Thursday, November 27, 2008

December - ခရီးသွားလ

ဒီနှစ် ဒီဇင်ဘာကတော့ ခရီးသွားလ ဖြစ်နေပြီထင်ပါ့။ ဒီဇင်ဘာလအစမှာ malaysia KL ကို IT-PEC Exam Question formulation meeting သွားရဖို့ဖြစ်လာတယ်။ ဒီကနေ 2nd Dec ထွက်ရမယ်။ Meeting က သုံးရက်။ ပြီးရင် 6th Dec ပြန်ရမှာပေါ့။ ဒါနဲ့ သူများစရိတ်နဲ့ အပြင်ထွက်ရတုန်း ခြင်္သေ့ကျွန်းကလေးကို ဝင်လည်မလား စိတ်ကူးပေါ်လာတယ်။ ဒါနဲ့ လေယာဉ်လက်မှတ်အပြန် Date ကို သွားပြောင်းကြည့်တာ ရသွားတယ်။ (များသောအားဖြင့် အစည်းအဝေးခေါ်တာမျိုးအတွက်ဆို air ticket က date fixed လုပ်ထားတတ်လို့) အပြန်ရက်ကို 10th Dec ကိုရွှေ့လိုက်တယ်။
5th Dec မှာ အလုပ်ကိစ္စတွေပြီးရင် 6th night မှာ Bus နဲ့ စလုံးဖက်ကို သွားလည်မယ်။ 9th nightမှ စလုံးကပြန်မယ်။ လာတည်းဖို့ ဖိတ်ထားတဲ့သူလဲ နှစ်ယောက်ရှိပြီ။ ဘီယာတိုက်မဲ့သူကလည်းအသင့်။ Air ticket က route တော့ ပေးမပြောင်းဘူး။ ဒါကြောင့် စလုံးက အပြန်မှာ KL ကို Bus နဲ့ပြန်သွားပြီး လေယာဉ်ပြန်စီးရမယ်။ Google map မှာ ကြည့်တော့ လေဆိပ်က မြို့ပြင်မှာ။ Busနဲ့ အပြန်မှာ KL မြို့ထဲအထိ မလိုက်တော့ပဲ လေဆိပ်နဲ့ အနီးဆုံးနေရာတစ်ခုမှာဆင်းပြီး Taxi ငှားတာမျိုးလုပ်ရင်ရမလားမသိဘူး။ ရောက်မှပဲ မီးစင်ကြည့်ကကြတာပေါ့။ 10th Dec ရန်ကုန်ပြန်ရောက်ပြီး သိမ်မကြာခင် 13th မှာ မန္တလေးတက်ရမယ်။ Yadanarbon Cyber City, Pyi Oo Lwin မှာလုပ်မဲ့ ICT Week မှာ Programming ပြိုင်ပွဲသွားလုပ်ပေးရဦးမယ်။
အဲ ... ဒါပေမဲ့လောလောဆယ် Bangkok လေဆိပ်တွေ ပိတ်နေတယ်။ လေးငါးရက် ကြာနိုင်တဲ့သဘောမှာရှိတယ်။ မလေးကိုသွားဖို့ လက်မှတ်ကို BKK Transit နဲ့ဝယ်ပေးထားတယ်။ ကောင်းရော။ အခုလောလောဆယ် TG Flight တွေ ရန်ကုန်ရောက်မလာဘူးဆိုတော့ သူတို့ လေယာဉ်လက်မှတ်ကို ပြန်မပြောင်းပေးရင် သွားရမဲ့ရက်မှာ TG မလာသေးရင်တော့ ဒီခရီးစဉ်ပျက်ပြီပေါ့။ မသိသေးဘူး စောင့်ကြည့်တာပေါ့။ မိန်းမကတော့ မနေ့ညကပဲ အလုပ်ကိစ္စနဲ့ မော်လမြိုင်သွားလေရဲ့။ နှစ်ရက်လောက်တော့ကြာမယ်ထင်တယ်။

8 comments:

phyu phyu said...

please make sure your Malaysia visa is multiple entry and also apply Singapore visa from Myanmar. Don't try it in Malaysia - singapore embassy.

Thanks

MrDBA said...

အနော်လဲတွေ့ဖို့ဖိတ်ပါတယ်။

Thinzar said...

စင်္ကာပူကနေအပြန် ကေအယ်လ် မြို့ပြင်မှာဆင်းရင် ပိုဝေးသွားမယ် ထင်တာဘဲ။ အဝေးပြေးကား သွားတဲ့လမ်းနဲ့ လေဆိပ်နဲ့က တောင်နဲ့မြောက်ကြီး။ ဂိတ်ဆုံးမြို့ထဲထိ လိုက်လာပြီး KL Central ကနေ ရထားနဲ့ လေဆိပ်ကို သွားရင် ၂၈ မိနစ်ဘဲ ကြာတယ်။ ရထား ၁၅မိနစ်ခြားတစ်ခါထွက်တယ်။ Taxi ထက်မြန်တယ်။ မလေးရှားက စင်္ကာပူသံရုံးက နည်းနည်း ရစ်တယ်။ စလုံးဗီဇာကို မြန်မာပြည်ကနေ လျှောက်လာတာ ကောင်းတယ်။

little moon said...

ဟုတ်ကဲ့ပါ။ စလုံး visaကို ရန်ကုန်ကတည်းက ယူထားပါတယ်။ malaysia ကလည်း multiple entry လုပ်ထားပါတယ်။ ကျေးဇူးတင်ပါတယ်။

မီယာ said...

ထွန်းလင်းထွန်းကိုဘယ်သူကြည့်နေလဲ။ You? :O

khin oo may said...

လာဖတ်ပါဗျာ။ အတော်အချိန်ယူပြီး ရေးထားတာပါ။

လင်း said...

ဟုတ်တယ် လမ်းမှာဆင်းရင် ပိုဆိုးမယ် KL central ကနေ လေဆိပ်ကိုရထားပြန်စီးတာက ပိုမြန်တယ်။ ဗီဇာကိုလဲ paing ye ပြောသလို multiple entry ယူလာခဲ့ပါ။

khin oo may said...

စလုံးနဲ့ ကေအယ် ကို အကြမ်းဖျင်း ၅ ==၆ နာရီလောက် ကြာပါမယ်။ လဝကလဲဖြတ်ရသးတာကိုး. စလုံးကနေ ညကားစီရင် ဟိုကိုမနက်ရောက်မယ်ဆိုမယ် လေဆိပ်ကို တန်းဆင်း. ရပေမဲ့ လမ်းခရီး မှာ အခက်အခဲ ကြုံခဲ့ရင် လေဆိပ် ကို အချိန်မှီရောက်ဖို့ခက်မှာစိုးတယ်။ ကေအယ် က အက်ျယ်ကြီး လေဆိပ် ကလည်း အဝေးကြီးသိသူအတွက် နီးပေမဲ့ မသိသူအတွက်ရွာလည်သွားမှာစိုးရတယ်။ လေဆိပ်ထဲ ကို မနက် ၉ နာရီ ရောက်မှ ကိုယ့် အတွက်တော့စိတ်အေးမယ်။

ကေအယ်နဲ့ johor ကတော့ လေးန်ာရီဘဲ မောင်းပါတယ်။ လဝက ဖြစ်စရာမလိုဘူး။။

စလုံးကနေ သန်းကောင်းသွားရင် ဟိုကို မိုးလင်းမှ ရောက် မနက် ၆ နာရီနဲ့ ကိုးနာရီ အတွင်း လေဆိပ် ကို အပြေးသွားရမယ်။ ကိုယ်တော့စိတ်မအေးပါ။

စလု့းက ညနေ ကားနဲ့ လိုက်သွားရင်တော့ဟိုကို ည သန်းကောင်ရောက် တနေရာမှ ခေတ္တ နား မိုးလင်းတာနဲ့ လေဆိပ်သွားစေချင်တာဘဲ။။ ကိုယ်က ကေအယက် ကို မကျွမ်းဘူးလေ။

ဟိုတယ် အချို့ စေးသက်သာတာ ရှိပါတယ်။ မြို့ထဲမှာဘဲ ည သန်းကောင် ခဏ ဝင်ခိုလိုက် မိုးလင်းမှ လေဆိပ်သွား။