Tuesday, August 5, 2008

Wilshere got No. 19 Shirt

မနှစ်က ဘောလုံးရာသီမှာ Arsenal လူငယ်အသင်းမှာ ခြေစွမ်းပြခဲ့ပြီး Emirate Cup ပြိုင်ပွဲ ပွဲစဉ်နှစ်ခုလုံးမှာ ဘယ်တောင်ပံနေရာကနေ ပရိသတ်အများ သတိပြုမိသည်အထိ ခြေစွမ်းပြခဲ့တဲ့ လူငယ်လေး Jack Welshere ကို ဒီနှစ်ဘောလုံးရာသီအတွက် First Team ကို ခေါ်ယူလိုက်ပါပြီ။ Giberto Silver ရဲ့ No. 19 ကို ဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။ အခုအချိန်မှာ သူဟာ အသက်၁၆နှစ်ကျော်ပဲရှိပါသေးတယ်။ သူ့့ရဲ့ အသက်(၁၇)နှစ်မွေးနေ့ ပြီးရင် Arsenal က Professional Contract ချုပ်ဆိုမှာဖြစ်ပါတယ်။

 

Monday, August 4, 2008

လက်နက်ကောင်း

တိမ်စစ်သည်တို့ကို စုရုံး၍ မရသော မိုးနတ်သားသည် ခြိမ်းခြောက် ဟိန်းဟောက်သံကိုသာ ပေးနေရတော့၏။ လေနတ်မောင်၏ ရယ်မောသံကား မခံချိ မခံသာ ဖြစ်စရာပင်။ ကောင်းကင်တစ်ခုလုံးတွင် လေနတ်မောင်၏ ခြေရာလက်ရာ မြူမှုန် ဗရပ္ပသာ တွေ့ရ၏။

မိုးနတ်သားသည် ဤ မြူမှုန်ညစ်ပြာတို့ကို စင်စစ် ဆေးကြောချင်လှ၏။ သို့ရာတွင် သူ့တပ်သားတို့ကား ဖရိုဖရဲ ပြိုကွဲလလျက် ရှိခြေပြီ။ ရံဖန်ရံခါ ဟိုတစ်စ သည်တစ်စ တိမ်ဖြူလွလွတို့ကို ဆင့်ခေါ်ခဲ့ပါ၏။ လူ့လောကကို အေးမြစေလိုသော စေတနာ မွေး၍ မိုးသေး မိုးဖွဲ မိုးကျဲကျဲကို ရွာချနိုင်ပါ၏။ သို့သော် လေနတ်မောင်က ခြေထိုးလိုက်သည်နှင့် တစ်ပြိုင်နက် ကစဉ့်ကလျား ပြေးလွှားကုန်ကြတော့၏။

သွေးလေချောက်ချား တပ်ပျက်ကုန်ကြတော့၏။ မိုးနတ်သားသည် မခံမရပ်နိုင် ဖြစ်၏။ လေနတ်မောင် အဖျက်ဒဏ်ကို မည်သို့ ကြံ့ကြံ့ခံရမည်ကို စနစ်တကျ စီမံ၏။ တိမ်စစ်သည်တို့အား မည်သို့ နားချရမည်ကို စဉ်းစား၏။ လောကတစ်ခွင် လေနတ်မောင် အဖျက်သမားသာ အစိုးမိုးခံရလျှင် သစ်ပင်ပန်းမန် လူတိရိစ္ဆာန်တို့ ခိုုကိုးရာ မဲ့ချေတော့အံဟူသော မိုးနတ်သား၏ စေတနာသည် တိုက်ပွဲအောင်မည့် အကောင်းဆုံးလက်နက် ဖြစ်ပေ လိမ့်မည်။ 

 

ပိတောက်မှသရဖီသို့ (တင်မိုး)

အလှပြူတင်းပေါက်

ခတ္တာပွင့်ကလေးကို မည်သူပန်သနည်း။ ညနေရီတွင် ချစ်သူသည် ခတ္တာပွင့်ကလေးကို ပန်ဆင်လာခဲ့၏။ ပန်းပန်ထားသော ချစ်သူ၏အလှကို မည်သည့် အတိုင်းအတာနှင့်မျှ အကဲမဖြတ်နိုင်ချေ။ အလင်္ကာဆရာ တို့သည်ပင် အလှကို ၀ိဂြိုဟ်မပြုနိုင်ကြ။

ကဗျာဆရာလေးသည်ပင် ထိုအလှကို ရိုးတိုးရိတ်တိတ်မျှသာ ကဗျာ သီကုံးနိုင်ခဲ့၏။ စာဆိုဉာဏ်တွင် ထိုအလှကို အမိမဖမ်းနိုင်ရှာပေ။ ချစ်သူသည် သူပိုင်ဆိုင်သော အလှပစ္စည်းကို ကြွားဝါလို၍ ပန်းပန်ခြင်း မဟုတ်။ သူ့၌ အရိုင်းစိတ်ကို ကြည်၍ အယဉ်စိတ်ကို မွေးလေ့ရှိကြောင်း ပြခြင်းပင် ဖြစ်သည်။

သူ၏ စိတ်တွင်းအလှကို မြင်စိမ့်သောငှာ တစ်ခဏမျှ ဖွင့်လှစ်ပြလိုက်သော အလှပြူတင်းပေါက် ဖြစ်ပေသည်။ ယင်းအလှသည် တိုက်ရိုက် အသုံးဝင်ကောင်းမှ ဝင်ပေမည်။ အို ... တိုက်ရိုက် အသုံးမဝင်ပါပေ။ သို့ရာတွင် လောက၏ အသုံးအဆောင် မှန်ပေသည်။ သူ မပါလျှင် အလင်္ကာဂုဏ် မမြောက်နိုင်ပေ။

ရှုပါဘိ။ ပန်းကလေး၏ အလှသည် ချစ်သူ၏အလှကို လိုက်ဖက်အောင် ပြုပေး၏။ လှပသော အမူအရာသည် ပန်းကြောင့် ထင်ရှားလာ၏။ မျက်စိ၏ အဆင်မပြေမှုကို ဖျောက်၏။ အတင့်အတယ် ဖြစ်၏။ လောက၏ ပြေပြစ် တင့်တယ်သော အဆင်အယင်ကို ပြလိုက်နိုင်၏။ ထိုအခါ လောက၏ ချစ်စဖွယ်ဂုဏ်သည် နှလုံးသား၌ ကြေးမုံ ထင်လာလိမ့်မည် ဖြစ်သတည်း။

ပိတောက်မှသရဖီသို့ (တင်မိုး)

Arsenal 1 - 0 Real Madird


ဒီပွဲမှာတော့ Arsenal က ရှိတဲ့အထဲက အကောင်းဆုံး ကစားသမားတွေနဲ့ ပွဲထွက်လာတယ်။ Toure နဲ့ Fabregas မပါတာကလွဲလို့ပေါ့။ ဂိုးသမား Almunia နောက်တန်း ဗဟိုမှာ Gallas နဲ့ Sendros, ဘယ်ဖက်က Clichy နဲ့ ညာဖက်က Sagna. တောင်ပံနှစ်ဖက်က Nasri, Walcott, ကွင်းလယ်နှစ်ယောက်က Denilson, Diaby ရှေ့တန်းမှာ Adebayer နဲ့ Van Parsie ကို တွဲထားတယ်။ ဒီနေ့ပွဲမှာ ပထမနေ့ထက် ကစားကွက် ပိုကောင်းလာတယ်။ Real ကလည်း အမာခံ ကစားသမားတွေနဲ့ ပွဲထွက်လာလို့ အပြန်အလှန် ထိုးဖောက် တိုက်စစ် ဆင်ကြပြီး ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့တယ်။ Robinho, Baptista နဲ့ Raul (ဒုတိယပိုင်းမှာ Robin နဲ့ Nistelrooy) တို့ရဲ့ တိုက်စစ်တွေကို Arsenal နောက်တန်းက ခုခံကစားနိုင်ခဲ့တယ်။

Winger အနေနဲ့ Fabregas ကို ဘာလို့မသုံးလဲတော့ မသိဘူး။ Diaby နဲ့ Denilson တို့ရဲ့အလယ်တန်းကို သိပ်အားမရဘူး။ Denilson အစား Aron Ramsay ကို သုံးရင်တောင် ပိုကောင်းမယ် ထင်တယ်။ Flamini ထွက်သွားကတည်းက ကွင်းလယ် အဖျက်နေရာက တော်တော် အားနည်းသွားခဲ့တာ။ Wilshere လေးတစ်ယောက် ဒီပွဲမှာ ဒုတိယပိုင်း တစ်ဝက်လောက်မှ လူစားဝင်ကစားခဲ့ရပေမဲ့ ခြေစွမ်းပြ ကစားသွားတယ်။ Fabregas တို့လို တိုးတက်လာမဲ့ ကစားသမာလေးပဲဗျ။


Emirate Cup ပြိုင်ပွဲ နှစ်ပွဲမှာ Arsenal ကစားသွားတာကို ကြည့်ပြီးတဲ့နောက် သေချာသွားတာက အသင်းမှာ Adebayer ရှိကို ရှိနေရဦးမယ်။ သို့မဟုတ် သူ့လောက် ထက်မြက်တဲ့ တိုက်စစ်မှူးတစ်ယောက်လိုမယ်။ Van Parsie, Bentenar တို့က တစ်ခါတစ်လေ ခြေစွမ်းပျောက်နေတတ်တယ်။ Carlos Vela ကလည်း အသင်းငယ် တွေနဲ့ ခြေစမ်းတုန်းက ဂိုးတွေသွင်းနိုင်ခဲ့ပေမဲ့ အသင်းကြီးတွေရဲ့နောက်တန်းတွေကို သိပ်မတိုးနိုင်ဘူး။

Emirate ဖလားကို လက်လွှတ်လိုက်ရပေမဲ့ Arsene Winger အနေနဲ့ နေရာအလိုက်လူထုတ်သုံးတာနဲ့ ကစားကွက်ကို စိတ်ကြိုက် စမ်းသပ် ပုံဖော်ခွင့်ရခဲ့တယ်။ အဲဒါကို က အမြတ်ပဲပေါ့။

Sunday, August 3, 2008

Emirate Cup Arsenal 0 - 1 Juventus

ဒီပွဲမှာ Arsene Winger ကြီးက သူ့ရဲ့ ချာတိတ် ကလေးတွေကို အများကြီး ထုတ်သုံး သွားတယ်။ နောက်တန်းမှာ ဘယ်အစွန်က Clichy ရဲ့နေရာမှာ Kieran Gibbs ဆိုတဲ့ ကောင်လေး၊ ညာဖက်မှာ Hoyte ဗဟိုခံစစ်နေရာမှာ Senderos နဲ့ Djourou ကိုသုံးထားတယ်။ အောင်မယ် ... Senderos က Captain လက်ပတ်နဲ့ဗျ။

အလယ်တန်း ဘယ်အစွန်မှာ Jack Wilshere ဆိုတဲ့ကောင်လေး ပွဲထွက်တယ်။ ညာအစွန်မှာ Eboue နဲ့ ကွင်းလယ်က ဘရာဇီးသားလေး Denilson နဲ့ Ramsay ကို ၀င်ကစားတယ်။ ရှေ့တန်းတိုက်စစ်အနေနဲ့ လူသစ်Carlos Vela ကို Bendtner နဲ့တွဲပေးထားတယ်။

လူငယ်တွေအများစုပါဝင်နေပေမဲ့ အချိတ်အဆက်မိမိနဲ့ Juventus ကို သူတင်ကိုယ်တင် ယှဉ်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးသတ် Finishing ပိုင်းမှာ အားနည်းနေလို့ ဂိုးမရခဲ့ဘူး။ လူငယ်တွေ အရည်အသွေးကောင်းပေမဲ့ အတွေ့အကြုံလိုနေသေးတယ်။ Juventus က Trezeguet ရဲ့လူကျွံဘောအနေအထားက သွင်းယူသွားတဲ့ ဂိုးနဲ့ ပထမပိုင်းမှာဦးဆောင်နေတယ်။

ဒုတိယပိုင်းအစမှာ Vela အစား Adebayer Hoyte အစား Gallas နဲ့ Ramsay အစား Diaby ၀င်ကစားတယ်။ Adebayer ကြီးကစားနေတာ စိတ်မပါလက်မပါနဲ့ ခြေမပေါ်ဘူး။ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ အပေးအယူ တွဲလုံးလေးတွေ တော်တော်ကောင်းတယ်။ ရှေ့တန်းတိုက်စစ်မှုးတွေ Juventus ရဲ့နောက်တန်းကို သိပ်မခြိမ်းခြောက် နိုင်ခဲ့ဘူး။ ဂိုးသမား Buffon တောင် သိပ်မဖမ်းလိုက်ရဘူး။ ဒုတိယပိုင်း တစ်ဝက်ကျော် လောက်မှာ Segana, Nasri, Walcott တို့ဝင်ကစားသေးတယ်။ ဒါပေမဲ့ ချေပဂိုးတောင် ပြန်မသွင်းနိုင်ပါဘူး။

ဒီပွဲမှာ အဓိက ကစားသမားတွေဖြစ်တဲ့ Fabregas, Van Persi, Almunia တို့ကို ထုတ်မသုံးခဲ့ဖူး။ အရန်ဂိုးသမား Fabianski အထူးလက်စွမ်းပြကစားသွားတယ်။ တစ်ပွဲလုံးမှာ ကျွန်တော်အကြိုက်ဆုံးကတော့ left wing က ကစားသွားခဲ့တဲ့ မျက်နှာသစ်ကလေး Jack Wilshere ပါပဲ။ ၀ါရင့်ကစားသမားတစ်ဦးအလား အသင်းနဲ့ အံဝင်ဂွင်ကျ ကစားသွားနိုင်ခဲ့တယ်။ (ဒုတိယပိုင်း တစ်ဝက်ကျော်မှာ သူ့ကိုထုတ်ပြီး Narsri ၀င်ကစားတာ) ဒီနေ့မှာ တလွဲတချော်တွေလုပ်တတ်တဲ့ Senderos လဲ သပ်သပ်ရပ်ရပ်နဲ့ အကောင်းဆုံးကစားသွားခဲ့တယ်။ Denilson ရဲ့ ကစားပုံကိုတော့ သိပ်အားမရသေးဘူး။

ကွင်းလယ်မှာ Gebeto Silver, Flameni နဲ့ Hleb တို့ မရှိတော့ပေမဲ့ အခုဘောလုံးရာသီမှာ Ramsay နဲ့ Nasri တို့အနေနဲ့လည်း ကွင်းလယ် ဗိုလ်ချုပ်ကလေး Fabregas နဲ့ အတူ Arsenal ရဲ့ ကွင်းလယ်ကစားကွက်မှာ အဆင့်မီ တွဲကစားနိုင်မယ်လို့ မျှော်လင့်ရတာပဲ။ မကြာခင်မှာလဲ Rosicky လည်း ပြန်ကောင်းလာတော့မှာပဲ။ ဒီနေ့ ခြေစွမ်းအရ Wilshere ကို ဘယ်တောင်ပံမှာ လူစားအနေနဲ့ ကစားခိုင်းလို့ရနေပြီ။ ဒီရာသီမှာ ဒီကောင်လေး ကို လူငယ်အသင်းကနေ အသင်းကြီးကို ပြောင်းကစားခိုင်းမယ်ထင်တယ်။

Van Persi, Walcott, Bentner နဲ့ Carlos Vela တို့ ဘယ်လောက်အားကိုးရမယ်တော့မသိဘူး ရှေ့တန်းတိုက်စစ်မှုး ကောင်းတစ်ယောက်လောက် လိုဦးမယ်ထင်တယ်။ Adebayer ကလည်း အသင်းပြောင်းခွင့်မရ၊ လခလည်း မတိုးတော့ ကပ်သီးကပ်ဖဲ့များလုပ်နေလားမသိဘူး လုံးဝကို ခြေမပေါ်ဘူး။

ဒီည Real နဲ့ကစားမဲ့ပွဲမှာ Winger အနေနဲ့ ဘယ်လို ပွဲထွက်လာဦးမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့ ...


Saturday, August 2, 2008

ဝါခေါင်လ

နူးညွတ်ဖွယ်သာ၊ 

ခုသန်ဝါကား ခတ္တာဖြူဖွေး၊ 

မစဲသေးလျက် ရောထွေးယှက်ကာ၊ 

ဘယ်ခြင်းရာကြောင့် ယင်းမာရွှေပန်း၊ 

ပွင့်စုံလန်းသည် နေနန်းသိန်နှင့် ကန်မှာသော်။ 

 

လက်ဝဲသုန္ဒရ

Friday, August 1, 2008

Staying at No.1 Position

Maintaining the number 1 position is more difficult than acquiring it. 
 
Ana Ivanovic တစ်ယောက် Rogers Cup ပြိုင်ပွဲမှာ Australia က ၁ရနှစ်အရွယ် Paszek ကို အသည်းအသန် ကစားပြီး ရှုံးနိမ့်သွားချိန်မှာပဲ no.2 Jankovic က ပြိုင်ဖက်ကို နှစ်ပွဲပြတ် straight set နဲ့ နိုင်ခဲ့ပါတယ်။

Wimbledon 3rd round ကထွက်ခဲ့ရတဲ့ Ana တစ်ယောက် အခုပွဲမှာလည်း ထွက်လိုက်ရပြန်ပါပြီ။ ညာဖက်လက်မ နာနေလို့ raquetကို ကောင်းကောင်းမကိုင်နိုင်လို့ မကစားနိုင်ခဲ့ဖူးလို့ ဆိုပါတယ်။

Ana နဲ့ Jankovic က Sony WTA ranking မှာ အမှတ် ၈ဝလောက်ပဲကွာပါတယ်။

လောလောဆယ်မှာ Ana တစ်ယောက် ပြင်သစ် အိုးပင်းမှာ ချန်ပီယံဖြစ်ခဲ့တဲ့ လက်ရည်မျိုး ပျောက်ဆုံးနေပါတယ်။ အနားယူသွားတဲ့ Justine Henin ရဲ့တည်ငြိမ်တဲ့လက်စွမ်းရယ် အောင်မြင်မှုကို ထိန်းသိမ်း နိုင်မှုရယ်ကို Ana ရော Sharapova ပါ မမှီသေးပါဘူး။

တစ်ဖက်မှာလည်း အမျိုးသား No.1 Federer တစ်ယောက် ရှုံးပွဲတွေဆက်လို့ နံပါတ်တစ်နေရာကို Nadal က ခြိမ်းခြောက်နေပါပြီ။ Federer အနေနဲ့က ၂၀၀၄ကတည်းက ကမ္ဘာ့နံပါတ်တစ်ဖြစ်ခဲ့တာပါ။ Nadal က ၂၀၀၅ခုနှစ်မှာ နံပါတ် ၂ စဖြစ်ပါတယ်။ တစ်ဖက်ကကြည့်ရင်လဲ Federer တစ်ယောက် နံပါတ်တစ်နေရာကို ထိန်းသိမ်းထားတာ ကြာခဲ့ပါပြီ။ တောင်တစ်တောင်ထက် နောက်တစ်တောင်ပိုမြင့်တယ်။ ရှေ့ကလှိုင်းလုံးကို နောက်လှိုင်းလုံးက လွှမ်းသွားတယ်။ ဘယ်အရာမှ မတည်မြဲဘူး .....

Nothing lasts forever ပါပဲ။