Wednesday, March 28, 2007

နားခိုရာ

နားခိုရာလေးတစ်ခုပါဗျာ .... ဘာရယ်မဟုတ်ပါဘူး စိတ်ရှုပ်နေတဲ့ စိတ်အချဉ်ပေါက်နေတဲ့ စိတ်လေနေတဲ့အချိန်တွေမှာ ကိုယ့်ခံစားချက်တွေ ပြောပြချင်တာတွေကို အချိန်ပေးပြီး စိတ်ရှည်ရှည်နားထောင်ပေးမဲ့ သူငယ်ချင်းကောင်းတစ်ယောက်အနားမှာ မရှိနိုင်ချိန်မှာ စိတ်ရဲ့ထွက်ပေါက်တစ်ခုပေးဖို့ နေရာလေးပေါ့ဗျာ။ ဒါ့အပြင် မှတ်တမ်းလို ဒိုင်ယာရီလိုလဲရေောစးောစးးတဲ့အခါရေးမယ်ဗျာ .. တွေးမိတွေးရာလေးတွေ .. တောင်တောင်အီအီ ဟိဟိုဒီဒီ စာတွေ ကဗျာတွေ ဆောင်းပါးတွေ မှတ်သားစရာတွေတွေ့ရင်လဲ လာထည့်မယ်ဗျာ၊ ဓါတ်ပုံလေးတွေ ပန်းချီတွေလည်း ပါချင်ပါမယ်ဗျာ ..... တစ်နေ့တစ်နေ့ ကွန်ပျူတာရှေ့မှာပဲ အချိန်တော်တော်များများကုန်ရတာဆိုတော့ ဒီနေရောစးာလေးဟာ ကိုယ့်အတွက် အလုပ်ပင်ပန်းမှုတွေ ဟန်ဆောင်မှုတွေ လိမ်ညာမှုတွေကနေ ခဏတာ ရှောင်ပြေးရာ စိတ်ကူးဖြန့်ကျက် ခရီးထွက်ရာ နေရာလေးဖြစ်လာမှာပေါ့ .... အမြဲဟန်ဆောင်ပြီး ပြောသင့်လို့ ပိုက်ဆံရမှာမို့ တာဝန်အရ .. အင်း ဒီလိုပြောဆိုဆက်ဆံနေရတာတွေကို တခါတလေကျတော့ အရမ်းငြီးငွေ့လာတယ်ဗျာ ....

1 comment:

sisain said...

(DVD ဇာတ်လမ်းတွဲ) အဆုံးကနေ ဒီပို့စ်လေး အစအထိ လာဖတ်သွားပါတယ်။ စိတ်ထွက်ပေါက်လေးအနေနဲ့ ရေးထားတာပေမယ့် တွေးစရာတွေလည်း ပါတဲ့ ရှားရှားပါးပါး ဘလော့ခ်မျိုးတွေမို့ စိတ်ဝင်တစား ဖတ်သွားပါတယ်။ အမြဲလည်း ရေးနေဗျာ။ လိုက်ဖတ်ရမယ့် ဘလော့ခ်အသစ်ကလေးတစ်ခု ကျနော့်အတွက်တော့ တိုးလာပြီ။ ကျေးဇူးတင်ပါတယ်။