EMBA အာစရိယပူဇော်ပွဲနှင့် မိတ်ဆုံစားပွဲကို နိုဝင်ဘာ ၁၆ရက် ညနေ ၆နာရီက စပြီး Sedona Hotel မှာ ကျင်းပခဲ့ပါတယ်။ လက်ရှိ ကျောင်းတက်ဆဲ 5th and 6th batch တို့က ဦးဆောင်ပြီးတော့ ရှိသမျှ အတန်းခြောက်တန်းလုံးက ကျောင်းသားတွေပါဝင်ကြပါတယ်။ နယ်ကို တာဝန်နဲ့ ပြောင်းရွှေ့သွားတဲ့ သူတွေကလွဲလို့ ဆရာဆရာမတွေလဲ စုံစုံလင်လင် တက်ရောက်ပေးကြပါတယ်။
ရှေးဦးစွာ ဆရာဆရာမတွေကို ထိုင်ကန်တော့ကြ၊ ပြီးတော့ ဆရာကြီး ဒေါက်တာခင်မောင်ကြွယ်၊ ဆရာမကြီး ဒေါ်ရီရီမြင့်၊ ဒုတိယပါမောက္ခချုပ်၊ ပြီးတော့ ဆရာမကြီးဒေါ်နုနုယဉ် တို့က ဆုံးမသြဝါဒ စကာေးပြာကြားကြပါတယ်။ ကျောင်းက စာသင်ခန်းထဲ ပြန်ရောက်ပြီး lecture ပြန်နားထောင် နေရတယ်ဆိုတဲ့ ခံစားချက်မျိုးပေါ်လားပြီး ကျောင်းတက်ခဲ့ချိန်တွေ ကို ပြန်သတိရမိပါတယ်။
ကျောင်းသားတွေကိုုယ်စား 2nd Batch က ကိုဝင်းဇင်ဦးနဲ့ 5th Batch ကတစ်ဦးတို့က ကျေးဇူးတင်စကား ပြောကြားကြပါတယ်။ ပြီးတော့ တပျော်တပါး ညစာစားကြ၊ သီချင်းတွေဆိုကြ၊ ဓါတ်ပုံတွေရိုက်ကြပေါ့။
ခြုံပြီးပြောရရင် ပျော်စရာပါ။ ကျောင်းပြီးသွားပြီ (paper တင်ဖို့တော့ကျန်သေးတယ်) ဆိုတော့ ကိုယ့်အလုပ် နဲ့ကိုယ် သူငယ်ချင်းတွေ မတွေ့ဖြစ်ကြတော့ဘူး။ ကိုယ့်နီးစပ်ရာ အလုပ်နဲ့ဆက်စပ်ရာ လူတွေပဲ တွေ့ဖြစ်ကြ တော့တာကိုး။ ဒီလိုပွဲမျိုးလေးတွေရှိမှပဲ သူငယ်ချင်းတွေတွေ့ကြရတာကိုး။
MBA တက်ရတဲ့အထဲမှာ စာသင်ရတာအပြင် ဒီလို လူတွေနဲ့ သိကျွမ်းရတာ အတွေ့အကြုံတွေ အတွေးအခေါ်တွေ စဉ်းစားပုံတွေ ဖလှယ်ရတာ ဆွေးနွေးငြင်းခုံ ကြရတာလဲ ကျွန်တော့်အတွက် တကယ့်ကိုကောင်းတဲ့ အကျိုးရှိတဲ့ experience တစ်ခုပါပဲ။
တစ်ခုပဲ နည်းနည်း ဘဝင်မကျတာလေးက ကိန်းကြီးခန်းကြီးနိုင်ပြီး ပကာသန ဆန်တာလေးတွေကိုပါပဲ။ ကွန်ပျူတာ တက္ကသိုလ်အတွက် အာစရိယပူဇော်ပွဲတွေကို ဦးဆောင်ကျင်းပတဲ့ ကျောင်းသားဟောင်းအဖွဲ့မှာလဲ ကျွန်တော်ပါပါတယ်။ အဲဒီတုန်းက တက္ကသိုလိ ဓမ္မာရုံမှာပဲကျင်းပခဲ့တာ နှစ်ကြိမ်ရှိသွားပြီ။ သပ်သပ်ရပ်ရပ်လေး နဲ့ ခမ်းခမ်းနားနားလေးပါပဲ။ ကန်တော့ပြီးတော့လဲ ဓမ္မာရုံထဲမှာပဲ ဆရာတွေရော ကျောင်းသားတွေရော စားပွဲဝိုင်းတွေခင်းပြီး နေ့လည်စာစားကြတာပေါ့။ ဘွဲရကျောင်းသား ဟောင်း တွေအားလုံး စုပြီးလုပ်ကြတာပေါ့။
အခု MBA မှာက တစ်ခုခုဆို Sedona, Traders ပေါ်ကကိုမဆင်းတော့ဘူး။ တစ်ချို့နေရာတွေမှာ လိုသည်ထက်ပိုပြီး ကိန်းကြီးခန်းကြီးနိုင်ကြသလိုပဲ။ ဒါလဲ MBA Culture တစ်ခုများလား မသိပါဘူးဗျာ။ ကျွန်တော်တို့ 4th Batch Year End dinner လုပ်တုန်းကလဲ အင်းယားလိပ်မှာ ညစာစားပွဲလုပ်ကြတယ်။ ၁၂သိန်းကျော်လောက်ကုန်သွားတာပေါ့။ အခု ဒီ EMBA အာစရိယပူဇော်ပွဲမှာလဲ ညစာအတွက် တစ်ဦးကို 15USD ပဲထားဦး လူသုံးရာကျော်တယ်။ ဒါပေမဲ့ အဲဒီအတွက်ကုန်ကျစရိတ်ကို 5th Batch က ကျောင်းသူတစ်ဦးက sponsor ပေးသွားတယ်လို့ သိရပါတယ်။ သာဓုပါဗျာ။ လှူနိုင်တန်းနိုင်ကြပါပေတယ်။
1 comment:
အမွန္ပါပဲ။ စီဒိုးနားမှ၊ အင်းလျားလိတ်မှလည်းမဟုတ်ပါဘူး။ အဓိကက ချဲ့ချင်နေကြတာပဲ။ ဆရာဆရာမတွေကပဲချဲ့ချင်ကြသလား။ ကျောင်းသားထဲက ပါလေရာ..အီးစီ တွေကပဲ ချဲ့ချင်ကြတာလားပဲ။ ခက်တာက တက်နေကြတဲ့သူတွေထဲမှာ လုပ်ငန်းရှင်သူဌေးတွေ .. သူဌေးသားသမိးတွေ၊ လူကြီးသားသမီးတွေ အတွက် မထောင်းတာပေမယ့်.. သည်ဘွဲ့ကို လိုချင်လို့လာတက်နေကြရတဲ့ အစိုးရ၀န်ထမ်းလခစားတွေနဲ့ လစာသိပ်မကောင်းကြတဲ့ ပြည်တွင်း လုပ်ငန်းဝန်ထမ်းတွေ အဖို့ ၀န်ထုတ်ဝန်ဖိုးပဲ။ တက်နိုင်တဲ့သူတွေ ထည့်ကြ၊ မတတ်နိုင်တဲ့သူတွေ အဖို့ ၀ိုင်းစိုက်ကြမယ် ဆိုဦးတော့... အများနည်းတူမဟုတ်ဘဲ.. မတက်နိုင်တဲ့သူများ အဖြစ် သတ်မှတ်ခွဲခြားခြင်း ခံလိုက်ရတာပဲ မို့.. ဘယ်လိုမှ စိတ်ကောင်းနိုင်တော့မှာ မဟုတ်ကြပါဘူး။ အနည်းနဲ့ အများ သိမ်ငယ်စိတ်ဝင်ကြမှာပေါ့။
တစ်ယောက်တည်း တာဝန်ခံသွားတယ်ဆိုတော့.. တော်တော်ကြီးကို ချမ်းသာနိုင်တာပဲ။ ရက်ရောတတ်တဲ့စေတနာကိုတော့ လေးစားရမှာပဲ။ ပိုက်ဆံရှိပြီး တွန့်တိုတတ်တဲ့လူတွေ နဲ့စာ၇င်။
Post a Comment