Wednesday, February 4, 2009

Arshavin is now a Gunner


ရုရှားကလပ် Zenit က Arshavin တစ်ယောက် နောက်ဆုံးတော့ Arsenal ကို ရောက်လာခဲ့ပါပြီ။ ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်းမှာ Zenit ကလည်း စျေးမလျှော့ပေးချင်၊ Arsenal ကလည်း စျေးတိုး မပေးနဲ့ လွန်ခဲ့တဲ့ သုံးလေးရက်က အပြောင်းအရွှေ့ပျက်ပြီတောင် ထင်ခဲ့တာ။ ဒဏ်ရာပြဿနာတွေနဲ့ အခက်တွေ့နေတဲ့ Arsenal အသင်းအနေနဲ့ အခု Arshavin ရောက်ရှိလာတာဟာ အရမ်းကိုကောင်းပါတယ်။ 
.
Fabregus ဒဏ်ရာကြောင့်မကစားနိုင်ချိန်မှာ ကွင်းလယ်ကနေ အသင်းကို မောင်းနှင် ကစားမဲ့၊ ဘောလုံးဖြန့်ဝေပေးမဲ့ ကွင်းလယ်ဖန်တီးရှင်တစ်ယောက် အရမ်းကိုလိုအပ်နေပါတယ်။ ကွင်းလယ်မှာ Denilson, Diaby နဲ့ Saung တို့ရဲ့ကွင်းလယ်ကစားအားက အသင်းကြီးတွေနဲ့တွေ့ရင် သို့မဟုတ် ပိတ်ကစားတတ်တဲ့ ခပ်မာမာကစားတတ်တဲ့အသင်းတွေနဲ့တွေ့ရင် တိုက်စစ်ကို မပံ့ပိုးနိုင် မထိုးမဖောက်နိုင်တာကို တွေ့ရပါတယ်။ သတင်းကောင်းအနေနဲ့ မကြာခင်မှာ ခရိုအေးရှားတိုက်စစ်မှူး Eduardo ပြန်ပြီးကစားနိုင်တော့မှာပါ။ 
.
တောင်ပံ တိုက်စစ်မှူး Walcott ကလည်း မကြာခင်မှာ ပြန်ကောင်းလာတော့မှာပါ။ Arshavin အနေနဲ့ Zenit အသင်းနဲ့ Champions League မှာ ကစားခဲ့လို့ Arsenal ကို ကိုယ်စားပြုပြီး မကစားပေးနိုင်ပေမဲ့ Premier League ပွဲတွေမှာတော့ Arsenal ကို အထောက်အကူအများကြီးပေးနိုင်မှာပါ။ ဒါပေမဲ့ Arshavin ရောက်လာတဲ့အတွက် အခု ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ လူငယ်ကစားသမားအချို့ အရန်ကစားသမားဘဝကို ပြန်ရောက်ရမှာပါ။ Arshavin ရောက်လာလို့ သူနဲ့အံဝင်မဲ့ Team Formation ကိုလည်း မန်နေဂျာကြီး Winger က ဘယ်လို ပုံဖော်ကစားမယ်ဆိုတာ စိတ်ဝင်စားစရာပါပဲ။

No comments: