Monday, February 4, 2008

အာကြီးအတွက် ချာတိတ်အသစ်

Theo Walcott ပြီးတော့ အင်္ဂလန်သားလေး နောက်တစ်ယောက်ပါ။ ဇန်နဝါရီလကုန်က ဝယ်လိုက်တယ်။ ဘယ်လောက်နဲ့ ဝယ်လိုက်တယ်တော့ ပြောမထားဘူး။ ဝင်းဂါးကြီးရဲ့ ထုံးစံအတိုင်း စျေးချိုချိုနဲ့ ဝယ်လိုက်တာပါဖြစ်မှာပါ။
နံမည်က Luke Freeman တဲ့ အသက်က ၁၅နှစ်ကျော် ပဲရှိသေးတယ်။ ရှေ့တန်းတိုက်စစ်မှူးနေရာက ကစားတာပါ။ League One က Gillingham အသင်းက နေခေါ်လိုက်တာပါ။ လူငယ်တွေကို ပျိုးထောင်တဲ့ နေရာမှာ အင်မတန် ထူးချွန်တဲ့ မန်နေဂျာကြီး ဝင်းဂါးရဲ့လက်အောက်မှာ ဘယ်လို တောက်ပြောင် လာမလဲဆိုတာ စောင့်ကြည့် ကြတာပေါ့။ ဖာဘရီဂတ်စ်တို့လို ဝဲလ်ကော့ တို့လို အာဆင်နယ်မှာပဲ အဓိက ကစားသမားဖြစ်လာတဲ့ လူတွေရှိသလို အာလီဒါရီဟေးတို့လို၊ လူပိုလီတို့လိို၊ ဘန်တလေတို့လိုု ရီးယက်စ်တို့လို တစ်ခြားအသင်း ရောက်သွားတဲ့လူတွေလဲရှိခဲ့တာပဲ။ ဘာပဲပြောပြော ဝင်းဂါးကြီးကတော့ လူငယ်ကစားသမား ကျောက်ရိုင်းတုံး လေးတွေကို အချိုအချောင် ရှာတဲ့အနေရာမှာတော့ ဘယ်သူမှ မမှီဘူး။

ပြီးခဲ့တဲ့စနေက မန်စီးတီးကို နိုင်ခဲ့တဲ့ပွဲမှာလည်း ခြေစွမ်းနဲ့ ကစားပုံကို ကြိုက်တယ်။ ဒါပေမဲ့ ပေါ့ဆလို့ တစ်ဂိုး ပြန်ပေးလိုက်ရတာကိုတော့ သိပ်ဘဝင်မကျဘူး။ ဘာပဲဖြစ်ဖြစ် မန်ယူက သရေကျသွားတော့ နှစ်မှတ် အသာနဲ့ ထိပ်ဆုံးကို ပြန်ရောက်လာပြီ။

No comments: