အခုရန်ကုန်မှာ ပေါက်ဖော်ကြီးတွေရဲ့ကျေးဇူးနဲ့ ဇတ်လမ်းတွဲအသစ်တွေကြည့်နေရတယ်။ တစ်ခွေ တစ်ထောင့်လေးရာ ထောင့်ငါးရာလောက်ဆိုတော့ ပစ်စလက်ခတ်ကို တန်ပါတယ်။ အခုတလော Series တွေပဲဝယ်ကြည့်ဖြစ်တယ်။ ဆက်တိုက်ကြည့်မိလို့ အိပ်ရေးတောင်အတော်ပျက်နေပြီ်။ ငှားကြည့်တဲ့ သူငယ်ချင်းတွေလဲ ဒီလိုပဲဖြစ်ကြတယ်။ :D ဝယ်ပြီးတော့ မြည်းရုံသာ မြည်းကြည့်ပြီး မကြည့်ရသေးတဲ့ဇာတ်လမ်းအတွဲတွေလဲအများကြီးပဲ။
Hero - လူ့မျိုးရိုးဗီဇတွေတိုးတက်ပြောင်းလဲလာပြီး အရင်ကမရဘူးမရှိဘူးတဲ့ super power တွေရလာတဲ့ လူတစ်စုအကြောင်း.... လေထဲပျံနိုင်တဲ့ နေသန်၊ ဘယ်လိုဒဏ်ရာရရ Heal ပြန်ဖြစ်သွားတဲ့ cheer leader ကလဲရာ၊ အနာဂါတ်ကာလက အဖြစ်အပျက်တွေကို မသိစိတ်နဲ့ ပန်းချီတွေဆွဲတဲ့ပန်းချီဆရာ၊ ဒီလူစုအကြောင်းကို သုသေသနပြုတဲ့ အသတ်ခံလိုက်ရတဲ့ ပညာရှင်ဒေါက်တာကြီးနဲ့ သူ့အဖေအကြောင်းစုံစမ်းဖို့အမေရိကားရောက်လာတဲ့သူသား ...... စသည် စသည်ဖြင့် ဆက်တိုက်ဆက်တိုက် မထပဲကြည့်ချင်သွားလောက်အောင်ကို ဆွဲဆောင်နိုင်ပါတယ်။
Prison Break 1, 2 - သေဒဏ်ကြနေတဲ့ အကိုကိုကယ်ဖို့ ရှာကြံအမှုလုပ်ပြီး ထောင်ထဲဝင်သွားတဲ့structural engineer လေး စကိုးဖီလ်း ၊ အမျိုးသမီး ဒုသမတ၊ ထောင်ဆရာဝန်မလေး၊ ထောင်မှူးကြီးနဲ့ သူ့ရဲ့လက်ထောက်၊ စကိုးဖီးလ်နဲ့အတူထောင်ဖောက်ပြေးကြမဲ့ ဘဝစုံက ထောင်သားတစ်စု ...... (စာတန်းမှန်တယ်) အခုထိ ဝယ်ကြည့်ခဲ့တဲ့ DVD ဇာတ်လမ်းတွဲတွေထဲမှာ ဒါကို အကြိုက်ဆုံးပဲ။
Unit - Delta Forceလိုအထူးတပ်ဖွဲ့တစ်ခုရဲ့ ဆောင်ရွက်မှုတွေ (ဥပမာ လေယာဉ်ပြန်ပေးဆွဲတာကိုဝင်ကယ်တာ) ၊ သူတို့ရဲ့ မိသားစုဘဝတွေ .... (အင်္ဂလိပ်စာမထိုးဘူး) Season 1 ပဲရသေးတယ်။ Season 2 တစ်သုတ်ရန်ကုန်ကိုရောက်လာသေးတယ်တဲ့။ အခုတော့ ကုန်နေတယ်။
Criminal
Criminal Minds - FBI ရဲ့ အဖွဲခွဲတစ်ခုဖြစ်တဲ့ BAU (Behavioral Analysis Unit)ရဲ့ အမှုလိုက်တဲ့ဇာတ်လမ်းတွေ၊ Crime Scene က သဲလွန်စတွေကိုကြည့်ပြီး အမှုကျူးလွန်သူတွေရဲ့ အမူအကျင့် စိတ်နေသဘောထားတွေကို Analysis လုပ်ပြီး လှုပ်ရှားဆောင်ရွက်ကြတာ။ Team Work နဲ့အလုပ်လုပ်တာသိပ်ကောင်းတယ်။ အလုပ်ခွဲဝေပုံ ပူးပေါင်းဆောင်ရွက်ကြပုံတွေ လက်တွေ့အလုပ်အတွက်တောင် အတုယူမိတာတွေရှိတယ်။ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ် (တစ်ပိုင်းကို ဇာတ်လမ်းတစ်ခု ... ခွဲကြည့်လို့ရတယ်) (စာတန်းမှားတယ် - စာတန်းမပါတော့ အတော့်ကို နားစိုက်ထောင်ရတယ်။)
Without Trace - FBI ရဲ့ လူပျောက်ရှာတဲ့အဖွဲ့ရဲ့ဇာတ်လမ်းတွေ (တစ်ပိုင်းကို ဇာတ်လမ်းတစ်ခု ... ခွဲကြည့်လို့ရတယ်) သူလဲ Criminal Minds လိုပဲ အဖွဲ့လိုက်အလုပ်လုပ်ကြပုံလေးကို လေ့လာာကြည့်လို့ရတယ်။ (စာတန်းမှန်တယ်)
Supernaturals - ထူးထူးဆန်းဆန်း သေသွားတဲ့မိခင်နဲ့ ကျန်ခဲ့တဲ့ ညီအစ်ကိုနှစ်ယောက် .... သရဲကားလိုလို လျှို့ဝှက်ဆန်းကြယ်လိုလို ...ဂမ္ဘီရလိုလို. (အင်္ဂလိပ်စာ မထိုးဘူး) Amazonမှာ Second Season ကြော်ငြာထားပြီ။ အဲဒီမှာတွေ့ပြီးရင် မကြာခင်ပဲ ရန်ကုန်ကိုရောက်လာတာ သတိထားမိတယ်။


No comments:
Post a Comment