Wednesday, April 22, 2009

Long time no blog

တစ်လခွဲလောက်ရှိပြီထင်တယ်။ အကြောင်းကြောင်းတွေကြောင့် ဘလော့ရေးရန် အခွင့်မသာခဲ့တာ။ မရေးဖြစ်ပေမဲ့ Reader နဲ့ သူများရေးတာတွေတော့ မကြာခဏ ဝင်ဖတ်ဖြစ်ပါတယ်။ သိကြတဲ့အတိုုင်းပဲ ဖန်ကြိုးမျှင်ကြီးကို ပြင်နေတယ်ဆိုကတည်းက connection တွေက လိပ်လိုနှေးပြီး ဘလော့ ရေးဖို့ နေနေသာသာ အီးမေးတောင် မနည်း စစ်ရတာ။ ဖုတ်လှိုက်ဖုတ်လှိုက်ပေါ့။ ဒီကြားထဲ သားလေးက အထက်လှန် အောက်လျှောဖြစ်ပြီး ဆေးရုံတစ်ပတ်လောက်တင်လိုက်ရသေးတယ်။ တော်သေးတယ် အချိန်မီလေးတင်။ စိတ်ပူလိုက်ရတာ။ အခုတော့ ကျန်းကျန်းမာမာပဲ ရှစ်လကျော်ကျော်မှာ လေးဖက်သွားတာ ကတော့ အရမ်း မြန်နေပြီ။ မတ်တပ်စမ်းရပ်နေပြီ။ စက္ကန့် ၂၀၊ ၃ဝလောက် သူ့ဖာသာ ရပ်နိုင်နေပြီ။ နောက်မှ သူ့ပုံလေးတွေ တင်ဦးမယ်။ 
.
သင်္ကြန်တွင်းကတော့ ထူးထူးခြားခြားရယ်လို့ ဘာမှ မလုပ်ဖြစ်ပါဘူး။ အကျနေ့က ညီလေးဝင်ထိန်အိမ်မှာ မိသားစုလိုက်သွားပြီး ချက်ပြုတ်စားသောက်ကြတာပေါ့။ ကိုရဲတို့လင်မယားရယ်၊ ကိုဇော်မိုးနဲ့ သူ့သမီးလေးရယ် ကိုယ့်တို့ မိသားစုသုံးယောက်ရယ်။ အကြတ်နေ့မှာတော့ ကိုသူရကြီးခေါ်တာနဲ့ လင်မယားနှစ်ယောက် အင်းယားလမ်းက EMBA မဏ္ဍပ်ကို သွားဖြစ်တယ်။ ရေမပက်ဖြစ်ပါဘူး မဏ္ဍပ်အနောက်ဖက်မှာ ခုံလေးခင်းပြီး တောက်လျောက်ပဲ အရက်သောက်ဖြစ်ကြတယ်။ မိန်းမနဲ့ အင်းယားလမ်းပေါ် မဏ္ဍပ်တွေ ငေးမယ်ဆိုပြီး ညနေဖက်လျှောက်လိုက်မိပါတယ် လူတိုးလို့ မီးသတ်ပိုက်နဲ့ လှမ်းထိုးလို့ရယ်နဲ့ ကိုယ့်မျက်မှန် ပျောက်ခဲ့တယ်။ ကောင်းရော။ အသစ်ရတာပေါ့ :) 
.
အင်တာနက်အထိုက်အလျောက် ပြန်ကောင်းလာပေမဲ့ ဘလော့ကို ဘယ်လိုမှ ဝင်မရတာ ဒီနေ့မှပဲ ရတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင် မနက်က အမကြီးခင်ဦးမေ ရုံးနားက ကော်ဖီဆိုင်ကို လာပြီး အအေးတိုက် မုန့်ကျွေး သွားလေရဲ့။ ကျွန်တော်ကျွေးပါရစေ ဆိုတာတောင်လက်မခံဘူးရယ်။ ဒါနဲ့ ကိုနဗနရယ် အသင့်ရောက်နေတဲ့ မောင်ကေ(စမ်းချောင်း)ရယ် အမကြီး ကျွေးသမျှ နင်းကန် စားကြလေသတည်းပေါ့ :D အပြန်မှာ သူ့ကားပေါ်ပါလာတဲ့ သရက်သီးတွေပါ ပေးသွားလေရဲ့ ကောင်းလေစွ။ နောက်လဲ မကြာမကြာ ရန်ကုန်ကို ပြန်လာလည်ပါလို့ မှာလိုက်သေးတယ်။ အမကြီး မုန့်လာကျွေးသွားလို့ဖြစ်မယ် ဒီနေ့ ဘလော့ထဲဝင်လို့ရသွားတယ် .....

8 comments:

PAUK said...

မမကို ကော်ဖီလက်ဖက်ရည်လောက်နဲ့ကျေနပ်တာလား
ထမင်းပါကျွေးခိုင်းရမှာ...

မီယာ said...

ဟယ် မမ KOM ကို မြင်ဖူးသွားပြီပေါ့... ဓါတ်ပုံရှိရင် တင်ပါဦး။

Moe Cho Thinn said...

ထွန်းခိုင်ရေ
မနာလိုဘူးဟေ့။ မမကို တွေ့ဖူးသွားလို့။
အပြန် မုန့်ဝယ်ခဲ့ပါလို့ လှထုံက မှာတယ်လို့ နော်.. နော်.. ။ အရမ်းသတိရကြောင်းလဲ ပြောပေး.. :(

Thint Swe said...

Within this period, I visited to your blog everyday and worried why there is no new post for long time. Looking forward to read new interesting post.

little moon said...

ကြီးတော်လို့ ခေါ်နေတာတောင် အားနာသွားတယ်ဗျို့ ရုပ်ရည်ရော အဆင်အပြင်အနေအထိုင်ပါ ကိုယ့်ထက် နုပျိုသေး .... :)

khin oo may said...

ဝမ်းသာလိုက်တာ။

Anonymous said...

မမခင်ဥမင်ကို ဓာတ်ပုံရိုက်မယူထားလိုက်ဘူးလား။
မြင်ဖူးတဲ့သူတွေတော့ ကံကောင်းတာပဲ။
ဒီမှာ မြင်ချင်လွန်းလို့ တွန့်တွန့်လူးနေပြီ။
အသက်ကဘယ်လောက်လဲ၊ အရပ်က ဘယ်လောက်လဲ ... အဲ ... စပ်စုထှာနှော် .. ဟီး

မမရဲ့ ပို့စ်ကတဆင့် လာလည်တာပါ ... :D

khin oo may said...

Anonymous ချင်းသူက တစ်မူးပိုရှုနေပြန်ပြီ။