Wednesday, April 30, 2008

ကုလားကြီးနဲ့ အရာကြီး

(ခ) တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက်ခွင့်ရှိသည်။
၂၀ (ဂ) တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သည်။

၂၃၂ (ခ) ၂ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်။

(ဒါဆို ကာကွယ်ရေးဝန်ကြီးဆိုတာက တပ်ကြပ်ကြီးစာရေးသာသာပဲ ရှိတာပေါ့နော်)


အရေးပေါ်ကာလ
၄၁၂ (ခ) သမတသည် အမျိုးသာကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းရာတွင်း အဖွဲ့ဝင်များ စုံညီစွားတက်ရောက်နိုင်ခြင်းမရှိပါက ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးတို့နှင့် ညှိနှိုင်းပြီး အရေးပေါ်အခြေအနေကို ထုတ်ပြန်ကြေငြာနိုင်သည်။

၄၁၇။ ……. အရေးပေါ်အခြေအနေ အကျိုးသက်ရောက်မှုမှာ နိုင်ငံတစ်ဝှမ်းလုံးဖြစ်ကြောင်းနှင့် အချိန်ကာလ သတ်မှတ်ချက်သည် အမိန့်ထုတ်ပြန်သည့်နေ့မှ တစ်နှစ်ဖစ်ကြောင်း ဖေါ်ပြရမည်။

၄၁၈ (က) ကာကွယ်ရေးဦးစီးချုပ်အား ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာများကို လွှဲအပ်ကြောင်း ကြေငြာရမည်။ ကြေငြာသည့်နေ့မှစ၍ လွှတ်တော်အားလုံးနှင့် ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေးဆိုင်ရာလုပ်ငန်းများ ရပ်ဆိုင်းထားသည်။ သက်တမ်းကုန်ဆုံးသည့်အခါ သက်ဆိုင်ရာ လွှတ်တော်များသည် အလိုအလျောက်ဖျက်သိမ်းပြီးဖြစ်သည်။

၄၁၈ (ခ) ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာကို လွှဲအပ်သည့်နေ့မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ မည်သို့ပင် ပြဌာန်းပါရှိစေကာမူ သမတနှင့် ဒုတိယ သမတများမှအပ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သက်ဆိုင်ရာ လွှတ်တော်များက၏ သဘောတူညီချက်ဖြင့် ခန့်အပ်တာဝန်ပေးထားသော အဖွဲ့အစည်းဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဦးစီးအဖွဲ့ဝင်များအား တာဝန်မှရပ်စဲသည်။

၄၂၀ (ခ) ကာကွယ်ရေးဦးစီးချုပ်သည် အရေးပေါ်အခြေအနေ ကြေငြာထားစဉ်ကာလအတွင်း လိုအပ်သည့် နယ်မြေဒေသတွင် နိုင်ငံသားများ၏ မူလအခွင့်အရေးများကို လိုသလို ကန့်သတ်နိုင်သည် သို့ ရပ်ဆိုင်းထားနိုင်သည်။

၄၂၅ ကာကွယ်ရေးဦးစီးချုပ်က တာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်ခြင်း မပြုနိုင်သေးသဖြင့် သတ်မှတ်အချိန်ကာလ တိုးမြှင့်ပေးရန် အကျိုးအကြောင်းပြလျက် တင်ပြလာပါက သာမန်အားဖြင့် တစ်ကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ်တိုးမြှင့်ပေးနိုင်သည်။

၄၃၂။ အရေးပေါ်အခြေအနေထုတ်ပြန်ထားစဉ် ကာကွယ်ရေးဦးစီးချုပ်ကနိုင်ငံတော်အာဏာကို ကျင့်သုံးသော ကာလအတွင်း လိုအပ်သည့် အရေးယူဆောင်ရွက်မှုများပြုနိုင်ရန် အခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်တာဝန်များ ပေးအပ်ခြင်းခံထားရသော အဖွဲ့အစည်းတစ်ရပ်ရပ်နှင့် ယင်းအဖွဲ့အစည်းဝင် တစ်ဦးဦး၏ တရားဝင်ဆောင်ရွက်ချက်များသည် အတည်ဖြစ်စေရမည်။ ယင်းတရားဝင်ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျှက် တရားစွဲဆိုခြင်း မရှိစေရ။

(ဘာထူးလဲ လုပ်ချင်တဲ့အချိန်မှာ လုပ်ချင်တာလုပ်လို့ရတယ် မည်သို့ပင်ဆိုစေကာမူ ဆိုတာက ပါလာသေးတယ်။ အရင် အရေးအခင်းတွေမှာ ရိုက်နှက်ခံရင် အဖမ်းခံရရင် ပစ်သတ်ခံရရင် သေနတ်ပြပြီး အာဏာကို အဓမ္မယူထားတဲ့ စစ်အစိုးရ ဘာညာဆိုပြီး ပြောလို့ရသေးတယ်။

ဒီအခြေခံဥပဒေအတည်ဖြစ်ပြီး ပစ်သတ်ခံရရင် ပြည်သူတစ်ရပ်လုံးကထောက်ခံထားတဲံ့ အခြေခံဥပဒေအရ တရားဝင် ပစ်သတ်ခံရတာဖြစ်သွားပြီ။ နောက်မှ တရားတွေဘာတွေပြန်စွဲဖို့လည်းမစဉ်းစားနဲ့ ဘာလုပ်လုပ် တရားဝင်တယ်တဲ့)

No comments: