Tuesday, October 30, 2007

ဆရာကတော်ရဲ့လက်ရာ

ကျွန်တော့်အကိုကြီးတစ်ယောက်ရဲ့ဇနီး ... ကျွန်တော်တို့က ဆရော်ကတာ (ဆရာကတော် ပေါ့ဗျာ) လို့ ချစ်စနိုးခေါ်တဲ့ မဝါရဲ့ ဆုရဓါတ်ပုံလေးပါ။ မြန်မာနိုင်ငံ ဓါတ်ပုံပညာအသင်းရဲ့ သင်တန်းသားတစ်ယောက်အနေနဲ့ Trip ထွက်ရင်းရိုက်ခဲ့တဲ့ သင်တန်းသားတွေရဲ့ ပြိုင်ပွဲမှာ ဆုရတာပါ။ Congratulation!!!!

ဒို့အကိုကြီးတို့ အကြံပိုင်ပုံများ မိန်းမကို ဓါတ်ပုံသင်တန်းပို့ပြီး ပိုးသွင်းပေးထားတော့ ကင်မရာအသစ်တွေ မှန်ဘီလူးတွေ ဘာညာ ဝယ်ချင်တဲ့အခါ မိန်းမငြိုငြင်တာမခံရတော့ဘူး။ မိန်းမက သင်တန်းနဲ့ ဓါတ်ပုံရိုက်တာနဲ့ အလုပ်ရှုပ်နေတော့ ကိုယ်တို့ ဘီယာဆိုင်အကြာကြီးထိုင်တာတွေကိုလဲ လိုက်ပြောမနေတော့ဘူး... ဂွတ် ဂွတ်







No comments: