Showing posts with label religion. Show all posts
Showing posts with label religion. Show all posts

Saturday, August 16, 2008

၀ါခေါင်ကန်တော့ပွဲ (ရန်ကင်းအိမ်)
























နှစ်စဉ် ၀ါခေါင်လကို ရောက်ရင် ကျွန်တော်တို့ မိတ်သင်္ဂဟတစ်စုတို့ရဲ့အိမ်တွေမှာ ဒီလို ၀ါခေါင်ကန်တော့ပွဲလေး လုပ်တာ ကျွန်တော့်တစ်သက်နီးပါးလောက်ရှိပါပြီ။ ဂိုဏ်း ဂဏတွေ နတ်တင်တာမျိုးတွေမဟုတ်ပါဘူး။ (၁၀)ဌာန ပုဂ္ဂိုလ်တွေကို ပန်း၊ ရေချမ်း၊ဆီမီး၊ဆွမ်းတို့နဲ့ ကပ်လှူတယ်။

(ဂ)ဌာန ပုဂ္ဂိုလ်တွေကို ပန်း၊ ရေချမ်း၊ဆီမီး၊ဆွမ်း .. သူတို့ကိုယ်တိုင် ဘုရားကို ကပ်လှူဖို့ ပင့်ဖိတ်ပြီး လှူပေးတယ်။ ပန်းဆိုတာ အရဟံအောင်လံစိုက်ထားတဲ့ အောင်သပြေပန်းတွေပါ။ ပြီးတော့ (၈)ဌာန ပုဂ္ဂိုလ်တွေကို ရေချမ်း၊ဆွမ်း ကော်ဖီအချိုရည် စသည်ဖြင့် လှူပေးတယ်။

၀ါခေါင်လဆန်း ၁၂ရက်ညနေဖက်မှာ (၈)ဌာန ပုဂ္ဂိုလ်တွေကို လက်ဖက်ပွဲ သောက်တော်ရေနဲ့ ပင့်ပါတယ်။ လဆန်း ၁၃။ ၁၄ နဲ့ လပြည့် သုံးရက်တိုင်တိုင် အာရုံဆွမ်းကပ်ပါတယ်။ သားသတ်လွတ်ပါ။ ထောပတ်ထမင်း၊ အုန်းထမင်း၊ သစ်သီး ဒန်ပေါက်.. စတာတွေလှူနိုင်ပြီး သစ်သီးများလဲထည့်နိုင်ပါတယ်။

မိသားစုဝင်အားလုံး သားသတ်လွတ်စားရပါတယ်။ အရဟံကိုပွားများကြရပါတယ်။ မေတ္တာပို့ရပါတယ်။ အိမ်ထောင်ဦးစီးများ လပြည့်နေ့မှာ ဥပုတ်စောင့်ရပါတယ်။ ဆောင်ရွက်ပုံအသေးစိတ်ကို အားတဲ့အချိန်ရေးပြီး မှတ်တမ်းအဖြစ် တင်ထားပါဦးမယ်။

Thursday, August 14, 2008

ဝါခေါင်ကန်တော့ပွဲ 2008





(၈)ဌာန

ခုနက ပြောခဲ့တဲ့ (၁၀)ဌာနက ၉ နဲ့ ၁၀ ကို နောက်တစ်ဆင့် အသေးစိတ်လိုက်တဲ့သဘောပါ။ ဆယ်ဌာနလိုတော့ နေ့စဉ်အိမ်မှာအမြဲလှူတန်းဆက်ကပ်ဖို့ထက် ခါကြီးရက်ကြီး၊ မွေးနေ့၊ မင်္ဂလာရက်၊ အိမ်တက် စတဲ့အချိန်တွေမှာ ပင့်ဖိတ်လှူတန်းတာများပါတယ်။

လှူတန်းပုံနှစ်မျိုးရှိပါတယ်။
- ယင်းပုဂ္ဂိုလ်များ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား ကိုယ်တိုင်ကိုယ်ကျ ကပ်လှူနိုင်ရင် လှူတန်း ပေးခြင်း။ (သူတို့ စားသုံးရန် လှူတန်းခြင်းမျိုးမဟုတ်။ သူတို့က ဘုရားကို လှူရန် ပေးလှူခြင်းဖြစ်ပါတယ်။)

- ယင်းပုဂ္ဂိုလ်များကို တိုက်ရိုက် ဧည့်ခံလှူတန်းခြင်း
 

ရှစ်ဌာနပုဂ္ဂိုလ်များ
(၁) အလုံးစုံသော ရဟန်းဝိဇ္ဇာထိုရ် ဆရာတော်အပေါင်း (ဥပမာ ဘားမဲ့၊ ယက္ကန်းစင်တောင်၊ ရှင်မထီး ...)
(၂) အလုံးစုံသော နတ်ဝိဇ္ဇာထိုရ် ဆရာတော်အပေါင်း
(၃) အလုံးစုံသော လူဝိဇ္ဇာထိုရ် ဆရာတော်အပေါင်း (ဥမာ ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်....)
(၄) ၀ိဇ္ဇာဇော်ဂျီ ဆရာတော်အပေါင်း
(၅) ဘိုးတော်သကြားမင်းနှင့် သာသနာစောင့် နတ်မင်းအပေါင်း
(၆) သူရဿရီမယ်တော်ကြီးနှင့် ဒေဝီမယ်တော်အပေါင်း
(၇) ရုက္ခစိုး၊ ဘုမ္မာစိုး၊ အာကာသစိုး နတ်မင်းအပေါင်း
(၈) စင်္ကြာဝဠာ အနန္တရှိ ဗုဒ္ဓဘာသာဝင် နတ်မင်းအပေါင်း 

 

 

(၁၀)ဌာန

ကျွန်တော်တို့မိသားစုအပြင် နီးစပ်ရာ ဓမ္မမိတ်ဆွေတစ်စုရဲ့ အိမ်မှာထားတဲ့ (၁၀)ဌာန အကြောင်းလေး ပြောပါမယ်။ မြတ်စွာဘုရားနှင့်တကွ ပစ္စေကဗုဒ္ဓါအပေါင်း ရဟန္တာအပေါင်းတို့ကို ပူဇော်လှူတန်း နည်းလေး တစ်ခုပါ။ ပထမဆုံး (၁၀)ဌာနမှာ ဘာတွေပါလဲပြောပါမယ်။
(၁) မြတ်စွာဘုရား
(၂) အလုံးစုံသော ပစ္စေက ဗုဒ္ဓါအပေါင်း
(၃) ရဟန္တာ မထေရ်မြတ်အပေါင်း
(၄) အရှင်သာရိပုတ္တရာ (လက်ယာတော်ရံ ပညာအရာ အကြီးမြတ်ဆုံး)
(၅) အရှင်မဟာမောဂ္ဂလန် (လက်ဝဲတော်ရံ တန်ခိုးအရာ အကြီးမြတ်ဆုံး)
(၆) အရှင် ဗာကုလ (ကျန်းမာရေးအရာအတွင် အမြတ်ဆုံး)
(၇) အရှင်သီဝလီ (လာလ်လာဘ ပေါများရာတွင် အမြတ်ဆုံး)
(၈) အရှင်ဥပ္ပဂုတ္တ (ဘေးရန်အန္တရယ်အပေါင်းကို နှိမ်နှင်းပယ်ရှားပေးနိုင်ခြင်း)
(၉) အလုံးစုံသော ၀ိဇ္ဇာဇော်ဂျီ ဆရာတော်အပေါင်း - အတွက် မြတ်စွာဘုရားအား ကပ်လှူပေးခြင်း
(၁၀) စင်္ကြာဝဠာ အနန္တရှိ ဗုဒ္ဓဘာသာဝင်နတ်မင်းအပေါင်း -အတွက် မြတ်စွာဘုရားအား ကပ်လှူပေးခြင်း

သောက်ရေဆို ဆယ်ခွက်၊ ဆွမ်းဆယ်ပန်းကန်၊ ပန်းဆယ်ပွင့်၊ မျက်နှာသုတ်ပုဝါဆယ်ထည်၊ ဖယောင်းတိုင် ဆယ်တိုင်၊ အမွှေးတိုင် ဆယ်တိုင် စသည်ဖြင့် လှူတန်းနိုင်ပါတယ်။ ကျွန်တော်တို့ အိမ်က ဘုရားစင်မှာဆို သောက်တော်ရေခွက် (၁၀)ခွက်ရှိပါတယ်။ ခုနက ပြောတဲ့ (၁၀)ဌာနကို လှူထားတာပါ။ ဘုရား၊ ပစ္စေကဗုဒ္ဓါ နဲ့ ရဟန္တာကြီးတွေကို အိမ်မှာ အမြဲပင့်ထားပြီး လိုအပ်သမျှ လှူတန်းတယ် ဆိုတဲ့ သဘောမျိုးပါ။

အိမ်မှာ အမေဆိုရင် မနက်အစောကြီး မျက်နှာသစ်တော်ရေနဲ့ မျက်နှာသုတ်ပဝါလေးတွေ ကပ်ပါတယ်။ ပြီးမှ ဆွမ်းနဲ့ သောက်တော်ရေကပ်ပါတယ်။ ညဖက် မှာ သောက်တော်ရေကပ်ပါတယ်။ လပြည့်လိုနေ့တွေဆို အအေးကပ်ပါတယ်။ ဘုရားစင်မှာထားဖို့ အစီအစဉ်ကတော့ - ၁၊ ၉၊ ၁၀၊ ၂  ..... ၃ ၄ ၅ ၆ ၇ ၈ ၉ ဆိုပြီး နှစ်တန်း တန်းထားနိုင်ပါတယ်။ ပထမအတန်းက ကိုယ်က ဘုရားလှူတာရယ်၊ ဆရာတော်တွေ နတ်တွေအတွက် ဘုရားလှူပေးတာရယ်၊ ပစ္စေကဗုဒ္ဓါအပေါင်းရယ် ပါ.။ ဒုတိယအတန်းကတော့ ရဟန္တာတွေပေါ့။

အထက်ပါအစီအစဉ်အတိုင်း သောက်တော်ရေခွက်များကို တစ်တန်းတည်းလဲထားနိုင်ပါတယ်။ အကြောင်းကြောင်း အခက်အခဲတွေကြောင့် ဆယ်ခွက်မလုပ်နိုင်ရင်လဲ ၁။ ၉။ ၁၀။ ၃ ဆိုပြီး ငါးခုပဲလည်း လှူတန်းနိုင်ပါတယ်။ ၃ ကိုလှူတန်းချိန်မှာ ရဟန္တာအားလုံးကို စိတ်ထဲက မှန်းပြီးလှူပေါ့။

ထပ်ချုံ့ ချင်ရင်တော့ ၁။ ၂။ ၃ ပေါ့ .... ဘုရား၊ ပစ္စေကဗုဒ္ဓါ နဲ့ ရဟန္တာတွေကို လှူတယ်ပေါ့။ လှူတာက တရားပေါ့။ ဒါဆို ဘုရား၊တရား၊ သံဃာ ဆိုတဲ့ ရတနာသုံးပါး ပြည့်စုံသွားတာပေါ့။ ပြီးတော့မှ ၀ိဇ္ဖာဆရာတော်တွေ နတ်တွေကို ကိုယ့်အလှူ အတွက် အမျှအတန်းပေးဝေပေါ့။ တစ်ချို့အိမ်တွေမှာ ရေသုံးခွက်တော့ လှူထားပါရဲ့ ဘုရား၊ တရား၊ သံဃာတဲ့ ... တရားဆိုတာက ဘယ်လို ရေသောက် မယ်ဆိုတာ တွေးလို့မရဘူး :D


Thursday, November 15, 2007

မေတ္တာခံယူနည်းတစ်ခု

သူတပါးကို သတ္တဝါများကို ကျန်းမာချမ်းသာစေကြောင်း မေတ္တာပို့သကြသလို ... သူများတွေပို့သနေကြသော မေတ္တာတွေကိုလည်း ခံယူနိုင်ပါတယ်။ အဲဒီမေတ္တာတွေကိုခံယူပြီး ဆုတောင်းပြုပုံလေးတစ်ခုပါ။ ကျွန်တော်တို့ မိသားစုတွေ ဘုရားရှိခိုးပြီးတိုင်း ရွတ်ဆိုဆုတောင်းလေ့ရှိကြပါတယ်။ စာရွက်နဲ့ရိုက်ပြီးလည်း ဓမ္မဒါန လှူတန်းဖူးပါတယ်။ ပျောက်ပျက်မသွားအောင် သိမ်းထားချင်လို့ အခုဘလော့ပေါ်ကို တင်ပါတယ်။ အလိုရှိသူများ ကူးယူအသုံးပြုနိုင်ကြပါတယ်ခင်ဗျား။
(၁) သူတော်ကောင်းအပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန် သောတာပန် သကဒါဂါမ် အနာဂါမ်အစရှိသော အရိယာသူတော်စင်အပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန်တို့သည် ကျွနု်ပ်၏ ရင်တွင်းနှလုံးသား၌ ဝင်ရောက်ကိန်းအောင်းလျက် တစ်ကိုယ်လုံးပျံ့နှံ့ပြီးလျှင် ထိုထိုသောမေတ္တာတော် အာနုဘော် တန်ခိုးအာနိသင်တို့ကြောင့် ကျွန်ုပ်၏ ကိုယ်တွင်းကိုယ်ပ နှစ်ဌာနတို့တွင် ရှိကြကုန်သော ၉၆ဖြာသော ရောဂါဝေဒနာ ဟူသမျှတို့သည် ယခုအချိန်ကစပြီး ကျွနု်ပ်၏ ကိုယ်ခန္ဓာမှ ရှင်းရှင်းကင်းပ မရှိကြကုန်သည် ဟောတု ဖြစ်ရပါစေသား ....

(၂) သူတော်ကောင်းအပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန် သောတာပန် သကဒါဂါမ် အနာဂါမ်အစရှိသော အရိယာသူတော်စင်အပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန်တို့သည် ကျွနု်ပ်၏ ရင်တွင်းနှလုံးသား၌ ဝင်ရောက်ကိန်းအောင်းလျက် တစ်ကိုယ်လုံးပျံ့နှံ့ပြီးလျှင် ထိုထိုသောမေတ္တာတော် အာနုဘော် တန်ခိုးအာနိသင်တို့ကြောင့်

ကျွန်ုပ်၏ မကောင်းသောဘေး၊ မကောင်းသောရန်၊ မကောင်းသောဥပါဒ်အန္တရယ်၊ မကောင်းသောဇာတာပေစာ၊ မကောင်းသောအတိတ်၊ မကောင်းသောနိမိတ်၊ မကောင်းသောအိပ်မက်၊ မကောင်းသောအနိဌာ၊ မကောင်းသောအမင်္ဂလာ ဟူသမျှတို့သည် ယခုအချိန်ကစ၍ ကျွန်ုပ်၏ ကိုယ်ခန္ဓာမှ ရှင်းရှင်းကင်းပ မရှိကြကုန်သည် ဟောတု ဖြစ်ရပါစေသား ....

(၃) သူတော်ကောင်းအပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန် သောတာပန် သကဒါဂါမ် အနာဂါမ်အစရှိသော အရိယာသူတော်စင်အပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန်တို့သည် ကျွနု်ပ်၏ ရင်တွင်းနှလုံးသား၌ ဝင်ရောက်ကိန်းအောင်းလျက် တစ်ကိုယ်လုံးပျံ့နှံ့ပြီးလျှင် ထိုထိုသောမေတ္တာတော် အာနုဘော် တန်ခိုးအာနိသင်တို့ကြောင့်

ကျွန်ုပ်၏ စားမှု သောက်မှု ဝတ်ဆင်မှု လုပ်ကိုင်မှု ဟူသမျှတို့၌ မပူမပင် မကြောင့်မကြ မတောင့်မတရဘဲနှင့် ဣစ္ဆိတံ ပတ္တိတံ (မယှံ) (တုယှံ) ခိပ္ပမေဝ သမိဇ္စျတု အလိုရှိအပ်သော ဆုတို့သည် မကြာချက်ချင်း ယခုလက်ငင်း ပြည့်စုံရပါစေသား။

(၄) သူတော်ကောင်းအပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန် သောတာပန် သကဒါဂါမ် အနာဂါမ်အစရှိသော အရိယာသူတော်စင်အပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန်တို့သည် ကျွနု်ပ်၏ ရင်တွင်းနှလုံးသား၌ ဝင်ရောက်ကိန်းအောင်းလျက် တစ်ကိုယ်လုံးပျံ့နှံ့ပြီးလျှင် ထိုထိုသောမေတ္တာတော် အာနုဘော် တန်ခိုးအာနိသင်တို့ကြောင့်

ကျွနု်ပ်၏ စိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်းဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရောက်ကြောင်းမှန်သော ၀ိပဿနာတရားထူးတရားမြတ်ကို အလွယ်တကူနှင့် အားထုတ်နိုင်ပြီး ယခုဘဝ၌ပင်လျှင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ရဟန္တာဘဝသို့ အလွယ်တကူနှင့် ကူးရောက်နိုင်ပြီး နိဗ္ဗာန် ချမ်းသာကြီးကို ရပါစေသား ရောက်ပါစေသား။
 

Friday, September 7, 2007

နှစ်ကျိတ်ရှစ်ဆူ

ကျိုက်ပတိုင်းရွာလေး ကိုးနဝင်းအေးစေတီဝင်းထဲက နှစ်ကျိပ်ရှစ်ဆူဘုရားတွေပါ။ ပဲခူးမြို့က ပစ်တိုင်းထောင် ဒေါ်တင်ရီ မိသားစုက ဆောက်လုပ်လှူတန်းတဲ့ ကိုးပေးဆယ်ခန်းကျောင်းဆောင်ထဲမှာ စံပါယ်တော် မူနေကြ တာပါ။ ဘုရားတစ်ဆူခြင်းကတော့ ဓမ္မာ့မိတ်ဆွေ မိသားစုတွေ အသီးသီးက လှူတန်းထားကြတာပါ။ နောက်ခံ ဗနိုင်းနဲ့ ဘုရားသမိုင်းစာတွေက ကျွန်တော့်ရဲ့အလှူပါ။




































အဲဒီ ဗနိုင်းကားချပ်တွေပေါ်က စာသားတွေကို သိမ်းထားတဲ့သဘောနဲ့ ဒီမှာပဲတင်ထားလိုက်ပါတယ်။ ...............

မတူ (၈) မျိုး

မြတ်စွာဘုရားရှင်တို့သည်အလုံးစုံသောဘုန်းတန်ခိုးအာနုဘော် ကျေးဇူးတော်၊ဂုဏ်တော်တို့မှာ တစ်စုံတစ်ရာ ထူးထွေခြင်းမရှိ၊ ပကတိမခြား၊ အားလုံးအတူတူပင်ဖြစ်သည်။ ခေတ်၊အချိန်အခါ မတူ၍ကွဲပြားခြားနားသော မတူ(၈)မျိုးသာရှိသည်။ ၄င်းတို့မှာ-

၁။ အသက်တမ်းပမာ (အာယုဝေမတ္တ)

၂။ လုံးရပ်ပမာဏ (ပမာဏဝေမတ္တ)

၃။ အမျိုးအနွယ် (ကုလဝေမတ္တ)

၄။ တောထွက်သောအခါစီးသည့်ယာဉ် (ယာနုဝေမတ္တ)

၅။ ဗောဓိပင် (ဗောဓိဝမတ္တ)

၆။ ပလ္လင်တော်ပမာဏ (ပလ္လင်္ကဝေမတ္တ)

၇။ ဒုက္ကရစရိယာကျင့်ရာကာလ (ပဓာနဝေမတ္တ)

၈။ ရောင်ခြည်တော်ပမာဏ(ရသ္ဓိဝေမတ္တ)

ဤ(၈)မျိုးမှလွဲရင် ဗုဒ္ဓမြတ်စွာဘုရားကိုယ်တော်၏ လက္ခဏာတော်ကြီးငယ်အားလုံး အတူတူဖြစ်သလို ဟောကြားသော တရားအနှစ်သည်လည်း အတူတူပင်ဖြစ်သည်။သက်တမ်းတစ်သိန်းတန်းမှာ ပွင့်တော်မူသည့် ဗုဒ္ဓဟောကြားခဲ့သော တရားနှင် ့သက်တမ်းတစ်ရာမှာ ပွင့်ခဲ့ရသည့် ဂေါတမမြတ်စွာဘုရား ဟောကြားသော တရားအတူတူပင်ဖြစ်သည်။ အသက်တစ်သိန်းတန်း မှာပွင့်ခဲ့ရသောကြောင့်တစ်လမှာ တစ်ဂါထာ၊ တစ်နှစ်မှာ တစ်ဂါထာ ဟောခဲ့ရခြင်းရှိကောင်းရှိမည်။

ဂေါတမမြတ်စွာဘုရားမှာနှစ်တစ်ရာတန်း၊၀ါတော်မှာ(၄၅)၀ါ သာရှိသည့်အတွက် နှစ်တစ်သိန်းတန်းမှာ ပွင့်ခဲ့ရ သည့် မြတ်စွာဘုရားများ ဟောကြားခဲ့ရသည့် တရားအလုံးစုံပြီးပြည့်စုံအောင် နေ့နေ့ညည၊ ညဉ့်ဦး၊ ညဉ့်လယ်၊ အရုဏ်တက်စသည်ဖြင့် ခေတ္တခဏသာနားပြီး (၄၅)၀ါပတ်လုံး မနားမနေ ဟောကြားခဲ့ရသည်။


မဟာကပ်နှစ်မျိုး
၁။ သုညကပ်= သုညကမ္ဘာ (မြတ်စွာဘုရားမပွင့်သောကပ်)

သို့သော် ပစ္စေပဗုဒ္ဓါနှင့်စကြာမင်းတို့ဖြစ်ပေါ်နိုင်ကြောင်း

အပဒါန်ပါဠိတော်၊ပဌမဝဂ်၊ပါလိထေရသုတ်တို့၌ပါရှိ၏။

၂။ အသုညကပ် = အသုညကမ္ဘာ (မြတ်စွာဘုရားပွင့်တော်မူသောကပ်)

တစ်ဖန်မြတ်စွာဘုရားနှင့်တော်မူသောကပ်ပေါင်းငါးမျိုး ရှိပြန်သည်။

(က) ဘုရားတစ်ဆူပွင့်လျှင် - သာရကမ္ဘာ

(ခ) နှစ်ဆူပွင့်လျှင် - မဏ္ဍကမ္ဘာ

(ဂ) သုံးဆူပွင့်လျှင် - ဝရကမ္ဘာ

(ဃ) လေးဆူပွင့်လျှင် - သာရမဏ္ဍကမ္ဘာ

(င) ငါးဆူပွင့်လျှင် - ဘဒ္ဒကမ္ဘာ

ကပ်တစ်ကပ်၏အချိန်ကာလကိုသင်္ချာဂဏန်းဖြင့်ရေတွက်၍ မရနိုင်ပါ။ သို့သော်မှန်းဆ၍ကြည့်လိုလျှင် အလျား၊ အနံ၊ အမြင့် တစ်ယူဇနာစီရှိသောတိုက်ခန်း(ဂိုဒေါင်)ကြီးအတွင်း၌အလွန်သေးငယ် လှသော မုန်ညင်းဖြူစေ့တို့ကို အပြည့်ထည့်ထားပြီး အနှစ်တစ်ရာ ပြည့်လျှင်တစ်စေ့ယူ၍ပစ်။ ထိုဂိုဒေါင်ကြီးထဲမှမုန်ညင်းစေ့သာ ကုန်ဆုံး သွားမယ်။ကပ်တစ်ခုအချိန်ကာလတစ်ခုမကုန်ဆုံးသေးပါ။

မှန်းဆကြည့်ရန်-

တစ်ယူဇနာ = မိုင်ပေါင်း(၁၃)မိုင် (အယူအဆအမျိုးမျိုးရှိပါသည်)

ဂိုဒေါင်၏ထုထည် = 13 x 13 x 13 x (5280)3 x (12)3 cubic inches


မုန်ညင်းစေ့တစ်စေ့(ခန်မှန်း)အချင်းဝက် မ = 0.01 inch


ဘုရားလောင်း (၃)မျိုး
ဘုရားသုံးမျိုးမကွဲပြားပါ။ပါရမီဖြည့်ကျင့်ပုံချင်းမတူသောကြောင့် ဘုရားလောင်း (၃)မျိုးကွဲပြားရသည်။ ဗျာဒိတ် ရရန် အင်္ဂါ(၈)ပါး မပြည့်စုံမီအချိန်ကာလကိုအသင်္ချေနှင့်ပင်ရေတွက်၍မရနိုင်သည့် အတွက် ဘုရားဟော ကျမ်းစာမှာ လုံးဝမပါရှိပါ။ သို့သော်ဗျာဒိတ်ရခြင်းအင်္ဂါ (၈)ပါးပြီးပြည့်စုံချိန်မှာဘုရား တစ်ဆူက ၄င်း ဘုရားလောင်း၏ ဉာဏ်ရည် (ယခုခေတ်အခေါ် IQ = intelligent quotient)ကို ကြည့်ပြီး-

(၁) ပညာဉာဏ်ကိုအဓိကထားမည့် ဘုရားလောင်းအား
(ပညာဓိကဘုရားလောင်း)ဟုဗျာဒိတ်ပေးပြီး (၄)သချေင်္နှင့် ကမ္ဘာတစ်သိန်းပါရမီဖြည့်ရ၏။

(၂) ယုံကြည်ခြင်းသဒ္ဒါလွန်ကဲသည့် ဘုရားလောင်းအား
(သဒ္ဒါဓိကဘုရားလောင်း)ဟုဗျာဒိတ်ပေးပြီး (၈)သချေင်္နှင့် ကမ္ဘာတစ်သိန်းပါရမီဖြည့်ရ၏။

(၃) ဝီရိယကိုသာအားကိုးအားထားပြုသည့်ဘုရားလောင်းအား
(ဝီရိယဓိကဘုရားလောင်း)ဟုဗျာဒိတ်ပေးပြီး (၁၆)သချေင်္နှင် ကမ္ဘာတစ်သိန်းပါရမီဖြည့်ရ၏။

နောင်ပွင့်လတ္တံသောအရိမေတ္တယျမြတ်စွာဘုရားသည် ဘုရားလောင်းဘဝက (၁၆)သင်္ချေ နှင့်ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ ရသည့် ဝီရိယဓိကဘုရားလောင်းဖြစ်သည်။ ဂေါတမမြတ်စွာဘုရားလက်ထက််မှာ အဇိတဟူ၍ မထင်မရှားရဟန်းဖြစ်ခဲ့သည်။ ထိုအဇိကရဟန်းသည် ဗိမ္မိသာရ၏မြေးဖြစ်ပြီးအဇာတသတ်မင်း၏ သားတော် ဖြစ်သည်။


ဒုက္ခစရိယာ(၆)နှစ်ကျင့်ရခြင်း၏အကြောင်းအရင်း
ဂေါတမမြတ်စွာဘုရားလောင်းသည် ဒီပင်္ကရာမြတ်စွာဘုရား ထံမှဗျာဒိတ်ရရှိခဲ့သော်လည်း ဒုက္ကရ စရိယာ (၆)နှစ် ဟူ၍မပါ ရှိသေးပေ။ ပါရမီဖြည့်စဉ် (၄)သင်္ချေနှင့်ကမ္ဘာတစ်သိန်း ပြည့်နေပြီဖြစ်သည့် ယခုဘဒ္ဒါကမ္ဘာတွင် ဂေါတမဘုရားမတိုင်မီ ကဿပမြတ်စွာဘုရားပွင့်ခဲ့သည်။

ဂေါတမဘုရားဖြစ်မည့်ဘုရားလောင်းဇောတိပါလပုဏ္ဏား လုလင်သည် ကဿပမြတ်စွာဘုရားကို ဤ ဦးပြည်းကတုံး ရဟန်း အဖို့ရာ သဗ္ဗညုတရွှေဉာဏ်တော်သည်အဘယ်မှာဖြစ်နိုင်အံ့နည်း။ (သဗ္ဗညုတ ရွှေဉာဏ်တော်ဟူသည်မှာ အလွန်တရာရခဲသောတရားဖြစ်သည်) ဟုနှုတ်ဖြင့်ပစ်မှား ဝေဖန် ပြောကြား ခဲဖူးသည်။

(၂၈)ဆူသော ဘုရားများအနက် အခြားဘုရားများမှာရက် (သို့မဟုတ်) လသာကြာခဲ့ပြီး ဂေါတမမြတ်စွာဘုရားလောင်းမှာ ထိုမကောင်းမှုဝစီပေါက်ဝဋ်တော်လိုက်မှုကြောင့်ထူးထူးခြားခြား ဒုက္ကရစရိယာ (၆)နှစ်ကြာအောင်ကျင့်တော်မူရခြင်းဖြစ်သည်။


ဂေါတမမြတ်စွာဘုရားသက်တော်(၈၀)ဖြစ်ရခြင်း
မြတ်စွာဘုရားတို့မည်သည် လူတို့သက်တမ်းအပြည့်နေရိုးမရှိ။ လူတို့သက်တမ်း(၁၀၀)နှစ်၏ ၅ပုံလျှင်၄ပုံ (၈၀)နှစ် သာတည်တော်မူသည်။ ထို့ကြောင့်ဂေါတမမြတ်စွာဘုရားသည်(၈၀)နှစ်ဖြင့် ပရိနိဗ္ဗာန်ပြုခဲ့သည်။




Tuesday, September 4, 2007

ကျိုက်ပတိုင်ရွာက ကိုးနဝင်းအေးစေတီ

ပဲခူးမြို့နဲ့ ခြောက်မိုင် ခုနစ်မိုင်လောက်မှာရှိတဲ့ (ပဲခူးစစ်တောင်းတူးမြောင်းဘေးက) ရွာလေးပါ။ ပဲခူးကနေ သနပ်ပင်အထိကားနဲ့သွား အဲဒီကနေ မော်တော်အသေးလေးစီးသွားရင် လေးဆယ့်ငါးမိနစ် တနာရီပျော့ပျော့လောက် သွားရင်ရောက်ပါတယ်။ ဒါမှမဟုတ် ပွင့်လင်းရာသီဆိုရင် ပဲခူးရွှေမော်ဓေါဘုရားကြီး ခြေရင်း (ပဲခူးရန်ကုန် ကားတွေရပ်တဲ့ဂိတ်ပေါ့) ကနေ ဆိုင်ကယ်ကယ်ရီ စီးသွားရင် မိနစ်နှစ်ဆယ်လောက်ဆို ကျိုက်ပတိုင်ရွာကြီးကို ရောက်ပါတယ်။ အဲဒီကနေ တူးမြောင်းကို ကူးတို့နဲ့ ကူးပြီး ကျိုက်ပတိုင် ရွာလေးကို သွားရတာပါ။ ဘုရားက ရွာလေးမှာပါ။ ကျိုက်ပတိုင် ရွာကြီးနဲ့ ရွာလေးကို ပဲခူးစစ်တောင်းတူးမြောင်းက ခြားထားပါတယ်။ အသက်မွေးဝမ်းကြောင်းအဖြစ် လယ်ယာစိုက်ပျိုးရေး၊ ငါးဖမ်းခြင်း၊ ဘဲမွေး ဘဲဥရောင်းခြင်း၊ ပဲခူး ဆေးလိပ်ခုံများမှ ဆေးလိပ်ယူလိပ်ခြင်း တို့လုပ်ကိုင်ကြပါတယ်။
ကိုးတောင်ပြည့်ဘုရားလေးက ပဲခူးစစ်တောင်း တူးမြောင်းကနေ လယ်တွေထဲရေပေးတဲ့ ချောင်းရိုးလေး ကမ်းပါးမှာပါ။ အဲဒီအတိုင်း မော်တော်နဲ့သွားရင် နိဗ္ဗန်တို့ ခမဲပြင်တို့ရောက်ပါတယ်။ ဘုရားကုန်းဟာ တစ်ချိန်က ဆင်ဖြူမွေးဖွားခဲ့ရာ အောင်မြေတစ်ခုလို့ မှတ်သားဖူးပါတယ်။ (သမိုင်းအထောက်အထား အခိုင်အမာတော့ မတွေ့ဖူးပါ) အထက်လမ်းစဉ်လိုက်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦး တည်ထားခဲ့တာပါ။ အခုနောက်ပိုင်း သားတပည့်အစဉ်အဆက် ဆက်လက်ပြီး လှူတန်းသာသနာပြကြလို့ အခုဆို ဘုရားဆင်းတုတော်တွေ၊ ရဟန္တာပုံတော်တွေ၊ အခြားပုဂ္ဂိုတွေရဲ့ ရုပ်ထုတွေနဲ့ တော်တော်လေးကို စုံစုံလင်လင်နဲ့ ဖြစ်နေပါပြီ။


ဘုရားရဲ့ထောင့်လေးထောင့်မှာ တန်ဆောင်းတွေ ဆောက်လုပ်ထားတယ်။ အနောက်ဖက်က တန်ဆောင်း နဲ့ဆက်ရက် နဝင်းနှစ်ထပ် ဇရပ်လေးရှိပါတယ်။ အတွင်းက အုတ်ကာထားတဲ့ အပိုင်းက ကိုးပေပတ်လည်ပါ။ အပြင်ဖက်က ဆယ့်ရှစ်ပေပတ်လည်ပါ။ နဝင်းကိုက်အောင် ဆောက်လုပ်ထားတာလို့ မှတ်သားဖူးပါတယ်။။





အောက်ကပုံက ဘုရားဘေးက ရွာရဲ့သောက်ရေကန်ကြီးပါ။ မိုးတွင်းမှာ စဉ့်အိုးကြီတွေနဲ့ မိုးရေကိုခံပြီး စုဆောင်းသုံးစွဲကြပေမဲ့ နွေရာသီ မှာတော့ သောက်ရေသုံးရေအတွက်ရွာတောင်ပိုင်းကလူတွေ အားထားသုံးစွဲရတဲ့ကန်ကြီးပေါ့။


















ဘုရားဝင်းထဲမှာ နဂါရုံးဘုရား နဲ့ မတ်တပ်ဆင်းတုနှစ်ဆူရှိတယ်။ ရဟန္တာရုပ်တုတွေ (အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်ဗာကုလ၊ အရှင်သီဝလိနဲ့ အရှင်ဥပဂုတ္တ) လည်းရှိတယ်။ နောက်ဆုံးတည်ထားတာက နှစ်ကျိပ်ရှစ်ဆူဘုရားတွေပါ။ နဂါးရုံဘုရားနဲ့ ရဟန္တာတွေရဲ့အနောက်ဖက်လေးမှာ ကိုးပေ ဆယ်ခန်းကျောင်းဆောင်နဲ့တည်ထားတာပါ။





























ရဟန္တာရုပ်တုတွေ (အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်ဗာကုလ၊ အရှင်သီဝလိနဲ့ အရှင်ဥပဂုတ္တ) လည်းရှိတယ်