Tuesday, October 30, 2007
ဆရာကတော်ရဲ့လက်ရာ
ဒို့အကိုကြီးတို့ အကြံပိုင်ပုံများ မိန်းမကို ဓါတ်ပုံသင်တန်းပို့ပြီး ပိုးသွင်းပေးထားတော့ ကင်မရာအသစ်တွေ မှန်ဘီလူးတွေ ဘာညာ ဝယ်ချင်တဲ့အခါ မိန်းမငြိုငြင်တာမခံရတော့ဘူး။ မိန်းမက သင်တန်းနဲ့ ဓါတ်ပုံရိုက်တာနဲ့ အလုပ်ရှုပ်နေတော့ ကိုယ်တို့ ဘီယာဆိုင်အကြာကြီးထိုင်တာတွေကိုလဲ လိုက်ပြောမနေတော့ဘူး... ဂွတ် ဂွတ်
Saturday, October 27, 2007
အသွားမတော် တလှမ်း
လူက Body weight များလာတာလဲပါမယ်။ ဘတ်စ်ကားကြီးပေါ်ကနေဆင်းလိုက်တာ ကံဆိုးချင်တော့ ခြေထောက်ချလိုက်တဲ့နေရာက ချိုင့်ကြီးဖြစ်နေတယ်။ လူက ခွေကနဲ ပုံရက်လဲကြသွားတယ်။ မတ်တပ်တောင် ပြန်မရပ်နိုင်ဘူး။ ချောင်းသာအပန်းဖြေခရီးသွားမလို့လေ။ ရန်ကုန်ကတောင်မထွက်ရသေးဘူး။ ဒဏ်ရာတွေနဲ့ ဖြစ်ကုန်ရော။ ကားဆရာတွေက ဂရုစိုက်ကြပါတယ်။ လိမ်းဆေးနဲ့ အကြောကပ်ပလာစတာလေး ဝယ်ပေးကြရှာတယ်။ ဆေးလေးလိမ်း ပလာစတာလေးကပ်ပြီး ငြိမ်ငြိမ်လေးပဲထိုင်လိုက်သွားတယ်။ ညောင်တုန်းရောက်တော့ အပေါ့အပါးသွားဖို့ ကားပေါ်ကဆင်းတော့ တွဲပြီးဆင်းရတယ်။ လမ်းလျှောက်တဲ့အခါ ညာခြေကိုထောက်လိုက်တိုင်းနာလိုက်တာ မပြောပါနဲ့တော့။
မနက်ချောင်းသာရောက်တော့ ညာခြေဖမိုး နဲ့ခြေကျဉ်းဝတ်တဝိုက် ဖောင်းကားပြီး ယောင်ကိုင်းနေပြီ။ ကိုယ့်အခန်းရောက်အောင် တွဲပြီးသွားလိုက်ရတယ်။ အိပ်ယာပေါ်လှဲနေရင်း ပင်လယ်ကြီးကိုပဲ လှမ်းငေးကြည့်နေရတယ်။ သူများတွေကတော့ ရေထဲဆင်းကုန်ပြီ။ အော် ... စိတ်သွားတိုင်း ကိုယ်မပါတဲ့ ဒုက္ခက တော်တာ်ကြီးပါလားလို့လဲတွေးမိသွားတယ်။
ညနေရောက်တော့မှ ဆိုက်ကားလေးခေါ်ပြီး ဆေခန်းသွားပြလိုက်တယ်။ ဆရာဝန်လေးက ဆေးတစ်လုံးထိုးပေးပြီး သောက်ဆေးတွေလဲပေးလိုက်တယ်။ ရေခဲလဲအုံပါတဲ။ ဟိုတယ်ပြန်ရောက်တော့ ရေခဲလေးလှမ်မှာ လိုက်တယ်။ ခြေတောက်ကို ရေခဲအုံရင်း သယ်လာတဲ့ ပန်းဂျုံ ဂျပန်အရက်ပုလင်းလေးထုတ်သောက်နေလိုက်တယ်။ အရက်သောက်ပြီးမှ ဆေးသောက်တာပေါ့။ ချောင်းသာရောက်ရင် အမြဲလုပ်ဖြစ်တာတစ်ခုက သောင်ပြင်ပေါ်လာရောင်းတဲ့ စျေးသယ်တွေဆီက ပုဇွန်တွေ ဂုံးတွေ ဂဏန်းတွေ ဝယ်ပြီး အဝအပြဲစားပစ်တာပဲ။ ခြေတောက်ကလည်းနာနေတော့ ဘယ်မှလဲမသွားနိုင် လာသမျှစျေးသည်တွေခေါ်ပြီး ဝယ်စားနေတော့တာပဲ။ ပုဇွန်ကင်တွေနဲ့ ပန်းဂျုံအရက် ... အင်း .... လိုက်ဖက်သားပဲဗျ။
သီဟိုစေ့နဲ့ ပန်းဂျုံအရက်က ရန်ကုန်ကတည်းကဝယ်သွားတာ။ ကျန်တာတွေက ပုဇွန်ကင်ရယ်၊ ဂုံးကင်ရယ်၊ သရက်တောမုန့့်ရယ်။
အင်း.... စာရင်းချုပ်လိုက်ရင် weight ပြန်လျှော့ရတော့မယ်လို့ ကောက်ချက်ချမိတယ်။ အခု ကိုယ်အလေးချိန်က ၁၉၂လောက်ရောက်နေပြီ။ ဒီခြောက်လ ခုနစ်လမှာ ပြန်ဝလာတယ်။ တော်သေးတာပေါ့ ခြေတောက်ကျိုးမသွားလို့။ အခုနာနေတာလဲနောက် လေးငါးရက်လောက်ခံရဦးမယ်ထင်ပါ့။
Tuesday, October 23, 2007
ချစ်သောပါဒဧကရီ
Monday, October 22, 2007
Online MBA (Myanmar)
အသက် ၂၅နှစ်နဲ့အထက်၊ ဘွဲတစ်ခုရပြီး Executive Level working experience ၅နှစ်ရှိရပါမယ်။ ဝင်ခွင့်စာမေးပွဲတော့ မရှိပါဘူး။ Online ကနေလျှောက်ထားရမှာပါ။
သင်ကြားမှုအနေနဲ့ online lectures and seminars များကို အများဆုံး အသုံးပြုသွားမယ်လို့ဆိုပါတယ်။ လေးလံနှေးကွေးနေတဲ့ မြန်မာပြည် အင်တာနက်ကြီးနဲ့ ဘယ်လိုများ သင်ကြားကြမယ်တော့ မသိပါဘူး။ စာသင်သားအနေနဲ့ သက်ဆိုင်ရာဘာသာရပ်နဲ့ပတ်သက်တဲ့ assignment များကို လုပ်ပြီး submitလုပ်ရပါမယ်။ စာမေးပွဲအတွက် exam request form နဲ့ လျှောက်ထားပြီးတဲ့နောက် နှစ်ပတ်အကြာမှာ ယင်းဘာသာရပ်အတွက် စာမေးပွဲလာဖြေရပါမယ်။ (လောလောဆယ်တော့ ပတ္တမြားဆောင်မှာပါပဲ)။
ွှTution Fees အနေနဲ့ တစ်ဘာသာကို K 50,000 စာမေးပွဲကြေးက K 15,000 စုစုပေါင်း 65,000 ပါ။ စုစုပေါင်း 24 Subjects ဆိုတော့ K 1,560,000ပါ။ ဒါ့အပြင် Annual Fees တစ်နှစ်ကို K 50,000 နဲ့ ၂နှစ်ဆိုတော့ တစ်သိန်း အားလုံးပေါင်းလိုက်ရင် ၁ရသိန်း လောက်ကုန်ကျမှာဖြစ်ပါတယ်။ (စာအုပ်ဖိုးဆိုတာကို ထည့်မတွက်ထားသေးပါဘူး။ စာအုပ်ဖိုးအနေနဲ့ ပျမ်းမျှ တစ်ဘာသာတစ်သောင်း နဲ့ ၂၄ ဘာသာဆိုတော့ နှစ်သိန်းလေးသောင်းပါ။)
မန်နေဂျာများ Executive များအတွက် ရည်ရွယ်တဲ့ EMBA Course ကတော့ ထိရောက်အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။ အခု Online MBA Course က ဘယ်လိုဖြစ်လာဦးမယ်ဆိုတာတော့ စောင့်ကြည်ရဦးမှာပါ။ အသေးစိတ်အချက်အလက်များကို တော ့ www.elearning.edu.mm မှာ သွားရောက်ကြည့်ရှု နိုင်ပါတယ်။
Thursday, October 18, 2007
Programming Competition
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းအနေနဲ့ ကျင်းပတဲ့ ပြိုင်ပွဲလေးပါ။ IT လောကကလူငယ်တွေ programmer တွေအတွက် activity လးတစ်ခုအနေနဲ့လုပ်ပေးတာပါ။ ပြိုင်ပွဲအမျိုးအစားက ဒီနှစ်မှာ နှစ်မျိုးလုပ်တယ်။ windows application development နဲ့ web application development. ဆုကြေးကလည်း သိပ်များလှတယ်တော့မဟုတ်ပါဘူး။ ပထမ သုံးသိန်း၊ ဒုတိယ နှစ်သိန်း၊ တတိယ တစ်သိန်း၊ နှစ်သိမ့်ဆုရှိခဲ့ရင် ငါးသောင်း တစ်ခုပေးမယ်။ ဂိမ်းပြိုင်ပွဲတွေလောက်တောင်မပေးနိုင်ပါဘူး။
ဒီနှစ်တော့ web နဲ့ windows ကို မေးခွန်းတစ်ခုတည်းမေးလိုက်တယ်။ Hotel Management System ထဲက Reservationအပိုင်းကိုပါ။ ပြိုင်တဲ့ အဖွဲ့တစ်ဖွဲ့ကို programmer နှစ်ယောက်ပါတယ်။ တစ်ရက်စာ (၈နာရီ)အချိန်ပေးပါတယ်။
အဲ ... ဒါတွေထားပါတော့။ ပြောချင်တာက ဒါတွေမဟုတ်ဘူး။ မနေ့က သူတို့လေးတွေ ရေးသွားတဲ့ program တွေကို ဆုပေးဖို့ အကဲဖြတ်ရင်း တွေ့တဲ့ အချက်လေးတွေပါ။
၁) ဘယ်ဟာ အရေးကြီးတယ်ဆိုတာကို မခွဲတတ်ကြဘူး။ ဒါကြောင့် ရေးသင့်တာတွေ ပြီးသင့်တာတွေ ပြီးမသွားကြဘူး။ Priority ပါ့ဗျာ။
၃) Team work and coorperation - တစ်ချိုု့အဖွဲ့တွေမှာ ပါတဲ့ နှစ်ယောက်လုံးက ကိုယ်သန်ရာ စိတ်ထင်ရာ စိုက်ပြိးရေးနေကြတယ်။ တိုင်တိုင်မင်မင် planချပြီးလုပ်တာမျိုးမရှိသလိုပဲ။ မေးခွန်းပေးပြီးခဏပဲ ပြောကြဆိုကြတယ်။ ပြီးတော့ ကိုယ်ဘာသာလုပ်နေကြသလိုပဲ။ Team effect မရဘူး ဖြစ်နေတယ်။
၄) Programming is jsut a tools - လုပ်ရမှာက ပြသနာကို ဖြေရှင်းပေးဖို့၊ user လိုချင်တာကို ရေးပေးဖို့။ တစ်ချို့တွေလုပ်နေကြတာက ဒါတွေပြီးမြောက်ဖို့ထက် technology ကို ပိုပြီးဦးစားပေးနေတယ်။ တစ်ဖွဲ့ဆို C# နဲ့ Class တွေကို ရေးတဲ့ဆီမှာ နစ်နေတယ်။ တစ်ဖွဲဆို Source Safe ကို တစ်ခန်းတနားသုံးနေတယ်။ (ရေးတာကမှ နှစ်ယောက်ထဲ) ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးကာမှ ဆေးကြောင့်ပိုလေး ဆိုသလို technology ကို လိုတာထက် ပိုပြီး အာရုံစိုက်မှုကြောင့် လုပ်သင့်တဲ့ ပြီးသင့်တဲ့ အလုပ်တွေ ပြီးမသွားတာမျိုးတော့ မဖြစ်သင့်ဘူးပေါ့။
ဒါတောင့် General ပဲပြောထားတာ။ Programming specific ပြောမယ်ဆိုရင် ပြောစရာတွေ အများကြီးကျန်သေးတယ်။
Tuesday, October 16, 2007
EMBA Term Paper
အခုအချိန်မှာ EMBA သင်တန်းရဲ့ Term Paper အတွက် ဘာရေးရမလဲဆိုတာ စဉ်းစားနေပါတယ်။ အဓိကရွေးစရာနှစ်ခုရှိတယ်။ Business or Industry area တစ်ခုခုကိုရွေးပြီး လုပ်ငန်းတစ်ခုအကြောင်းကို အသေးစိတ်ရေး။ Comfar software နဲ့ အသေးစိတ် financial and accounting data တွေထည့် run ... တွေ့ရှိချက်တွေကို analysis လုပ် .... ဒါက ရွေးစရာတစ်ခုပေါ့။ အတန်းသားတော်တော်များများက ဒါကိုပဲရွေးကြတယ်။ ရေးရမဲ့ ပုံစံ Frame ကကြပြီးသားဖြစ်နေတာကိုး။
နောက်ထပ်ရွေးစရာတစ်ခုက Marketing ခါင်းစဉ်အောက်က Market Research, Survery, Consumer Behavior အဲဒါမျိုးတွေရွေးလို့ရတယ်။ ဒီအပိုင်းကိုက အတန်းသား လေးပုံတစ်ပုံလောက်ရွေးကြတယ်။ အပြင်လောကမှာ marketing field အောက်မှာ အလုပ်လုပ်နေသူတွေက ဒီအပိုင်းကို ရွေးကြတာများတယ်။
ကျန်တဲ့ အနည်းစု (သုံးလေးယောက်လောက်)က Organizational Design and Development, HR သို့မဟုတ် Business Ethics ကို ရွေးလေ့ရှိတယ်။ ဒါပေမဲ့ ဒီနှစ်မှာ Business Ethics ရေးလို့မရဘူး။ Supervise လုပ်ပေးမဲ့ ဒေါက်တာဒေါ်မိုးမိုးခိုင်က နယ်ပြောင်းရမှာမို့လို့။
ကိုယ်ရေးမဲ့ paper ကို ဘွဲ့တစ်ခုအတွက် တာဝန်ကျေ လုပ်လိုက်မဲ့အစား အခုကိုယ်လုပ်နေတဲ့ Field နဲ့ Organization အတွက် တစ်ခုခုအကျိုးရှိမှာမျိုးလေး လုပ်ချင်တယ်။ ကိုယ်တို့က software တွေရောင်းနေတာဆိုတော့ မြန်မာနိုင်ငံရဲ့ software စျေးကွက်အကြောင်းပေါ့။ အဲဒီမှာ ထပ်ပြီးအသေးစိတ်လိုက်ရင် post purchase evaluation, customer satisfaction ပေါ့။ အဲဒီအပိုင်းလေး လုပ်မလားလို့။
တစ်ချို့ အဖွဲ့အစည်းတွေ software ကို ဝယ်ပြီးတော့မှ အသုံးမပြုနိုင်ပဲ ရပ်သွားတာတွေရှိတယ်။ ဘယ်အချက်တွေက သူတို့လုပ်ငန်းမှာ computer software မသုံးနိုင်အောင် တားဆီးနေတာလဲ။
လူတွေက စီးပွားရေးအဖွဲ့အစည်းတွေက ဘာလို့ ကိုယ်တို့ဆီက software တွဝယ်လဲ။ ဘာတွေမျှော်လင့်လဲ။ သူ့တို့ အလုပ်ခွင်မှာ software ကို ဝယ်ပြီးနောက်ပိုင်း အောင်အောင် မြင်မြင် ဆက်သုံးသွားနိုင်ဖို့ ဘယ်လို အချက်တွေက ဘယ်လောက်အရေးပါလဲ အရေးပါသလဲ -
၁) software product ရဲ့ အသုံးပြုရလွယ်ကူမှု၊ ပါဝင်သော feature များ၊ အမှား ကင်းစင်မှု၊
၂) After sales service and maintenance - မြန်မာပြည်မှာက software ကို off the shelf ဝယ်လာပြီး တစ်ခါတည်း ကိုယ့်ဘာသာ သုံးနိုင်ဖို့ ခက်မယ်။ start up and running က စလို့ software ရာင်းတဲ့ အဖွဲ့အစည်းရဲ့ service and support အများကြီးလိုတယ်။
၃) ဝယ်သူဖက်က အချက်အလက်တွေ - ပိုင်ရှင် / Management ရဲ့ ပညာရေးအဆင့်အတန်း၊ IT Experience၊ မိမိလုပ်ငန်းရဲ့ requirement နဲ့ software အသုံးပြုမဲ့ scope and boundary ကို ပိုင်းဖြတ်နိုင်မှု၊ Software အသုံးပြုမဲ့ ကျွမ်းကျင်ဝန်ထမ်းများရဲ့ turnover rate
၄) လျှပ်စစ်မီးရရှိမှု၊ မီးပျက်ချိန်တွင် computer သုံးနိုင်အောင် စီစဉ်ထားနိုင်မှု
စသည်ဖြင့် အဓိကအချက် လေးငါးခုနဲ့ Questionaire လုပ်ပြီး ကိုယ့်ရဲ့ လက်ရှိ customer တွေကို survery ကောက်ကြည့်မယ်။ ဘယ်အချက်တွေထည့်မေးမယ် ဆိုတာတော့ အပြီးသတ်မလုပ်ရသေးဘူး။ ေတွေ့ရှိချက််လေးတွေနဲ့ analysis လုပ်မှာပေါ့။ Post purchase evaluation ပေါ်အခြေခံပြီး software house တစ်ခုအနေနဲ့ ဘယ်အချက်တွေကို ဘယ်လောက် ဂရုစိုက်ရမယ်ဆိုတာမျိုးလေး သိချင်လို့။