Friday, September 26, 2008

what is Beta?




Software သို့မဟုတ် Web application တစ်ခုကို "beta" လို့ပြောရင် အများက ... major features တွေအားလုံးမပါသေးဘူး။ Community ထဲမှာ end-user တွေက စမ်းသုံးကြပြီး ချို့ယွင်းချက်တွေ bugs တွေကို ပြင်ရဦးမယ်.. လို့ ယေဘူယ နားလည်ကြပါတယ်။ ဒါပေမဲ့ထူးဆန်းတာက Google ရဲ့ public product 49ခုမှာ 22ခုက beta ဖြစ်နေတာပါ။ (e.g Gmail, Google Docs) Feature တွေအသစ်တိုးတာသာမက version ပြောင်းသွားလဲပဲ beta လို့နံမည်တပ်ထားဆဲပါပဲ။ 
.
တစ်ချို့ကပြောကြတာကတော့ Google အနေနဲ့ နည်းပညာအထောက်အပံ့ မပေးချင်လို့ရယ် productမှာ ရှိနေနိုင်သေးတဲ့ အမှားအယွင်းတွေ ချို့ယွင်းချက်တွေအတွက် တာဝန်မခံချင်လို့ရယ် ဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။ အမှားတော့ ရှိဦးမှာပေါ့ဗျာ.. ကျွန်တော်တို့က beta version ပါလို့ပြောထားသားပဲ ....တိုတဲ့အချိုးမျိုးထင်ပါရဲ့။ ဒါမှမဟုတ် Google ရဲ့ product တွေကို သတ်မှတ်တဲ့ quality အဆင့်အတန်းက သိပ်မြင့်နေတာလား။ တစ်ချို့ product တွေဆိုရင် သူကသာ beta လို့ဆက်ပြီး သတ်မှတ်ထားပေမဲ့ တော်တော်လေးကို ပြီးပြည့်စုံပြီး ကောင်းမွန်နေပါပြီ။
.
အဲဒီတော့ ကျွန်တော်တို့အနေနဲ့ product တစ်ခုကို ချို့ယွင်းချက်တွေ အမှားတွေ ပါကောင်းပါဦးမယ်ဆိုတဲ့ အခြေအနေနဲ့ စောစောသုံးရတာနဲ့ ready ဖြစ်ပြီး အားလုံးနီးပါး ပြည့်စုံကောင်းမွန်တဲ့ product ကို ဖြစ်လာတော့မှ သုံးရတာ... ဘယ်ဟာကို ရွေးကြမလဲ?

Wednesday, September 24, 2008

Youngest Gunners ever ...









မနေ့ညက Carling Cup တတိယအဆင့် Sheffield United နဲ့ပွဲမှာ မန်နေဂျာ Winger က သူ့ရဲ့ လူုငယ်စီမံကိန်းက လူငယ် ကစားသမား တွေကို ယုံယုံကြည်ကြည် ကစားစေခဲ့တယ်။ ပွဲထွက်ကစားသမားစာရင်းက - Fabianski (c) Hoyte - Djourou - Song - Gibbs Wilshere - Ramsey - Randall - Mérida Bendtner - Vela ပုံမှန်ကစားနေကြ အသင်းကြီးက ကစားသမားဆိုလို့ Bendtner, Song နဲ့ Djourou ပဲပါတယ်။ သူတို့တောင် အသင်းကြီးမှာ အရန်လူ အနေနဲ့ပဲကစားရတာများတယ်။ ဒီအသင်းရဲ့ average age က ၂၀ အောက်ပဲရှိတယ်။ Wilshere ဆိုရင် (၁၇)နှစ်ပဲရှိသေးတယ်။ 
.
ပထမပိုင်းမှာတင် သုံးဂိုးပြတ်နိုင်နေပြီ။ ဒုတိယပိုင်းမှာ သုံးဂိုးထပ်သွင်းတယ်။ Carlos Vela သုံးဂိုးသွင်းပြီး Hat-trick ရသွားတယ်။ Henri Lansbury > Alex Song Jay Simpson > Nicklas Bendtner ——– (70) Francis Coquelin > Fran Mérida ဒုတိယပိုင်းမှာ သုံးယောက်လဲကစားတယ်။ Song နဲ့ Bendtner ကို နားခိုင်းလိုက်ပြီး မျက်နှာသစ်ကလေးတွေကို ကစားခွင့်ပေးခဲ့တယ်။ ပွဲပြီးတဲ့အထိ အောက်က လူစာရင်းနဲ့ ကစားသွားတယ်။ Fabianski Coquelin - Hoyte - Djourou - Gibbs Lansbury - Randall - Ramsey - Wilshere Simpson - Vela.   
Carling Cup ပြိုင်ပွဲဆိုတာ Arsenal လူငယ်ကစားသမားတွေအတွက် တစ်ချိန်မှာ အသင်းကြီးကို ရောက်ရှိလာဖို့ လေ့ကျင့်တဲ့ ဓါးသွေးကျောက်လို ပြိုင်ပွဲတစ်ခုပါ။ ဒီပြိုင်ပွဲကို ကစားခဲ့ပြီး အခု အသင်းကြီးကိုရောက်ရှိနေတဲ့ သူတွေအများကြီးပါ။ Bendtner, Gael Clichy, Eduardo, Alex Song, Emmanuel Eboue, Cesc Fabregas နဲ့ Theo Walcott အားလုံး ဒီ Carling ပွဲတွေကစားခဲ့ပြီး တောက်ပြောင်လာခဲ့ကြတာပါ။ မန်နေဂျာကြီးဝင်းဂါးတစ်ယောက် အပြောင်းအရွှေ့ကာလတွေမှာ ကစားသမားတွေကို စျေးကြီးပေးဝယ်ဖို့ တုံ့နှေးနေတာ သူပျိုးထောင်နေတဲ့ လူငယ်ကစားတွေကြောင့် အများကြီးပါတယ်။ 
.
မနှစ်ကလဲ Carling Cup မှာ Semi-final မှာ စပါးကို ရှုံးခဲ့တဲ့ပွဲအထိ အခုလိုပဲ လူငယ်ကစားသမားလေးတွေနဲ့ပဲ ကစားစေခဲ့တာ။ လူငယ်လေးတွေကို အားကိုးအားထားပြုတာ အတိုင်းအတာတစ်ခုအထိတော့ကောင်းပါတယ်။ ဒါပေမဲ့ Champisons League လိုပြိုင်ပွဲမျိုးတွေကစားရင် Premier League မှာ ManU, Chelsea, Liverpool တို့လို ထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်ရရင် ပြိုင်ပွဲကို အလှည့်အပြောင်းဖြစ်စေတဲ့၊ အသင်းကို ပဲ့ကိုင်မောင်းနှင်နိုင်မဲ့ အတွေ့အကြုံရှိကစားသမားတွေလဲ လိုအပ်သေးတယ်လို့ထင်ပါတယ်။ နောက်တစ်ချက်က ကိုယ်ပျိုးထောင်လာတဲ့ ကစားသမားတွေ အကောင်းဆုံးအနေအထားကို ရောက်လာပြီဆို အခြားအသင်းတွေ ပြောင်းရွှေ့သွားတဲ့ ကိစ္စပါ။ 
.
ဥပမာ AC Milan ကို ပြောင်းသွားတဲ့ Flarmini လိုမျိုးပေါ့။ အသင်းအတွက် တန်ဖိုးရှိလာပြီး ခြေစွမ်းထက်လာချိန်မှာ အရင်လို လူငယ်လစာမျိုးနဲ့တော့ ဘယ်အဆင်ပြေ နိုင်မလဲ။ ထိုက်သင့်သလောက် တိုးမြှင့်ပေးပြီး ထိန်းထားရမှာပေါ့။ လက်ရှိအခြေအနေမှာတော့ Arsenal ဟာ လူငယ်တွေကို ပြုစုပျိုးထောင်ပြီး ခြေစွမ်းထက် တန်ဖိုး တက်လာချိန်မှာ ထုတ်ရောင်းစားနေရတဲ့ အသင်းတစ်ခုဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို ထုတ်ရောင်း တာတောင် အသင်းရဲ့ကစားကွက် ကစားဟန်ပျက်မသွားအောင် ထိန်းထားနိုင်တဲ့ မန်နေဂျာကြီး ဝင်းဂါးကိုပဲ ချီးကျူးရမှာပဲ။

Tuesday, September 23, 2008

Google Reader နဲ့ ကျွန်တော်

အခု ဘလော့တွေဖတ်ရတာ Google Reader လေးနဲ့ အတော့ကို အဆင်ပြေနေပါတယ်။ ဟိုးအရင်ကဆိုရင် ရွာရိုးကိုးပေါက် တစ်အိမ်ဝင် တစ်အိမ်ထွက်နဲ့ အတော့်ကို အလုပ်ရှုပ်ပါတယ်။ သူတို့တတွေ Post အသစ်တင်လားမတင်လားဆိုတာ သွားကြည့်မှ သိတာပေါ။ 

အခု Google Reader လေးနဲ့ ဘလော့တွေကို RSS Feed subscribe လုပ်ထားလိုက်ရင် သူတို့အသစ်တင်လိုက်တာနဲ့ Reader ထဲကို ရောက်လာတယ်။ Email အသစ်ဝင်သလိုပေါ့။ ကျွန်တော့်အတွက် အတော်အဆင်ပြေပါတယ်။ ဘလော့ကာအများ သိပြီးသားနဲ့ အသုံးပြုနေကြမယ်လို့လည်း ထင်ပါတယ်။ မြန်မာပြည်အတွင်းကလူတွေ ကျော်ခွပြီး မကြည့်နိုင်တဲ့ နေရာတွေမှာလည်း ဒီ Reader လေးနဲ့ blog ကို ဖတ်လို့ရတယ်။ blogspot မှာတင်ထားတဲ့ ပုံတွေ ပါရင်တော့ ပို့စ်ကို သာဖတ်လို့ရပြီး ပုံကို မြင်ရမှာမဟုတ်ဘူး။ Reader လေးနဲ့ဆိုတော့ ဘယ်သူ့ရဲ့ ဘယ်ပိုစ့်က ဖတ်ပြီးပြီ မဖတ်ရသေးဘူး ဆိုတာ သိနေတယ်။ ဘလော့တကာကို နေ့စဉ် လိုက်ဝင်နေစရာမလိုတော့ဘူး။ Comment ရေးချင်တဲ့အခါမျိုးကြမှသာ အဲဒီဘလော့ကို သွားပြီးရေးရုံပဲ။  

Monday, September 22, 2008

သင်္ဘောသား ဓါတ်လှေကားမစီးရ

စနေနေ့ညနေက ရန်ကုန်ပြန်ရောက်နေတဲ့ ဆမ ရဲ့အိမ်မှာသွားပြီး ၀ိုင်းဖွဲ့ဖြစ်ကြတယ်။ ဒီအဖွဲ့တွေက Bagan.net Forum ခေတ်ကတည်းက online ပေါ်ကနေသိကျွမ်းခဲ့တဲ့ သူငယ်ချင်းတွေပေါ့။ အဲဒီညက ထုံးစံအတိုင်း ကိုနဗန၊ ကိုသူရ၊ ကိုသက်နဲ့ မန်းလေးက ရောက်နေတဲ့မောင်လှကြီးပါလာတယ်။ ဆမက သဘောင်္သားလေ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က သင်္ဘောပြန်တက်သွားပြီး အခုမှ ပြန်ရောက်လာတာ။ ဆမက အချက်အပြုတ်ကောင်းတော့ သူ့အိမ်သွားသောက်တိုင်း တကယ့်ကို ရှယ် ချက်ကျွေးတာ။ ထုံးစံအတိုင်း စားကြသောက်ကြ ရီစရာတွေပြောကြပေါ့။
.
အဲဒီမှာကိုယ်က ဆမနဲ့ ပတ်သက်တဲ့ "သဘောင်္သားမစီးရ" ဆိုတဲ့ဇာတ်လမ်းလေး သူတို့ကို ပြန်ပြောပြတယ်။ လွန်ခဲ့တဲ့ ၂နှစ် ၃နှစ်လောက်ကပေါ့။ တစ်ရက်မှာ ဆွမ်းကျွေးလား အလှူတစ်ခုလားမသိ... ဆမ လာဖိတ်တယ်။ ကျွန်တော့်ရုံးက အဲဒီအချိန်က တက္ကသိုလ်ရိပ်သာလမ်း အတွင်းဖက်အကွက်ထဲက ကွန်ဒိုတစ်ခုရဲ့ 3rd floor မှာပေါ့။ သူရောက်လာတော့ မျက်နှာမသာမယာ စိတ်ဆိုးတဲ့လေသံနဲ့ "ကိုလကလေး တို့ တိုက်က မမိုက်ပါဘူးဗျာ... အဆင့်အတန်းခွဲစရာရှားလို့ ..... သဘောင်္သားလဲလူပဲဗျ" ဆိုပြီး ပြောပါလေရော။ 
.
အရင်းမရှိအဖျားမရှိဆိုတော့ ကျွန်တော်လည်း အူကြောင်ကြောင်ပေါ့။ ဒါနဲ့ ဇာတ်ရည်လည်အောင်မေးရတယ်။ သူပြောပြပြီးတဲ့ အဆုံးမှာ အောင့်မထားနိုင်လို့ တဟားဟားနဲ့ ရီလိုက်မိတယ်။ ဆမ ကတော့ သူ့ကို ရီရလားဆိုပြီး ပိုလို့တောင် မျက်နှာမသာမယာဖြစ်သွားတာပေါ့။ အဲဒီတော့မှ သူ့ကိုရှင်းပြရတယ်။ ကျွန်တော်တို့ရုံးရှိတဲ့တိုက်ခန်း သုံးလွှာမှာပဲ သဘောင်္သား ကုမ္ပဏီ တစ်ခုရှိတယ်။ နေ့စဉ်သဘောင်္သား လေးငါးဆယ်လောက် တက်လိုက်ဆင်းလိုက်လုပ်နေတော့ တစ်ခြားအခန်းတွေက complain လုပ်တယ်လေ။ 
.
ဒါနဲ့ သဘောင်္ကုမ္ပဏီက ဓါတ်လှေကား တံခါးမှာ သဘောင်္သားမစီးရ။ လှေကားမှ လမ်းလျှောက်တက်ပါ... " လို့ ရေးထားတာကိုး။   အဲဒါကို ဖတ်ရတဲ့ ဆမက ဓါတ်လှေကားစီးပြီး ကျွန်တော့်ရုံးခန်းကို တက်လာမလို့ဟာ အဲဒီစာတမ်းတွေ့တာနဲ့ အူကြောင်ကြောင်ဖြစ်ပြီး လှေကားကလျှောက်တက်လာတာကိုး ... အပေါ်ရောက်လာမှ သဘောင်္သားတွေကို နှိမ်ပါတယ် ဘာညာ ဆိုပြီး ကျွန်တော့်ကို complain လာလုပ်တာကိုး ... ဟားဟား
.

Tuesday, September 16, 2008

နဗနရဲ့ ဘ၀

ကျွန်တော့်အကိုကြီး request လုပ်ထားတာတော့ကြာပါပြီ။ ဒီနေ့မှပဲ စပြီးလုပ်ပေးဖြစ်တယ်။ ကိုနဗနရဲ့ Bagan.net forum ရယ်၊ နောက််ပိုင်းမှာ Nativemyanmar.net မှာ ဆက်ရေးနေတဲ့ myself ဆိုတဲ့ Topic ကြီးကို Blog တစ်ခုလုပ်ပေးဖို့ပါ။ ဘဝအစုံကျင်လည်ခဲ့ရသလို စာရေးလဲ အင်မတန်ကောင်းတဲ့ အကိုကြီးရဲ့ စာတွေကို တခြားလူတွေကိုလည်း ဖတ်ရှုစေချင်မိတယ်။ ဒါနဲ့ ကိုယ်ကပဲ တာဝန်ယူပြီး blogပေါ်တင်ပေးနေတာပါ။ 
.
Forum မှာတုန်းက win kalaw font နဲ့ ရိုက်တာဆိုတော့ post တစ်ခုဆီကို ကိုမောင်လှရဲ့ ဘလော့မှာရှိတဲ့ win2zawgyi converter နဲ့ ပြောင်းပါတယ်။ စာပိုဒ်တွေ လိုသလိုခွဲပါတယ်။ အင်္ဂလိပ်စာလုံးတွေကို မြန်မာလိုရိုက်ထားရင် ပြင်ပေးပါတယ်။ (ဖိုရမ်မှာ အင်္ဂလိပ်မြန်မာပြောင်းရိုက်ရတာခက်တယ်။ ဒါကြောင့်တစ်လုံးနှစ်လုံးဆို ဗမာအသံထွက်နဲ့ပဲ ရိုက်လိုက်ကြတာများတယ်။ Forum မှာတုန်းက သူ့ဘဝအကြောင်းကို တောက်လျောက် အဆင်ပြေသလို ရေးချသွားတာ။ 
.
အခု ဘလော့ပေါ်တင်တော့ ကျွန်တော့်ဘာသာ သင့်တော်သလို စုပေါင်းခြင်း ခွဲထုတ်ခြင်း အမျိုးအစားခွဲခြင်းတို့ကို ဆောင်ရွက်နေတာပါ။ အတော်လေး ပုံပေါ်လာမှ ကိုနဗနစိတ်ကြိုက် ပြင်ပါလိမ့်မယ်။ သူရေးတုန်းက ခေါင်းစဉ်တပ်မရေးပါဘူး။ ခေါင်းစဉ်လေးတွေက ကျွန်တော့်ဘာသာ တော်သလို တပ်ထားပေးတာ။ ဖတ်မယ်ဆိုရင် သူ့ဇာတ်လမ်းအစဉ်အတိုင်း ဖြစ်အောင် 01 Label တပ်ထားတဲ့ဆီက စဖတ်ရပါမယ်။ အောက်ဆုံးက ပိုစ့်က စဖတ်ကြပါ။ ကြီးတော်ခင်ဦးမေစတိုင်ဖမ်းပြီး 07 ယူတာတော့မဟုတ်ပါဘူး။ navana လို့ပဲ ယူမလို့ မရတာနဲ့ 07 ထည့်ပေးလိုက်ရတာပါ။ အားပေးကြပါဦး .... 

http://navana07.blogspot.com

Monday, September 15, 2008

သားသားလေး လက်ကြိုက်

သားလေးက လက်ကြိုက်နေပြီ။ ထောင်ထောင်လေး ပွေ့ထားရင် သဘောကျတယ်။ အထူးသဖြင့် နို့သောက်ပြီး မအိပ်ခင်လေးမှာ လူကြီးတွေကိုယ်ပေါ်မှာ ဇိမ်ယူချင်သေးတာ။ နို့သောက်လို့ ဝသွားရင် သူ့ကို လေတက်အောင် ပုခုံးပေါ် အသာအယာ တင်ထားရင်း လမ်းလျှောက်ပေးတာကို သိပ်ကြိုက်တာ။ 
 
ခဏလောက်တော့ လူကြီးကသူ့ကို ပုခုံးလေးပေါ် တင်ပြီး လမ်းလျှောက် ပေးရင် ခေါင်းကလေး ထောင်လို့ မျက်လုံး ၀ိုင်းဝိုင်း ပြူးပြုးလေးနဲ့ ဟိုကြည့် ဒီကြည့်နဲ့ပေါ့။ အတော်လေး နေတော့မှ တဖြေးဖြေးခြင်း မျက်စိလေး မှှေးလာလို့ အိပ်ပျော် သွားတာ။ အိပ်ပျော်သွားမှ သူ့ရဲ့ ပုခက်ကုတင်လေးထဲ ထည့်ပြီး ဆက်သိပ်ရတာပေါ့။ 
 
သားလေးက မျက်စိရှေ့တင် တော်တော်လေးကို ထွားလာတယ်။ အရပ်ကလေးလဲ ရှည်လာတယ်။ အစားအသောက်ကတော့ အပီအပြင်ကို စားတယ်။ အချိန်ကိုမှန်နေတာပဲ။ တစ်နေ့ကို နို့ဗူး ၅ကြ်ိမ် ၆ကြိမ်လောက်တိုက်ရတယ်။ အစောပိုင်းက 60ml လောက်ပဲတိုက်ပေမဲ့ အခုဆို 90ml လောက်တိုက်မှ အာသာပြေပုံရတယ်။ ကြားထဲမှာ အမေနို့လဲ စို့နေသေးတာ။ ညရှစ်နာရီဆို သူ့ကို 90ml နို့ဗူးတစ်ဗူးတိုက်ရတယ်။ သူဆာနေတဲ့အချိန် နို့ဗူးက အချိန်မီ ဖျော်လို့မပြီးရင် အတင်းကို အော်ငိုတော့တာပဲ။ အဲဒီအချိန်မှာ အမေနို့တိုက်လဲမရဘူး။ 
 
ငိုနေတာကို ချော့မော့ပြီး နို့ဗူးလေး သူ့ပါးစပ်မှာ တပ်ပေးလိုက်တာနဲ့ တရှိန်ထိုးကို သောက်တော့တာပဲ။ ဂျပန်တခေတ်လုံး ငတ်နေတဲ့ အတိုင်းပဲ။ ဒါတောင် အိပ်ခါနီးဆိုရင် အမေနို့ကို ငုံပြီး ဇိမ်နဲ့အိပ်သေးတာ။ အဲဒီလို ဗိုက်ဝသွားဆိုရင် အိပ်ယာလေးနဲ့ အောက်ချထားပေးရင် ခြေတွေကန်ကျောက်လို့ လက်တွေလှုပ်ရှားလို့ ပါးစပ်ကလဲ အူးအူးအားအားနဲ့ အသံတွေထွက်လို့ ကစားလေ့ရှိပါတယ်။ လူကြီးတွေက သူ့ကို စကားပြောရင် ပြန်ပြောချင်သလို ပါးစပ်လေးလှုပ်လို့။ မကြာခဏ ပြုံးပြတတ်နေပြီ။