Monday, May 5, 2008

နာဂိအလွန် ရန်ကုန်မြို့ (၂)

 ရန်ကုန်မြို့ကြီးက သစ်ကိုင်းအကျိုးအပြတ်တွေရယ် သစ်ရွက်တွေရယ် ပြတ်ကျနေတဲ့ ဓါတ်ကြိုးတွေရယ်နဲ့ ညစ်ပတ် စုတ်ပြတ်နေတယ်။ သစ်ပင်ကြီး တော်တော်များများလဲကုန် ကျိုးကျကုန်ပြီ။ မုန်တိုင်းပြီးကတည်းက ဂျိုးဖြူရေကလည်း မလာသေး မီးကလည်းမလာတော့ နေရာတော်တော်များများမှာ ရေအတွက် ပြသနာတက်နေကြပြီ။

ကုန်စျေးနှုန်းတွေကလည်း ကြောက်ခမန်းလိလိတက်လာတယ်။ အခုရက်ပိုင်း သွပ်ပြားတွေ သံတွေ မီးစက်တွေ အရမ်းအဝယ်လိုက်နေတယ်။ မနက်က ဓါတ်ဆီစျေးက တစ်ဂါလံကို တစ်သောင်းတဲ့။ ရုံးကိုလာကြတဲ့ ဝန်ထမ်းလေးတွေ ဘတ်စ်ကားခ ငါးရာတစ်ထောင် ကျပ်နဲ့လာခဲ့ရတယ်။ တစ်ချို့ဆို ခရီးတစ်ပိုင်းလောက်လမ်းလျှောက်ခဲ့ကြရတယ်။ လမ်းတွေပေါ်က သစ်ပင်သစ်ကိုင်းကျိုးတွေ အထိုက်အလျောက်တော့ ရှင်းကုန်ပြီ။

ဒါပေမဲ့ တစ်ချို့နေရာတွေမှာ ကျန်နေသေးတယ်။ အခုနေ့လည်ပိုင်းမှာ ဓါတ်ဆီစျေးက တစ်သောင်းနှစ်ထောင်လို့ကြားတယ်။ ကိုယ့်ရုံးမှာ လိုအပ်သလောက် လူဆယ်ယောက်လောက်ကိုပဲ လမ်းစရိတ်ပေးခေါ်ထားပြီး ကျန်တဲ့သူတွေကို သုံးလေးရက်လောက် ခဏနားခိုင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ဆီဖိုးက တစ်သောင်းလောက်ဆိုရင် မီးစက်နဲ့ ရေရှည် run ဖို့မလွယ်ဘူး။

ဘတ်စ်ကားခတွေက ဟိုနား ဒီနား ငါးရာ၊ နည်းနည်းဝေးရင် တစ်ထောင်လောက်ကျတယ်။ တက်စီတွေက တက်လိုက်တာနဲ့ ဟိုနားဒီနား နှစ်ထောင်ပဲ။ ဘာတွေဖြစ်လာဦးမလဲမသိသေးပါဘူး။ ဒီအတိုင်းဆိုရင်တော့ ရင်လေးဖွယ်ပဲ။

No comments: