Saturday, November 15, 2008

European film festival in Yangon

နှစ်စဉ်ကျင်းပနေကြ European film festival ကို ရန်ကုန်မြို့လယ်က နေပြည်တော်ရုပ်ရှင်ရုံမှာ Nov. 15 to 22 ပြုလုပ်မှာဖြစ်ပါတယ်။ ထုံးစံအတိုင်း ဂျာမနီ၊ အီတလီ၊ ပြင်သစ် နဲ့ ဗြိတိန်နိုင်ငံတို့က တစ်နိုင်ငံကို နှစ်ကားနှုန်းနဲ့ ပြသမှာပါ။ တစ်နေ့ကို နှစ်ကားနဲ့ ဇာတ်ကားတိုင်းကို နှစ်ကြိမ်ပြသပါတယ်။ လက်မှတ်တွေကိုတော့ အထက်ပါနိုင်ငံများရဲ့ သံရုံးများမှာ သွားရောက်ထုတ်ယူနိုင်ပါတယ်။ 
.
ဇာတ်ကားတွေက သက်ဆိုင်ရာနိုင်ငံရဲ့ဘာသာစကားပြောဖြစ်ပြီး English စာတမ်းထိုးပါတယ်။ တစ်ချို့ကားတွေဆို ဘာသာစကား နှစ်မျိုးသုံးမျိုးတောင်ပြောသေးတယ်။ ဒီနှစ်အတွက် ဇာတ်ကားတွေက - "The Counterfeiters" and "Grave Decisions" from Germany "The Son's Room" and "The Land" from Italy, "Life in Pink" and "Could This be love" from France and "Stardust and "Miss Potter" from Britain. ဘယ်နေ့ဘယ်အချိန်မှာ ဘာကားပြမယ်ဆိုတာတော့ အသေးစိတ်မသိသေးပါဘူး။
.
 မြို့ထဲရောက်ရင် နေပြည်တော်ရုံမှာ သွားကြည့်ရင်တော့ သိနိုင်ပါလိမ့်မယ်။ European Film festival တွေကို နှစ်တိုင်းလိုလို ကြည့်လာခဲ့တာ။ UFLမှာ ပြင်သစ်စာ ဒီပလိုမာသင်တန်းတက်နေတဲ့ ၁၉၉၉ခုနှစ်လောက်ကတည်းကပဲ။ သမတရုံမှာလည်း ကြည့်ဖူးတယ်။ နဝဒေးရုံမှာလည်း သွားကြည့်ဖူးတယ်။ ပြတဲ့ကားတွေက ဘယ်လိုမှ ပိုက်ဆံပေးကြည့်မယ်ဆိုရင်တောင် ကြည့်လို့မရနိုင်တဲ့ကားမျိုးတွေ။ ရုပ်ရှင်ရူး ကျွန်တော်မျိုးကြီးကတော့ ဒီလို ဇာတ်ကားမျိုးလေးတွေ ရန်ကုန်မှာ ကြည့်နိုင်အောင် ပြပေးတာကိုပဲ တကယ်ကို ကျေးဇူးတင်ပါတယ်။

2 comments:

မီယာ said...

Miss Potter က Renée Zellweger သရုပ်ဆောင်တာ။ ချီးကျူးစရာ၊ အားကျစရာကောင်းတဲ့စာရေးဆရာမ Beatrix Potter ရဲ့ဘ၀အကြောင်းတစေ့တစောင်းပေါ့။

ksanchaung said...

ငါလည်း Miss Potter ပဲ ကြည့်ဖူးတယ်။ Renee Zellweger ပါတယ်ဆိုလို့။ ဟဲဟဲ။ လောလောဆယ်တော့ ကလေးမဟုတ်၊ သူငယ်မဟုတ် Madagascar II ဆိုတဲ့ ကာတွန်းကားကို အတော်ကြည့်ချင်စိတ်ပေါက်နေတယ်။