Arsenal အသင်းအနေနဲ့ အခုနှစ် ဘောလုံးရာသီစကတည်းက key player တွေ အသင်းပြောင်းသွားခဲ့ပြီး ထိထိ ရောက်ရောက် ကစားသမားတွေ ပြန်လည် ဖြည့်တင်းမှု မပြုလုပ်ခဲ့ဘူး။ မန်နေဂျာကြီး အနေနဲ့ သူ့ရဲ့ လူငယ်ကစားသမား လေးတွေကို ယုံကြည်မှု လွန်ကဲခဲ့တယ်ပဲ ပြောရမလား။ ရလဒ် အနေနဲ့က အခုထိ 13ပွဲ ကစားပြီးချိန်မှာ 4ပွဲ ရှုံးခဲ့ပြီ။ Fulhamကို ရှုံးတယ်။ တန်းတက်အသင်းနှစ်သင်းဖြစ်တဲ့ Hull City နဲ့ Stoke City နှစ်သင်းလုံးကို ရှုံးတယ်။ အခုနောက်ဆုံးပွဲမှာ Aston Villa ကို နှစ်ဂိုးပြတ်ရှုံးတယ်။
.
အမှတ်ပေးဇယား ထိပ်ဆုံးက Chelsea နဲ့ Liverpool တို့က တစ်ပွဲဆီပဲ ရှုံးကြသေးတယ်။ ManU နှစ်ပွဲရှုံးရှာမှာ အသင်းကြီးနှစ်သင်းဖြစ်တဲ့ Liverpool နဲ့ Arsenal ကို ရှုံးခဲ့တာဖြစ်တယ်။ ဒါပေမဲ့ Carling Cup ပြိုင်ပွဲမှာ လူငယ်ကစားသမားအများစုနဲ့ Wigan အသင်းကို သုံးဂိုးပြတ်အနိုင်ယူခဲ့တယ်။ ပြီးတော့ ဒဏ်ရာ ပြဿနာတွေ ရှိနေတဲ့ကြားက မဟာပြိုင်ဖက် ManU ကို သူ့အိမ်ကွင်းမှာ အံ့မခန်း အနိုင်ယူပြလိုက်တော့ အာဆင်နယ် ပရိသတ်တွေက လက်ခုပ် တဖြောင်းဖြောင်းနဲ့ပေါ့။
.
ပီတိတွေဖြစ်လို့ ... ငါ့တို့အသင်းက ဒီလောက်လဲမဆိုးသေးပါဘူးပေါ့။ ချီးမွမ်းလို့မှ မဆုံးသေးဘူး ဒီတစ်ပတ်မှာ Aston Villa ကို ကိုယ့်အိမ်ကွင်းမှာ နှစ်ဂိုးပြတ်နဲ့ ရှုံးပြလိုက်ရော။ အင်း ... ဒုတ်ခ အဲဒီလို တစ်နေ့ရွှေ တစ်နေ့ငွေနဲ့ ခြေစွမ်းမမှန်ရင် ဒီနှစ်မှာ ဆုဖလားတွေရဖို့နေနေသာသာ နောက်နှစ်အတွက် Champions League ဝင်ခွင့်ရနိုင်ဖို့တောင် အသည်းအသန် ကြိုးစားရမယ်ထင်တယ်။ ဇန်နဝါရီလ အပြောင်းအရွှေ့စျေးကွက်မှာ ဝင်ဂါးကြီးတစ်ယောက် လူထပ်ထည့်ဖို့ စိတ်ကူးရှိဦးမလားဆိုတာ စောင့်ကြည့်ရဦးမယ်။


