အခုတလောက thinker ဝင်ရေးသွားတဲ့ comment ထဲကလို ကိုးနတ်ရှင်နှိပ်စက်တာနဲ့ ဘလော့ရေးရတယ်ကို မရှိပါဘူး။ log in တောင် ဝင်လို့မရတာ။ မတတ်နိုင်ပါဘူး။ ဖြစ်ချင်တာ မဖြစ်တဲ့ဘဝမှာ ဖြစ်ချင်တာ ဖြစ်စမ်းကွာဆိုပြီး ကောလိပ်ဂျင်နေဝင်းလို ငြီးချင်းချရမလားမသိ။
ပြီးခဲ့တဲ့စနေနေ့ ဧပြီ(၅)ရက်က ကိုယ်တို့ ကုမ္ပဏီရဲ့ ၁ဝနှစ်ပြည့် ညစာစားပွဲလေးလုပ်ဖြစ်တယ်။ လူခုနစ်ဦးလောက် စလုပ်ခဲ့တဲ့ အဖွဲ့အစည်းလေးက အခုဆို ဝန်ထမ်း ရဝကျော်ရှိနေပြီ။ ဒါပေမဲ့ လုပ်သက်ဆယ်နှစ်ပြည့်တဲ့လူဆိုလို့ ကိုယ်တို့ founder သုံးယောက်ပဲကျန်တယ်။ ဘဝသံသရာရထားကြီးလို လူတွေက ဆင်းလိုက်တက်လိုက်နဲ့ ခရီးဆက်ခဲ့ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် စိတ်ကျေနပ်ပါတယ်။ အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့တယ ်ဆိုပြီးလည်း အားရကျေနပ်ဖြစ်မိတယ်။ ၁ဝနှစ်တာခရီးဆိုပြီးတော့လည်း လေးငါးဆယ်ရွက် မှတ်တမ်းလေး ရေးထားဖြစ်သေးတယ်။
Dinner ညက ဝန်ထမ်းအသစ်တွေရော ဖိတ်ထားတဲ့ ဧည့်သည်တွေပါဖတ်ရအောင် စားပွဲတစ်ဝိုင်းကို တစ်အုပ်စီတင်ထားပေးသေးတယ်။ (၁၀)နှစ်ပြည့်တဲ့အချိန်မှာ တစ်ချိန်က ကိုယ်နဲ့ဒိုးတူပေါင်ဖက် ကုန်းရုန်းလုပ်ခဲ့သူတွေက အဝေးရောက်ကုန်ပြီ။ ဘာပဲဖြစ်ဖြစ် ဘွဲယူထားတဲ့ ပညာလေးနဲ့ပဲ သူများဆီမှာ ဝန်ထမ်းမလုပ်တော့ပဲ ကိုယ်ပိုင်အလုပ်လေးကိုပဲ တစိုက်မတ်မတ် လုပ်ချင်ခဲ့တဲ့ ဆန္ဒလေးကတော့ အထိုက်အလျောက်ပြည့်ခဲ့ပြီလို့ဆိုရမှာပေါ့။ ဒီဆယ်နှစ်တာ ကလည်း တကယ့်ကို ခရောင်းလမ်း ပါပဲ။ အခုပြန်တွေကြည့်ရင်တော့ ဆင်းရဲ ဒုက္ခတွေဟာ ကိုယ်တို့အတွက် ချိုမြိန်တဲ့ အမှတ်ရစရာလေးတွေပေါ့။
1 comment:
Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the TV Digital, I hope you enjoy. The address is http://tv-digital-brasil.blogspot.com. A hug.
Post a Comment