တပေါင်းလ
တောင်နှင့်တောလည်း သင်းချောမညို၊
၀ါလိုနီမြန်း လေဝန်းလွှင့်ချောက်၊
ရတုရောက်က ပိတောက်ရွှေရိုး၊
သာနိုးရွှေစံ ဝတ်ဆံရွှေခဲ၊
ပုလဲချပ်စီ သရဖီလည်း၊
ရုံးညီတင့်လှ ခါကိုလင့်လျက်၊
ငုံရင့်ကင်းမည်။
ပွင့်ရွက်စည်က၊
နွေလည်ခါလု နှစ်ရတုသည်
ယခုမပေါ် လှည့်လေလော။
ဇေယျရန္တမိတ်