Wednesday, January 13, 2010

ခရီးသွား ထွန်းလင်းထွန်း

ပြီးခဲ့တဲ့ week end က ငွေဆောင်ရောက်ခဲ့တယ်။ သားလေးအတွက် ပထမဆုံး ခရီးဝေးထွက်ခြင်းပေါ့။ ကံမကောင်းချင်တော့ သောကြာနေ့ညထွက်ကတည်းက ကလေးကဖျားချင်သလိုဖြစ်နေတာ ငွေဆောင်မှာ နေတဲ့ နှစ်ရက်လုံး အပြင်းဖျားပါရော။ ညဖက်တွေ ပွေ့ချီထားပေးရတယ်။ တော်သေး၏ ဆေးတွေ ဆောင်လာခဲ့လို့။ တနင်္လာနေ့မနက် ပြန်ခါနီးမှာတော့ အဖျားကျသွားတယ်။ အနီကွက်တွေ ထလာတယ်။
.
 ရန်ကုန်ရောက်မှ ဆရာဝန်ပြန်ပြကြည့်တော့ ဂျိုက်သိုးလိုမျိုးဖြစ်တာတဲ့။ နောက်တစ်ရက် နှစ်ရက်လောက်ဆို ကောင်းသွားမှာပါ။ အခုတော့ ဆော့နေလိုက်တာ နေမကောင်းဖြစ်နေတယ်တောင် မထင်ရဘူး။ လှိုင်းတွေပုတ်နေတာကို သားက အရမ်းကြိုက်တယ်။ အာဝုန်း အာဝုန်း....ဆိုပြီး လှိုင်းတွေကို ကြည့်ပြီး သဘောတွေကျနေလိုက်တာ။ ကိုယ်ပူနေတော့ ရေတော့ မဆော့လိုက်ရရှာဘူး။ နောက်နည်းနည်းလေး ကြီးမှ တစ်ခေါက်လောက် ထပ်ပို့ပေးရမယ်။

3 comments:

  1. ဒီကလေးလေး အကြောင်းကို စမွေးကထဲက ဖတ်လာတာ ခုချိန်ထိပဲ။

    မျက်စိရှေ့ ဘလောဂ့်ပေါ်တင် ကြီးလာလိုက်တာ။ ကြီးလာတော့ ပိုချစ်စရာကောင်းလာတယ်။ တတ်မယ့်ပုံ။

    သတိထားမိတာတော့ မျက်လုံးက စွဲဆောင်မှု့အရှိဆုံးနဲ့ စကားတွေ ပြောနေတယ်။

    ဖြစ်နိုင်ရင် သူ့အကြောင်း တိုးတက်မှု့တွေကို ပုံတွေနဲ့ Update လုပ်ပေးနိုင်ရင် ကောင်းမယ်။

    ထွန်းလင်းထွန်း Big fan ဆိုပါတော့။

    SMNTL
    Ldn

    ReplyDelete
  2. အဲသလောက်တော့မလိုအပ်ဘူးထင်တယ်။

    (ကလေးမရှိသူတစ်ဦးကန့်ကွက်သွားသည်။)

    ReplyDelete
  3. Play Slots Online at LuckyClub Casino UK
    Play over 2000 of luckyclub the latest online slots from the best software providers at LuckyClub. Sign up today to claim your welcome bonus!‎Login · ‎Game Selection · ‎Slots · ‎Free Spins

    ReplyDelete