Monday, October 22, 2007

Online MBA (Myanmar)

ပထမဦးဆုံးအနေနဲ့ မြန်မာနိုင်ငံမှာ စီမံခန့်ခွဲမှုဘာသာရပ်နဲ့ပတ်သက်ရင် ဘွဲလွန် ဒီပလိုမာအဖြစ် D.M.A ကိုသာ ဖွင့်လှစ်သင်ကြားခဲ့ပါတယ်။ အစောပိုင်းကာလမှာ အစိုးရရုံးများက အရာရှိများသာအများစု တက်ရောက်ခွင့်ရခဲ့ပါတယ်။ နောက်ပိုင်မှာတော့ private sector ကိုပါ တက်ရောက်သင်ကြားခွင့်ပေးခဲ့ပါတယ်။ နောက်တဆင့်အနေနဲ့ MBA သင်တန်းများကို ုဖွင့်လှစ်သင်ကြားပါတယ်။ တစ်နေ့လုံးတက်ရတဲ့ သင်တန်းမျိုးဖြစ်ပြီး ၂နှစ်အချိန်ပေးရမှာမို့ အလုပ်ခွင်မ ှသူများအတွက် အခွင့်မသာခဲ့ပါဘူး။

အဲဒီကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် Executive MBA ဆိုပြီး ညနေပိုင်း အချိန်ပိုင်း ၂နှစ်သင်တန်းကို ထပ်မံဖွင့်လှစ်ခဲ့ပါတယ်။ အသက်၃ဝအထက် မန််နေဂျာနှင့်အထက် အဆင့် လုပ်သက်အနည်းဆုံး ၈နှစ် နဲ့ အသိမှတ်ပြုတက္ကသိုလ်တစ်ခုခုက ဘွဲတစ်ခုရထားရပါမယ်။ ဒါအပြင် ဝင်ခွင့်စာမေးပွဲနဲ့ လူတွေ့စစ်ဆေးမှု ကို အောင်မြင်ပါမှ တက်ခွင့်ရမှာပါ။ အခုဆိုရင် Day MBA 13 တန်း နဲ့ EMBA 6 တန်းရှိခဲ့ပါပြီ။

စီးပွားရေးတက္ကသိုလ် စီမံခန့်ခွဲမှုဌာနက နိုဝင်ဘာလမှာ online MBA course ကို စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ Online ကနေ MBA Course များကို သင်ယူခွင့်ရစေမဲ့ Online MBA သင်တန်းဖြစ်ပါတယ်။ နည်းပညာအထောက်အကူပေးတာကတော့ MIT company ဖြစ်ပါတယ်။

အသက် ၂၅နှစ်နဲ့အထက်၊ ဘွဲတစ်ခုရပြီး Executive Level working experience ၅နှစ်ရှိရပါမယ်။ ဝင်ခွင့်စာမေးပွဲတော့ မရှိပါဘူး။ Online ကနေလျှောက်ထားရမှာပါ။



သင်ကြားမှုအနေနဲ့ online lectures and seminars များကို အများဆုံး အုံးပြုသွားမယ်လို့ဆိုပါတယ်။ လေးလံနှေးကွေးနေတဲ့ မြန်မာပြည် အင်တာနက်ကြီးနဲ့ ဘယ်လိုများ သင်ကြားကြမယ်တော့ မသိပါဘူး။ စာသင်သားအနေနဲ့ သက်ဆိုင်ရာဘာသာရပ်နဲ့ပတ်သက်တဲ့ assignment များကို လုပ်ပြီး submitလုပ်ရပါမယ်။ စာမေးပွဲအတွက် exam request form နဲ့ လျှောက်ထားပြီးတဲ့နောက် နှစ်ပတ်အကြာမှာ ယင်းဘာသာရပ်အတွက် စာမေးပွဲလာဖြေရပါမယ်။ (လောလောဆယ်တော့ ပတ္တမြားဆောင်မှာပါပဲ)။

ွှTution Fees အနေနဲ့ တစ်ဘာသာကို K 50,000 စာမေးပွဲကြေးက K 15,000 စုစုပေါင်း 65,000 ပါ။ စုစုပေါင်း 24 Subjects ဆိုတော့ K 1,560,000ပါ။ ဒါ့အပြင် Annual Fees တစ်နှစ်ကို K 50,000 နဲ့ ၂နှစ်ဆိုတော့ တစ်သိန်း အားလုံးပေါင်းလိုက်ရင် ၁ရသိန်း လောက်ကုန်ကျမှာဖြစ်ပါတယ်။ (စာအုပ်ဖိုးဆိုတာကို ထည့်မတွက်ထားသေးပါဘူး။ စာအုပ်ဖိုးအနေနဲ့ ပျမ်းမျှ တစ်ဘာသာတစ်သောင်း နဲ့ ၂၄ ဘာသာဆိုတော့ နှစ်သိန်းလေးသောင်းပါ။)

ညနေပိုင်း သင်တန်းလာတက်ဖို့တောင် အချိန်မပေးနိုင်တဲ့သူများအတွက် အဆင်ပြေတဲ့ Course တစ်ခုဖြစ်လာမှာပါ။ ကုန်ကျငွေကတော့ Day MBA, EMBA တို့ထက်ပိုများနေပါတယ်။ (MBA, EMBတို့ အတွက် အကြမ်းအားဖြင့် ၂နှစ်စာ ကျသင့်ငွေ ၅သိန်းခွဲလောက်ရှိပါတယ်။ ဖတ်စာအုပ်များကို ဘွဲ့ရပြီး မိမိ အသိ မိတ်ဆွေများထံမှ ငှားပြီး အသုံးပြုနိုင်မယ်ဆိုရင်တော့ ၂သိန်းလောက်သက်သာနိုင်ပါတယ်။ ဒါပေမဲ့ တစ်နှစ်နဲ့ တစ်နှစ် အသုံးပြုတဲ့ဖတ်စာအုပ်မတူပဲပြောင်းလဲသွားတတ်ပါတယ်။ New Edition ထွက်တယ်ဆိုရင် အချို့ ဆရာ ဆရာမများက အသစ်ကို ကိုင်ပြီး သင်တတ်ပါတယ်။)

မန်နေဂျာများ Executive များအတွက် ရည်ရွယ်တဲ့ EMBA Course ကတော့ ထိရောက်အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။ အခု Online MBA Course က ဘယ်လိုဖြစ်လာဦးမယ်ဆိုတာတော့ စောင့်ကြည်ရဦးမှာပါ။ အသေးစိတ်အချက်အလက်များကို တော ့ www.elearning.edu.mm မှာ သွားရောက်ကြည့်ရှု နိုင်ပါတယ်။


ကျွန်တော့သူငယ်ချင်းပြောဖူးသလိုပါပဲ MBA Course ဆိုတာမျိုးက ကိုယ့်ရေပုံး ကိုယ်ယူလာပြီး ကိုယ့်ဘာသာ အားထုတ်ပြိး ရေခပ်ထည့်ရမှာပါ။ တစ်ချို့က MBA သာလာတက်တယ် ရေပုံးပါမလားဘူး။ တစ်ချို့ကြတော့ ဆရာဆရာမတွေ ခပ်ထည့်ပေးမယ်ထင်ပြိး ကိုယ့်ဘာသာ ရေမခပ်ကြဘူး။ အနည်းစုသောသူများသာ အပတ်တကုတ်နဲ့ကြိုစားပြီး ကိုယ့်ရေပုံးထဲ ကိုယ့်ဘာသာရေခပ်ထည့်ကြတယ်။ အဲဒီတော့ ၂နှစ်သာပြီးသွားတယ် ကိုယ့်ရေပုံးထဲမှာ ရေမရသွားတဲ့သူတွေအများကြီးပဲ။ ဒီအချက်ကတော့ ကျောင်းမှာ အတန်းလာတက်တာ ပဲဖြစ်ဖြစ် Online ကသင်တာပဲဖြစ်ဖြစ် အတူတူပဲဖြစ်မယ်လို့ထင်ပါတယ်။

26 comments:

Anonymous said...

I have heard a joke about that department.
"Men (here it means men or women) from the management department (Padamya) do not know how to manage (though their business is teaching Management)."
I doubt on feasibility of that program. How does it rely on unreliable Myanma internet?

Creative Light said...

I very appreciate the quality of the MBA from Myanmar. I got executive MBA from Myanmar and got the MBA ( Marketing) from Japan.The real differences between them are focused area. Although Myanmar MBA have some difficulties in MNCs,They are the best suited for Myanmar economic environment.

Creative Light said...

I very appreciate the quality of the MBA from Myanmar. I got executive MBA from Myanmar and got the MBA ( Marketing) from Japan.The real differences between them are focused area. Although Myanmar MBA have some difficulties in MNCs,They are the best suited for Myanmar economic environment.

mo.thein@gmail.com said...

ဒီထက်ပိုတဲ့ ကွာခြားချက်ကဘာလဲလို့ ရေးထားစေချင်
တယ်. နောက်တစ်ခုက ဂျပန် အမ်ဘီအေ နဲ့ မြန်မာ အမ်ဘီ ကွာတာဘာလဲ...............
ထင်တာကတော့ ........... အနောက်နဲ့ ပိုကွာမယ်ထင်တယ်
အထူးသဖြင့်
စင်္ကာပူ က အမ်ဘီနဲ့ တောင် အတော်ကောင်းတာ ဆိုတော့
အထူးသဖြင့် ဆရာများရဲ့  training မတူတာဘဲ ထင်တယ်
under-gra တောင်မတူတာတွေ ရှိတယ်
ဘာဘဲ ဖြစ်ဖြစ် လိုအပ်ချက် ကွက်လပ်ကိုတော့ ဖြည့်ပေးနိုင်ပါတယ်

Retkhita said...

MBA full time တက်ချင်လို သိထားတာလေးများ ရှိရင် လမ်းညွန်ပေးစေချင်ပါတယ် ။ thanks ....

Anonymous said...

အမ်ဘီအေသင်တန်းများကို နှစ်စဉ်ဘယ်အချိန်မှာ သင်ခွင့်ဖြေရပါသလဲ သိချင်ပါသည်။ ကျေးဇူး။

yatgyithu said...

MBA FULL TIME တွေက ဘယ်ချိန်ဖွင့်လဲမသိဘူး ၀င်ခွင့်သင်တန်းတက်မယ်ဆို၇င်ဘယသင်တနးးကောင်းလဲမသိဘူ၇ှင့်တက်ချင်လို့ပါ

mee nge said...

ညနေပိုင်းMBAသင်တန်းကိုတနှစ်တစ်ခါ ခေါ်ပါသလား သိချင်ပါတယ် ရှင့် ။

nnn said...

Full time MBA ၀င်ခွင့်အတွက် ဘာတွေပြင်ဆင်ဖို့လိုအပ် ပါသလဲ။ တက်ချင်လို့ပါ။

nnn said...

Full time MBA ၀င်ခွင့်အတွက် ဘာတွေပြင်ဆင်ဖို့လိုအပ် ပါသလဲ။ တက်ချင်လို့ပါ။

Anonymous said...

After looking into a number of the articles on your site, I truly like your technique of
blogging. I saved as a favorite it to my bookmark webpage
list and will be checking back in the near future.
Please visit my website too and tell me your opinion.
Also visit my web-site ... investors buying homes PA

Anonymous said...

It's really a nice and useful piece of info. I am glad that you just shared this helpful information with us. Please keep us up to date like this. Thank you for sharing.
Here is my blog - vidacup review

Anonymous said...

Awesome article.
Also visit my weblog Business Plan Product

Anonymous said...

Malaysia & Singapore & brunei best on-line blogshop for wholesale & supply korean add-ons, earrings, earstuds,
necklace, rings, hair, bracelet & trinket accessories.

Deal 35 % wholesale rebate. Ship Worldwide
My web blog kawat stitch

Anonymous said...

I have been exploring for a little bit for any high quality articles or weblog posts on this sort of house .

Exploring in Yahoo I eventually stumbled upon this web site.
Reading this information So i'm glad to exhibit that I've an incredibly
excellent uncanny feeling I discovered just what I
needed. I most no doubt will make certain to don?t omit this site and give it a look on a constant basis.
My webpage - eco.kid

Anonymous said...

I like looking through a post that will make men and women think.
Also, thanks for allowing me to comment!
My web blog - click here

Anonymous said...

Good way of describing, and good paragraph to get information
on the topic of my presentation topic, which i am going to present in academy.


My homepage ... FDA approved diet and appetite suppressors in Miami
Also see my webpage :: Miami weight loss centers

Anonymous said...

Hello, I log on to your blogs daily. Your writing style is witty, keep doing what you're doing!

Also visit my web-site - wii u news

Anonymous said...

I'd like to find out more? I'd want to find out some additional information.



Also visit my web blog: exercise weights

Anonymous said...

Hi there, I wish for to subscribe for this blog to take newest updates, thus where can i do it please assist.


Also visit my page :: Free XXX Videos

Anonymous said...

I could not resist commenting. Well written!

Feel free to visit my web page :: webcam sex videos

Anonymous said...

It's impressive that you are getting ideas from this post as well as from our discussion made at this place.

Here is my weblog ... look at hot pussy tubes sex clip (pop.freecoretube.com)

may said...

onlneMBAကရန်ကုန်ကျောင်းကပြီးရင်ငါဘွဲ့ရတာပေါ့နော်
မန်းလေးကပါစိတ်ဝင်စားလို့တကယ်လို့မန်းလေးကနေတက်မယ်ဆိုရင်ဘယ်အချိန်တွေဘယ်လိုခေါပြီးဖြေရလဲစာသင်ချိန်ကောဘယ်လိုရှိမလဲentranceကောဘယ်လိုလဲသိချင်လို့ပါရှင်ကျေးဇှုးပါ

may said...

onlneMBAကရန်ကုန်ကျောင်းကပြီးရင်ငါဘွဲ့ရတာပေါ့နော်
မန်းလေးကပါစိတ်ဝင်စားလို့တကယ်လို့မန်းလေးကနေတက်မယ်ဆိုရင်ဘယ်အချိန်တွေဘယ်လိုခေါပြီးဖြေရလဲစာသင်ချိန်ကောဘယ်လိုရှိမလဲentranceကောဘယ်လိုလဲသိချင်လို့ပါရှင်ကျေးဇှုးပါ

Anonymous said...

electronic cigarette brands, smokeless cigarette, electronic cigarette, electronic cigarette, best electronic cigarette, best electronic cigarettes

AMZ said...

DMA Course အကြောင်းလေးပါပြည့်ပြည့်စုံစုံပြောပေးပါလားခင်ဗျာ
ဝင်ခွင့် သင်တန်းချိန်နဲ့ ကုန်ကျစရိတ် တွေအကြောင်းပြောပြပေးနိုင်ရင် အလွန်ကျေးဇူးတင်ပါတယ်.