Monday, March 24, 2008

တပေါင်းလတပေါင်းလ တောင်နှင့်တောလည်း သင်းချောမညို၊ ၀ါလိုနီမြန်း လေဝန်းလွှင့်ချောက်၊ ရတုရောက်က ပိတောက်ရွှေရိုး၊ သာနိုးရွှေစံ ဝတ်ဆံရွှေခဲ၊ ပုလဲချပ်စီ သရဖီလည်း၊ ရုံးညီတင့်လှ ခါကိုလင့်လျက်၊ ငုံရင့်ကင်းမည်။ ပွင့်ရွက်စည်က၊ နွေလည်ခါလု နှစ်ရတုသည် ယခုမပေါ် လှည့်လေလော။ ဇေယျရန္တမိတ်

တပေါင်းလ 

တောင်နှင့်တောလည်း  သင်းချောမညို၊ 

၀ါလိုနီမြန်း လေဝန်းလွှင့်ချောက်၊ 

ရတုရောက်က ပိတောက်ရွှေရိုး၊ 

သာနိုးရွှေစံ ဝတ်ဆံရွှေခဲ၊ 

ပုလဲချပ်စီ သရဖီလည်း၊ 

ရုံးညီတင့်လှ ခါကိုလင့်လျက်၊ 

ငုံရင့်ကင်းမည်။ 

ပွင့်ရွက်စည်က၊ 

နွေလည်ခါလု နှစ်ရတုသည် 

ယခုမပေါ် လှည့်လေလော။ 

 

ဇေယျရန္တမိတ်

ကျေးဇူးတင်ရပါလေသည် ....

အင်တာနက်မရတဲ့အခါတွေတိုင်း Back bone ဆိုတဲ့ ခါးရိုးကြီး ကျိုးတာပဲလားဟင်? အခုတလောမှာ လာတစ်လှည့် ပြတ်တစ်လှည့်နဲ့ နှေးနေတဲ့ အင်တာနက်ကြီးက မရတစ်ချက် ပျက်တစ်ချက်နဲ့ အရမ်းကို စိတ်ပျက်စရာဖြစ်နေပါပြီရော။ ဒီလိုနဲ့ blog ကိုတောင်မရေးနိုင်တော့တဲ့ ဘဝ။ speed အရမ်းနှေးနေချိန်မှာ blog ကို login တောင်လုပ်မရတော့ဘူးဗျ။ Email ကနေ post လုပ်မယ်ဆိုပြန်တော့ Gmail က ဝင်မရတဲ့အခါတွေကများနေတယ်။

သူငယ်ချင်းတစ်ယောက်ပြောသလို ဒီမှာနေရတာ အရာရာကို ကြံဖန်ပြီး ကျေးဇူးတင်လို့ စိတ်ချမ်းသာအောင်နေရတဲ့ အကျင့်လေးရနေပါပြီရော။ အော် ..လုံးဝမရတာနဲ့စာရင်တော့ ပြတ်တစ်ချက် ပြုတ်တစ်ချက်လေးကိုပဲ ကျေးဇူးတင်နေရ။ gmailလေး တစ်ချက်လောက်ဝင်သွားပြီး email ခေါင်းစဉ်လေးတွေ မြင်ရရင်ပဲ ဝမ်းသာကျေးဇူးတင်ရ ... နေ့တစ်ပိုင်းပေးနေတဲ့ လျှပ်စစ်မီးလေးကို ကျေးဇူးတင်နေရ ။ တင်တင်မြသီချင်းတစ်ပုဒ်ထဲကလို ကျေးဇူး...တင်ရပါလေသည်....ဆိုပြီးပဲ သီချင်းလေးငြီးရမလား ...