Monday, March 16, 2009

Warren Buffett ရဲ့ ၂၀၀၉ အတွက် အကြံဉာဏ်

ဒီတစ်ပတ်ထုတ် Voice ဂျာနယ် (Vol.5/No.21) မှာပါတဲ့ ဆောင်းပါးလေးထဲက ကြိုက်လို့ ဆွဲထုတ်ပြီး ဘလော့မှာ တင်ထားပါတယ်။
.
 အလုပ်ကိုကြိုးစားခြင်း - ကြိုးစားသမျှတော့ အရာထင်ပါလိမ့်မယ်။ "လေ" သာ တွင်တွင်ကြီးပစ်နေရင် ဆင်းရဲတွင်းထဲ ပြုတ်ကျဖို့သေချာတယ်။ ပျင်းရိခြင်း - အိပ်ပျော်နေတဲ့ ပုစွန်ကတော့ ရေစီးအတိုင်း မျောသွားမှာပဲ။ ငွေရပေါက် - အလုပ်တစ်ခုတည်းအားမကိုးပါနဲ့။ အနည်းဆုံးနောက်ထပ် ရင်းနှီးမှုတစ်ခုက ငွေရပါစေ။ အသုံးအစွဲ - သင်မလိုတဲ့ပစ္စည်းတွေလျှောက်ဝယ်နေမိပြီဆို၊ မကြာခင်လိုတဲ့ ပစ္စည်းတွေထုတ်ရောင်းရတော့မယ်။ 
.
စုဆောင်းခြင်း - သုံးပြီးလို့ ပိုတဲ့ပိုက်ဆံကို မစုပါနဲ့။ စုပြီးလို့ပိုတဲ့ပိုက်ဆံကို သုံးပါ။ ချေးငှားခြင်း - ပိုက်ဆံချေးသူဟာ ကြွေးရှင်ရဲ့ကျွန်ဖြစ်တတ်တယ်။ စာရင်းဇယား - သင့်ဖိနပ်စုပ်နေမှတော့ ထီးယူလာလည်း အသုံးမဝင် တော့ပါဘူး။ အသုံးစာရင်းကို ပြန်ဆန်းစစ်ခြင်း - အသေးသုံးလေးတွေကိုဂရုစိုက်ပါ။ အပေါက်သေးသေးလေး တွေကြောင့် သင်္ဘောကြီးတွေနစ်ရတယ်။ ဖောင်ဖျက်ခြင်း - ခြေနှစ်ချောင်းလုံးနဲ့ မြစ်ရဲ့အနက်ကို မစမ်းသပ်ပါနဲ့။ (အရန် အစီအစဉ်တစ်ခု ရှိပါစေ။) ရင်းနှီးမြှုပ်နှံမှု - သင့်ရဲ့ကြက်ဥတွေအားလုံးကို ခြင်းတစ်ခုတည်း မထည့်ပါနဲ့။ (ကိုယ့်ပိုင်ဆိုင်မှုအားလုံးကို တစ်နေရာတည်းမထားနဲ့)

2 comments:

မီယာ said...

ကိုယ့်ကို ပြောနေသလိုပဲ... မလိုတာတွေ လျှောက်ဝယ်တယ် ဆိုတာ... ဆင်ခြင်မှ...ကျေးဇူးပါ

little moon said...

အားလုံးအတူတူပါပဲဗျား။ ၀ယ်သမျှရဲ့ တစ်ဝက်ကျော်က တကယ်လဲအသုံးမလိုပဲ ယားပြီး ၀ယ်ဖြစ်တာတွေ များပါတယ်။