Thursday, November 13, 2008

ရေလိုက်မလွဲကြစေချင်ပါ

ပြီးခဲ့တဲ့အပတ်က Myanmar Computer Federation (MCF) ရဲ့ ဆယ်နှစ်ပြည့်အထိမ်းအမှတ် ဟောပြောပွဲတွေ မှာ speaker တစ်ယောက်အနေနဲ့ ဝင်ပြောဖြစ်တယ်။ အဓိက လာနားထောင်ကြတဲ့ ပရိသတ်က ကျောင်းပြီးခါစ၊ အလုပ်ဝင်ဖို့ ကြိုးစားနေတဲ့ (သို့) အလုပ်ဝင်ခါစ လူငယ်လေးတွေများတယ်။ အမေးအဖြေအချိန်မှာ သူတို့မေးမြန်းတာလေးတွေကို နားထောင်ရင်း ပြန်ဖြေပေးခဲ့ရင်း အခုဒီပို့စ်လေးကို ရေးချင်စိတ်ပေါ်လာမိတယ်။
.
ပထမတစ်ချက်။ ကလေးတွေကကိုယ်ဘာဖြစ်ချင်ကြတယ်ဆိုတာ မသဲကွဲဘူး။ ဥပမာ ကွန်ပျူတာ တက္ကသိုလ်ကနေ ကျောင်းပြီးလို့ ဘွဲ့ရခဲ့ပြီ။ software engineer ဖြစ်ချင်တာလား၊ networking လိုင်းဖက်ကို လိုက်ချင်တာလား၊ ဘာဖြစ်ချင်မှန်း ကိုယ့်ဘာသာ မသဲကွဲ။
.
နောက်တစ်ခု။ The art of learning .... သင်ယူခြင်းဆိုတာကို သင်တန်းတက်တာလောက်လို့ပဲ နားလည်နေတယ်။ သူများက ဇွန်းတပ်ပြီး ခွံ့ကြွေးတာကိုပဲခံချင်နေကြတယ်။ .Net သင်တန်းတက်မယ်။ ပြီးရင် ASP.Net တက်မယ်။ Java ဆက်တက်မယ်။ ကိုယ့်ဘာသာ အားထုတ်လေ့လာယူခြင်း ဆိုတာကို မတွေ့ရသလောက်ပဲ။ ကို်ယ့်ဘာသာ ပုံးဆွဲပြီး ရေခပ်မယ် ဆိုတာမျိုး တော်တော်ရှားတယ်။ 
.
ကိုယ်ရခဲ့တဲ့ ဘွဲ့ Degree အပေါ်မှာလဲ တန်ဖိုးထားခြင်းမရှိ။ ပြောရရင် ကွန်ပျူတာ တက္ကသိုလ်မှာ သင်ကြားပေးခဲ့တဲ့ ဘာသာရပ်တွေက အရမ်းကို ပြည့်စုံကောင်းမွန် ပါတယ်။ ဆရာတွေ ကောင်းကောင်း မသင်ပေးဘူးလို့ ပြောနေမဲ့အစား ကိုယ့်ဘာသာ အားထုတ်လေ့လာခဲ့သူ ဘယ်နှယောက်များ ရှိခဲ့လို့လဲ။ Program code တွေကို အလွတ်ကျက်ပြီး စာမေးပွဲဖြေကြသတဲ့။ အဲဒီprogram code တွေကို စက်ထဲထည့်ပြီး run ကြည့်ခဲ့ဖူးသူတောင် ရှိရဲ့လားမသိ။ စိတ်မကောင်းစရာပဲ။ ခေတ်အချိန်အခါပဲ မတူတော့တာလား။ ရုပ်ဝတ္ထုပစ္စည်းတွေ facility တွေတိုးတက်လာတာနဲ့အမျှ လူငယ်တွေရဲ့ စိတ်ဓါတ်တွေ ကြိုးစားချင်စိတ်တွေ အားထုတ်မှုတွေ ကျဆင်းသွားလေသလားမသိ။
.
ကလေးတွေက Programming logic တွေ technique တွေထက် tools တွေပေါ်မှာ ပိုပြီး အာရုံရောက်နေကြတယ်။ Visual Studio.net ဆိုတာကြီးကို သုံးတတ်တာနဲ့ programming technique တွေကို ပိုင်ပိုင်နိုင်နိုင်တတ်ကျွမ်းတာ တစ်ခြားဆီပဲဆိုတာ နားမလည်ကြဘူး။ Why ဆိုတာထက် how ကို လုပ်တတ်အောင် အလေးပေးနေကြတယ်။ language syntax တွေကို အလွတ်ရအောင်လုပ်နေကြတယ်။ Abstract class တစ်ခု ဘယ်လို ရေးရမလဲဆိုတဲ့ စာသားတွေကို အလွတ်မှတ်နေကြပြီး ဘယ်အချိန်ဘယ်လို condition တွေမှာ Abstract class ကို သုံးရတယ် ဆိုတာကို မသိကြဘူး။ ကျောင်းမှာ သင်တဲ့ဘာသာရပ်တွေထဲမှာ programming language and compiling technique ဆိုတဲ့ တစ်ဘာသာ ပါသားပဲ။ သိရောသိကြရဲ့လားမပြောတတ်။
.
သင်တန်းတက်ပြီးတာနဲ့ program တွေတစ်ခါတည်း ရေးနိုင်ပြီထင်နေကြတယ်။ လူသုံးလို့ရတဲ့ program တွေရေးဖို့ သက်ဆိုင်ရာ Field ရဲ့ domain knowledge လိုတယ်။ User requirement တွေကို လေ့လာရမယ်ဆိုတာမျိုးကို မသိကြဘူး။
.
ပြောနေရင်း ပြောနေရင်း ရင်မောတယ်။ တတ်နိုင်သလောက်တော့ ဒီလိုဟောပြောပွဲတွေပြောဖြစ်ရင် ကလေးတွေကို လမ်းမလွဲအောင်ပြောလို့ရသလောက်တော့ ပြောပေးနေတာပဲ။ 

5 comments:

khin oo may said...

13 Nov 08, 13:23
kom: မောမယ် ဖြည်းဖြည်းပြော။ နားထောင် ချင်မှ ထောင်တာ။

Anonymous said...

မြန်မာပြည်မှာ Design Pattern သင်ပေးနိုင်တဲ့ သင်တန်း ရှိရင်ကောင်းမယ်။ မြန်မာ ပရိုရရမ်မာ အများစုက Design ကိုအားနည်းကြတယ်။ Coding ရေးဘို့ပဲ အားသန်နေကြတာ။ Design Pattern သိသွားရင် Abstract Class တို့ Interface တို့ ဘယ်လို သုံးရတယ်ဆိုတာ သိသွားမှာပါ။

Anonymous said...

ကျောင်းသားဘ၀ကငါတို့လည်းနားမလည်ပါဘူး။
TK တို့လို genius တွေကအတော်လေးရှားပါတယ်။

Anonymous said...

... runnn Littile Moon runnnn...

Anonymous said...

Coding is more important than Design.
Design is more important than reusing
Designs, i.e. Design Patterns.

Without knowing how to code, cannot
design, never done design before, one
cannot design a reusable design or
reuse a solution someone had done earlier
previously for similar problems in a right context. My 2 cents!!