမှာဆိုတော့ သူ့တူလေးကိုလဲ တွေ့ချင်နေတာနဲ့။ သားလေးနဲ့ယောက်ခမကို အိမ်ပြန်ပို့ပြီး ရုံးရောက်တာနဲ့ ရှုပ်ယှက်ခပ်သွားတာပဲ။ နေ့လည်မီးပြန်လာတာနဲ့ ရတနာပုံ ဆိုင်ဘာစီးတီးမှာ လုပ်မဲ့ ပြိုင်ပွဲအတွက် မေးခွန်းကို အပြီးသတ်၊ ညနေပိုင်း MCPA ရုံးခန်းမှာ ပြိုင်ပွဲအတွက် ဆုတံဆိပ်တွေနဲ့ လေယာဉ်လက်မှတ်သွားယူ.... မေးခွန်းတွေကို print ထုတ်... copy ကူးပေါ့။ ပြီးတော့ အိမ်ပြန်တယ်.... မွေးနေ့အထိန်းအမှတ်သောက်စားကြဖို့ကလဲ လူမစုံဘူးလေ ... ဘကြီးဇော်မိုးကလဲ သက်ကြီးမူကြိုစာမေးပွဲရှိနေတယ် ... 
.
ဒါနဲ့ပဲ မွေးနေ့အထိမ်းအမှတ်ဝယ်ထားတဲ့ Absolute Vodka လေးကို ရေခဲသေတ္တာအပေါ်ခန်းထဲထည့်ပြီး သားလေးကို ချီရင်းနဲ့ပဲ အရသာခံသောက်လို့ ကိုယ့်ဖာသာ မွေးနေ့ကို celeberate လုပ်လိုက်တယ် .... :D

12 comments:

  1. မိန်းမ က ဘ၀တပါးကို ပြောင်းသွားတာကျနေတာပဲ။ စာရင်းထဲမှာကို မပါဘူး။ သားလေးနဲ့ ယောက်ခမကို ပါခေါ်ပြီးသွားတော့.. မိန်းမက ဘယ်နားကျန်ခဲ့တာတုန်း... ဟုန်း.. ဟုန်း....။ မိန်းမက ကျတော့ သူ့မွေးနေ့ မေ့ထားတာကျနေတာပဲ။ မွေးနေ့လက်ဆောင်လဲ ပေးရဲ့သားနဲ့..း(

    ReplyDelete
  2. Now now .. don't be so harsh lady ..

    ReplyDelete
  3. အဲ..ရန်ဖြစ်တော့မှာလား... ပြီးမှ မွေးနေ့ဆုတောင်းလာမန့်မယ်နော်..
    ခုတော့ပြေးပြီ :P:P:P

    ReplyDelete
  4. Happy Birthday!!!
    (ကြုံတုံး သူများလင်မယားကြားထဲ အချွန်နဲ့ဝင်မလိုက်ဦးမှ။)
    မေ့ဆို တစ်ချိန်လုံး Vodka သောက်ဖို့ပဲ စဉ်းစားနေသကိုး။ ခက်ကုန်တော့မယ်။ စည်းနဲ့ကမ်းနဲ့ ကျပ်မတ်မှ တော်ရာကျမယ်။ (ဟဲဟဲ။)

    ReplyDelete
  5. စဖတ်ကတည်းက သူ့မိန်းမဘယ်ရောက်နေပါလိမ့်လို့
    ကော်မန့်ဖတ်မှပဲ ဟီးဟီး နဲတောင်နဲသေးတယ် မောင်ထွန်းခိုင်ရေ... သက်တော်ရာကျော်ရှည်ပါစေ။

    ReplyDelete
  6. ဒီလိုပါဘဲမော်..ဒါအကင်းဘဲရှိသေးတယ်။
    ဒီကလည်းစိတ်နာနေတာ။ (ကိုယ့်အကြောင်းနဲ့ကိုယ် kmsl ရန်ကုန်သွားတာ. မလိုက်ပါနဲ့ ဆိုလို့ )

    ReplyDelete
  7. ‘ဒီကလည်း ဒီဇင်ဘာဘဲ။ မွေးနေ့ကျရင် ရောက်ခဲ့ရင် ဆုတောင်းပေးဦး။

    ReplyDelete
  8. မိသားစုနဲ့အတူ ပျော်ရွှင်ဖွယ် မွေးနေ့မင်္ဂလာ ဖြစ်ပါစေဗျာ။

    (ဆုတောင်း နောက်ကျသွားတာ ခွင့်လွှတ်ပါ။)

    ReplyDelete
  9. Happy Birthday ပါ မောင်လေးရေ..
    ပြောလဲ ပြောစရာပဲ၊ ဟုတ်ပါ့ မိန်းမ ဘယ်ရောက်သွားတာတုန်း။

    ReplyDelete
  10. အင်တာနက် မရတာနဲ့ ဆုတောင်း နောက်ကျသွားပါတယ်။
    မွေးနေ့မှ စပြီး မင်္ဂလာရှိသော နေ့များစွာကို ချစ်သော မိသားစုနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေရှင် ... ။

    ReplyDelete
  11. ပျော်ရွှင်ဖွယ်မွေးနေ့မင်္ဂလာ။

    ReplyDelete