Alan Cooper ဆိုတဲ့လူကလည်း နယ်နယ်ရရမဟုတ်။ Visual Basic ကို ဖန်တီးခဲ့တဲ့သူပါ။ ပြီးမှသူက Microsoft ကို ရောင်းလိုက်တာဗျ။ User Interface Design နဲ့ ပတ်သက်ရင်တော့ သူက ဆရာကြီးတပါးပါပဲ။ ခုနက ပြောတဲ့ စာအုပ်နှစ်အုပ်ကို ရုံးက ကျွန်တော့် MD က အရင်မှာပြီးဖတ်တာ။ ပြီးတော့မှ သူက ကောင်းတယ် ဖတ်ကိုဖတ်ရမယ့် စာအုပ်ဆိုပြီး ညွှန်းတာနဲ့ ဖတ်ဖြစ်သွားတာ။ About Face က programmer တွေ web designer တွေ ဖတ်ကို ဖတ်သင့်တဲ့စာအုပ်ပါ။ လူတွေသုံးရလွယ် နားလည်ရလွယ်တဲ့ programတွေ interface တွေကို ဘယ်လို ဖန်တီးမလဲဆိုတာတွေ အသေးစိတ်ပါတယ်ဗျ။ Goal directed Designပေါ့။ Userတွေ လုပ်ချင်တဲ့ ကိစ္စတွေကို လူလိုတွေး လူလိုလုပ်လို့ရအောင် ကွန်ပျူတာဆန်ဆန် digital ဆန်ဆန်ကြီး ကန့်လန့် မတွေးရအောင် design ချထားတဲ့ interface တွေ အကြောင်းပေါ့။ ဖတ်ကြည့်စေချင်ပါတယ်ဗျာ။ အခုဆို About Face 3 ဆိုပြီး နောက်ဆုံး Edition တောင်ထွက်နေပြီ။

No comments:
Post a Comment