အင်တာနက်မရတဲ့အခါတွေတိုင်း Back bone ဆိုတဲ့ ခါးရိုးကြီး ကျိုးတာပဲလားဟင်? အခုတလောမှာ လာတစ်လှည့် ပြတ်တစ်လှည့်နဲ့ နှေးနေတဲ့ အင်တာနက်ကြီးက မရတစ်ချက် ပျက်တစ်ချက်နဲ့ အရမ်းကို စိတ်ပျက်စရာဖြစ်နေပါပြီရော။ ဒီလိုနဲ့ blog ကိုတောင်မရေးနိုင်တော့တဲ့ ဘဝ။ speed အရမ်းနှေးနေချိန်မှာ blog ကို login တောင်လုပ်မရတော့ဘူးဗျ။ Email ကနေ post လုပ်မယ်ဆိုပြန်တော့ Gmail က ဝင်မရတဲ့အခါတွေကများနေတယ်။
သူငယ်ချင်းတစ်ယောက်ပြောသလို ဒီမှာနေရတာ အရာရာကို ကြံဖန်ပြီး ကျေးဇူးတင်လို့ စိတ်ချမ်းသာအောင်နေရတဲ့ အကျင့်လေးရနေပါပြီရော။ အော် ..လုံးဝမရတာနဲ့စာရင်တော့ ပြတ်တစ်ချက် ပြုတ်တစ်ချက်လေးကိုပဲ ကျေးဇူးတင်နေရ။ gmailလေး တစ်ချက်လောက်ဝင်သွားပြီး email ခေါင်းစဉ်လေးတွေ မြင်ရရင်ပဲ ဝမ်းသာကျေးဇူးတင်ရ ... နေ့တစ်ပိုင်းပေးနေတဲ့ လျှပ်စစ်မီးလေးကို ကျေးဇူးတင်နေရ ။ တင်တင်မြသီချင်းတစ်ပုဒ်ထဲကလို ကျေးဇူး...တင်ရပါလေသည်....ဆိုပြီးပဲ သီချင်းလေးငြီးရမလား ...
1 comment:
I also should thank you for your thanks and efforts to blog.
Ashay Lay (AIT)
Post a Comment