Monday, December 10, 2007

ကမ္ဘောဒီးယားသင်ခန်းစာ

ဒီတစ်ပတ်ထုတ် Voice ဂျာနယ်က အောင်ထွဋ္ဋ် ရဲ့ ဆောင်းပါးလေးပါ။ တစ်ချို့အချက်အလက်လေးတွေ မှတ်ထားချင်လို့ ဒီမှာကောက်နုတ်ပြီး ကူးတင်ထားပါတယ်။

ပြည်သူတွေဆိုတာ သူတို့အတွက် တကယ်အလုပ်လုပ်ပေးနေတယ်လို့ ထင်ရင် လုပ်ပေးတဲ့လူကို ထောက်ခံလေ့ရှိပါတယ် ...

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ အင်တာဗျုးတစ်ခုက မှတ်သားစရာစကားလေးတစ်ခွန်းပါ။

ကမ္ဘောဒီးယားနိုင်ငံက ၁၉၉၃ခုနှစ်ကမှ ပြာပုံဘ၀မှ စတင်ခဲ့ရတာပါ။ (ကုလသမဂ္ဂ ကြားဖြတ်အာဏာပိုင်အဖွဲ့၏ လက်အောက်မှ အချုပ်အချာအာဏာပိုင် နိုင်ငံအဖြစ် ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။) လက်ရှိလူဦးရေ ၁၄သန်းနီးပါးသာရှိသော်လည်း GSM တယ်လီဖုန်းပေါင်း ၁.၄သန်း အသုံးပြုနေကြပါတယ်။ ခရီးသွားလုပ်ငန်းနဲ့ CMP လို့ခေါ်တဲ့ အထည်ချုပ်လုပ်ငန်းကို အဓိက လုပ်ကိုင်ပါတယ်။ လူတစ်ဦးစီ၏ တစ်နှစ်ဝင်ငွေသည် ဒေါ်လာ ၂၆၀၀ကို ရောက်ရှိနေပါပြီ။ မကြာသေးမီက ကမ်းလွန်ပင်လယ်ပြင်ရေပိုင်နက်အတွင်းမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေလည်း ရှာဖွေတွေ့ရှိထားပါသေးတယ်။

ကိုယ်တွေက ငုံ့ကြည့်ခဲ့သူတွေက ပုခုံးခြင်းယှဉ်ရုံသာမက စပြီးတောင် ကျော်တက်နေပါပြီ။ ဒီဆောင်းပါးကို ဖတ်ကြည့်ပြီး ကျွန်တော် တော်တော်လေးကို ရင်လေးသွားပါတယ်။ နောက်ဘယ်နှစ်နှစ်မှာ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ ဓါးမနောက်ပိတ်ခွေးဖြစ်လာမလဲဆိုတာ....

No comments: