Wednesday, March 2, 2016

အချိန်တွေကုန်တာအရမ်းမြန်လှတယ်။ ဒီဘလော့လေးကို မထိဖြစ်မကိုင်ဖြစ် မရေးဖြစ်တာ ၁၆နှစ်နီးပါးရှိပါရော့လား။ ဘုရားရေ... တကယ်ပဲ အဲဒီလောက်အချိန်တွေကြာသွားပြီလား။ ဘာရယ်မဟုတ် စိတ်ထဲသတိရလို့ ပြန်ဝင်ကြည့်မိတော့ နောက်ဆုံးရေးဖြစ်ခဲ့တာ ၂၀၁၀ သင်္ကြန်ကာလ။

Facebook ဆိုတာကြီးပေါ်လာပြီးကတည်းက ပြောဆိုဆွေးနွေးလေ့ရှိကြတဲ့ Forum မှာလည်း လူတွေနည်းလာ ကိုယ့်ကိုယ်ပိုင် Blog မှာလည်း ၀င်မရေးဖြစ်တော့ပဲ နေစဉ် Facebook ထဲမှာပဲ ကျင်လည်ဖြစ်ခဲ့ကြတာ ကြာလှပေါ့....

1 comment:

AMK said...

သတိရပါတယ် အကိုရေ သမီးလေး တယောက်ထပ်ရတာလည်း facebook မှာတွေ့ပါတယ် မိသား တစ်စုလုံး ကျန်းမာ ချမ်းသာပျော်ရွင်ပါစေ