Tuesday, December 9, 2008

သားသားကိုက်ချင်တယ်



ဒီရက်ပိုင်းမှာ သားသားက သူ့လက်ကို စုပ်စုပ်နေတာနဲ့ သားမေမေက Gum Soother ဆိုတာလေး ဝယ်လာတယ်။ ရာဘာသားခပ်နုနုလေးနဲ့ မျောက်ပုံအရုပ်လေး။ အထဲမှာ ရေထဲ့ထားတယ်။ ဘေးနှစ်ဖက်မှာ လက်ကိုင် ကွင်းလေးနှစ်ခုပါတယ်။ ဒါလေးကို သားသားက တော်တော်သဘောကျတယ်။ အခုဆို လက်နှစ်ဖက်နဲ့တောင် သေချာကိုင်ပြီး ကိုက်တတ်နေပြီ။

4 comments:

:P said...

သားသားကိုက်တတ်ပြီပေါ့။ ချစ်စရာလေး..

ဗေဒါရီ said...

သားလေးက သွားပေါက်ပြီလား။ သွားပေါက်ချင်ရင်လည်း သွားဖုံးတွေယားပြီး ကိုက်ချင်တယ်လို့ ပြောကြတာပဲ။
ငုတ်တုတ်ရော ထိုင်နိုင်ပြီလား။
သွားငုတ်တုတ် လူငုတ်တုတ် ဆိုတဲ့စကားလေးလည်း ကြားဖူးတာမို့ မေးကြည့်တာပါ။

khin oo may said...

ချစ်စရာ

Moe Cho Thinn said...

သွားပေါက်ချင်နေတယ် ထင်ပါရဲ့။ သွားဖုံးယားနေလို့ ကိုက်တာဖြစ်မယ်။ လူတတ်ကြီးလုပ်ပြီး ပြောသွားတယ် TK ရေ။