Friday, May 30, 2008

Euro 08 ကြည့်ဖို့

Euro ပွဲတွေပြမဲ့အချိန်က ည ၁ဝနာရီခွဲရယ် မနက် ၁နာရီရယ်ဆိုတော့ အပြင်ထွက်ပြီး ဘီယာဆိုင်မှာ ကြည့်ဖို့ သိပ်အဆင်မပြေဘူး။ အဲဒါနဲ့ပဲ Family Entertainment ကရောင်းတဲ့ pay TV ကိုပဲဝယ်လိုက်တယ်။ လောလောဆယ်တော့ Receiver ရယ် Cardရယ် Premium package တစ်လစာအတွက် တစ်သိန်း နှစ်သောင်းငါးထောင် ၊ Euroပွဲတွေကြည့်ဖို့ ခုနစ်ထောင် စုစုပေါင်း ၁၃၂ဝဝဝကျပ်ကုန်သွားတယ်။

TV lineတွေ အားလုံးကတော့ promotion အနေနဲ့ တစ်ပတ်လောက်ပွင့်နေမယ်။ ESPN, StarSport, 5 Series, 5Movie, 5Carton စတာတွေက လကုန်အထိရမယ်။ သက်တမ်းမကုန်ခင်မှာ လိုင်းတစ်ခုခုတော့ ထပ်ဝယ်ထားရမယ်။ မဟုတ်ရင် expire ဖြစ်သွားရင် Card ဖွင့်ခဆိုပြီး ၈ဝဝဝကျပ် ထပ်ပေးရမယ်ဆိုပဲ။ အခု Euro ပြီးရင် ဘောလုံးပွဲရာသီတွေက August လောက်မှပြန်စတာဆိုတော့ Espn, StarSport ပါတဲ့ package ကိုတော့ August ထဲကြမှပဲထပ်ဝယ်တော့မယ်။

အားကစား၂လိုင်းနဲ့ အခြား Discovery, MTV, National Geographic, CNN စတာတွေနဲ့ စုစုပေါင်း ရှစ်လိုင်း (CNN+7) က တစ်လကို တစ်သောင်း ခြောက်ထောင်၊ အားကစားနှစ်လိုင်းနဲ့ 5Series, 5Movie စာတွေနဲ့ တွဲတဲ့ Premium package က တစ်လကို တစ်သောင်းလေးထောင် အဲဒီနှစ်ခုထဲက တစ်ခုဝယ်ရမှာပဲ။ လောလောဆယ် ဇွန်လကုန်ခါနီးမှာတော့ သက်တမ်းပြတ်မသွားအောင် StarMovie, National Geographic, Animal planet စတာတွေထဲက နှစ်ခုလောက်ကို သုံးလစာလောက် ဝယ်ထားလိုက်မယ်။ အခုကာလက စီးပွားရေးကလည်း သိပ်မကောင်းဘူးလေ။

No comments: