Friday, November 14, 2008

Consumer Behavior နဲ့Super coffeemix

Consumer Behavior ဆိုတဲ့ဘာသာရပ်ကို ကျွန်တော် တော်တော်လေးကို စိတ်ဝင်စားတယ်။ EMBA သင်တန်းမှာတုန်းက သင်ပေးတဲ့ ဆရာမကလည်း Dr. Daw Khin San Ye လေ။ ဆရာမကလည်း ဒီဘာသာရပ်ကို ရှင်းပြတာ သင်ပြတာ ဥပမာလေးတွေနဲ့ ရှင်းကနဲ လင်းကနဲပဲ။ 

ကိုယ်ကသာ စာကြိုဖတ်သွားရင် စာအုပ်ထဲမှာမပါတဲ့ ဆက်တွေးစရာတွေ စဉ်းစားစရာတွေ ဆရာမကြီးဆီက အများကြီးရတယ်။ လူတွေ ဘယ်အချိန်မှာ ဘာပစ္စည်းတွေဝယ်တယ်။ ဘယ်မှာဝယ်တယ်။ ဘယ်လောက်ကို တစ်ကြိမ်ဝယ်တယ်၊ ဘာကြောင့်ဝယ်တယ် စသည် စသည် တို့ကို လေ့လာတဲ့ဘာသာရပ်ပေါ့။ သူက psychology, sociology, sociopsychology, anthropology and economics စတာတွေနဲ့လည်း အများကြီးဆက်စပ်နေတယ်။ buyer decision processes ဆိုတာကို အသေးစိပ်လေ့လာတာလည်းပါတယ်။ ဒါလေးက Wiki က ကူးထားလိုက်တာ။

Stage Brief description
Problem recognition The consumer perceives a need and becomes motivated to solve a problem. Motivation
Information search The consumer searches for information required to make a purchase decision Perception
Information evaluation The consumer compares various brands and products Attitude formation
Decision The consumer decides which brand to purchase Integration
Post-purchase evaluation The consumer evaluates their purchase decision Learning



ပြဿနာတစ်ခု လိုအပ်ချက်တစ်ခုခုရှိလာတာကို သတိပြုမိလာပြီး ဖြေရှင်းဖို့ product (or) Services တစ်ခုခုကို ဝယ်ဖို့လိုအပ်တယ်ဆိုတာကို လက်ခံလိုက်တယ်။ ပြီးရင် အဲဒီ ပစ္စည်း (သို့) ဝန်ဆောင်မှုကို ဝယ်ယူဖို့ စုံစမ်းမှုတွေလုပ်တယ်။ ဘယ်မှာရလဲ ဘယ်လို quality နဲ့ စျေးတွေက ဘယ်လောက်တွေလဲ စသည်ဖြင့်ပေါ့။ ပြီးရင် အဲဒီ choice တွေထဲက ဘယ်ဟာကို ဝယ်မယ်ဆိုတာကို ဆုံးဖြတ်တယ်။ ဝယ်သုံးပြီးချိန်မှာ ပေးရတဲ့စျေးနဲ့ ရရှိတဲ့ဝန်ဆောင်မှု၊ ပစ္စည်းရဲ့အရည်အသွေးစသည်တို့ကို ပြန်သုံးသပ်တယ်။ အဲဒီသုံးသပ်ချက်ကနေမှ အဲဒီ ပစ္စည်း (သို့) ဝန်ဆောင်မှုကို နောက်တစ်ခေါက် ထပ်ဝယ်သုံးမယ် မသုံးဘူးဆိုတာကို ဆုံးဖြတ်မယ် ..... အင်မတန်ကို စိတ်ဝင်စားစရာကောင်းတဲ့ ဘာသာရပ်။ 
.
နေဦး ပြောနေရင်းနဲ့ ပြောချင်တဲ့လိုရင်းကို မရောက်ဘူးဖြစ်နေပြီ။ တစ်ရက်မှာ ဘယ်ကို သွားရင်းနဲ့လဲမသိဘူး လမ်းဘေးမှာ board အကြီးကြီးတစ်ခုတွေ့တယ်။ ပျော့ပျော့သောက်ချင်ရင် ရေပဲသောက်ပါတဲ့။ ဘာကြီးလဲဟဆိုပြီး ဆက်ကြည့်တော့ Super CoffeeMix တဲ့။  ဘာ message ပေးချင်တာလဲ။ သူ့ကော်ဖီမစ်က ပြင်းတယ်လို့ ပြောချင်တာလား။ ကော်ဖီပျော့ပျော့ ကြိုက်တတ်တာ အပြစ်ကြီး တစ်ခုလား။ ကော်ဖီပျော့ပျော့ သောက်တတ်သူများကို ရေပဲ သောက်ပါတော့ဗျာဆိုပြီး အသားလွတ်စော်ကားတာလား။ ဘယ်လို marketing strategy တွေနဲ့ ဒီလို negative ဆန်တဲ့ message ကိုပေးပါလိမ့်။ 
.
Target customer ကဘယ်သူတွေလဲ .. ဘာ message ပေးချင်တာလဲ။ ဒီတစ်ကြိမ်မှမဟုတ် အရင့်အရင်က message များကလည်း သိပ်တော့ ပုံမကျလှ။ ကိုယ်က သိပ်တတ်နေတဲ့ဆရာကြီးမဟုတ်ပေမဲ့ လွဲနေတယ်ဆိုတာကိုတော့ မြင်မိသား။ ကော်ဖီပျော့ပျော့ကြိုက်ရင် ရေသာသောက်လိုက်ပါတော့ ဆိုတာကတော့ စားသုံးသူများကို အသားလွတ် စော်ကားမှုကြီးပေပဲ။ ကိုယ့် အနံအရသာ ကိုယ့်အဆင်အပြင် ကိုယ့် ရပ်တည်မှုနဲ့ကိုယ်နေပေါ့။ စားသုံးသူက ကြိုက်ရာရွေးဝယ်ကြလိမ့်မယ်ပ။ Super ရဲ့ Sales and Marketing အကြီးအကဲကတော့ တကယ့်ကို ဉာဏ်ကြီးရှင်ပါပဲ။






6 comments:

khin oo may said...

kom: သူကတော့သူ့ကြော်ငြာသိတ်ကောင်းတယ် လို့ထင်မှာပါ။ စိတ်လျှော့ပါလေ။

ksanchaung said...

ကော်ဖီသောက်တဲ့သူဆိုရင် ခပ်ပြင်းပြင်းကြိုက်တဲ့သူ များတယ်လို့ သူကယူဆပုံရတယ်။ ဒီဈေးကွက်ကို အရယူမယ်ပေါ့လေ။ ပျော့ပျော့သောက်သူကိုတော့ သူ့ကော်ဖီပြင်းကြောင်း ကြိုအသိပေးလိုက်တယ်။ စော်စော်ကားကားလေးပေါ့။ ဒါထက် မင်းလည်ချောင်းနာပျောက်အောင် Vodka သုံးခွက်ဆင့်သောက်တာကိုတော့ ငါအတော်သဘောကျတယ်။ သေကာမှသေရာ ခပ်ပြင်းပြင်းလေးပေါ့။ လုပ်သင့်တယ်။ အေး။ ရောရောင်ပြီး သားလည်း မှားတိုက်မိဦးမယ်။ အဲဒါတော့ သတိထား။ ဟား၊ ဟား။

Anonymous said...

There are two types of buyers, industrial (business to business) buyers and individual buyers. The former tend to be professional and the latter may decide more with their gut feelings. However business buyers are also individuals and therefore customer relationship management become important. My 2 cents.

မီယာ said...

ကိုယ့် product ကောင်းကြောင်းကြော်ငြာဖို့ customer ကိုမနှိမ့်ချဘဲဆွဲဆောင်နိုင်တဲ့နည်းတွေရှိပါ
တယ်။ မြန်မာလိုဘာသာပြန်တာအားနည်းသွားလို့နေမှာပါ။

vodka ၃ခွက်တောင်လား။ သောက်မိတာပဲအဖတ်တင်
သွားတာပေါ့။

Unknown said...

ရေကိုကြော်ခြာပေးတာဖြစ်မှာပါကွာ...စိတ်လျှော့...လျှော့.

Unknown said...

previously, i kinda like the super coffeemix ads.. but recently, i feel like they are a bit insulting to the consumers.. like they said " planting coffee takes 7yrs, so drink slowly". What's that? that's non of their business whether we drink slow or real fast, drink strong or mild. But we do notice their ads. Is it their strategy? just to let people know their brand? dunno much about marketing strategies but i sure don't buy super coffeemix coz of these ads.