Tuesday, September 23, 2008

Google Reader နဲ့ ကျွန်တော်

အခု ဘလော့တွေဖတ်ရတာ Google Reader လေးနဲ့ အတော့ကို အဆင်ပြေနေပါတယ်။ ဟိုးအရင်ကဆိုရင် ရွာရိုးကိုးပေါက် တစ်အိမ်ဝင် တစ်အိမ်ထွက်နဲ့ အတော့်ကို အလုပ်ရှုပ်ပါတယ်။ သူတို့တတွေ Post အသစ်တင်လားမတင်လားဆိုတာ သွားကြည့်မှ သိတာပေါ။ 

အခု Google Reader လေးနဲ့ ဘလော့တွေကို RSS Feed subscribe လုပ်ထားလိုက်ရင် သူတို့အသစ်တင်လိုက်တာနဲ့ Reader ထဲကို ရောက်လာတယ်။ Email အသစ်ဝင်သလိုပေါ့။ ကျွန်တော့်အတွက် အတော်အဆင်ပြေပါတယ်။ ဘလော့ကာအများ သိပြီးသားနဲ့ အသုံးပြုနေကြမယ်လို့လည်း ထင်ပါတယ်။ မြန်မာပြည်အတွင်းကလူတွေ ကျော်ခွပြီး မကြည့်နိုင်တဲ့ နေရာတွေမှာလည်း ဒီ Reader လေးနဲ့ blog ကို ဖတ်လို့ရတယ်။ blogspot မှာတင်ထားတဲ့ ပုံတွေ ပါရင်တော့ ပို့စ်ကို သာဖတ်လို့ရပြီး ပုံကို မြင်ရမှာမဟုတ်ဘူး။ Reader လေးနဲ့ဆိုတော့ ဘယ်သူ့ရဲ့ ဘယ်ပိုစ့်က ဖတ်ပြီးပြီ မဖတ်ရသေးဘူး ဆိုတာ သိနေတယ်။ ဘလော့တကာကို နေ့စဉ် လိုက်ဝင်နေစရာမလိုတော့ဘူး။ Comment ရေးချင်တဲ့အခါမျိုးကြမှသာ အဲဒီဘလော့ကို သွားပြီးရေးရုံပဲ။  

4 comments:

မြရွက်ဝေ said...

ညီမလည်း reader ကနေဖတ်နေတာ အတော်အဆင်ပြေပါတယ်။ ဘလော့တွေကို လိုက်မှတ်ထားဖို့ မလိုတော့ဘူး။ တနေ့တနေ့ ဖတ်စာရာတွေများလို့ လိုက်ဖတ်နေတာနဲ့ ဘလော့တွေကို လိုက်မနှုတ်ဆက်နိုင် ဖြစ်ကုန်ရော။ :D မြန်မာပြည်အတွင်းကလူတွေပါ ကျော်စရာမလိုဘဲ ဖတ်လို့ရတယ်ဆိုတော့ အတော်အဆင်ပြေတာဘဲ။

pisces said...

I see about 10 posts by one blog in my reader.I want to see 2 posts only look like ur reader. How to do? Pls explain me , thanks

little moon said...

2 Post ကျန်အောင် တမင်လုပ်ထားတာတော့ မဟုတ်ဘူးဗျ။ ပုံထဲမှာ Thinker ရဲ့ဘလော့က ကျွန်တော်မဖတ်ရသေးတာ 4ခုရှိတယ်လေ။

တစ်ခုတော့ရှိတယ် အခု Google Desktop နောက်ဆုံး version မှာပါတဲ့ RSS Feed နဲ့ဆိုရင်တော့ ဘလော့တစ်ခုကို ၁ခု သို့မဟုတ် ၂ခု သာကြည့်ချင်တယ်လို့ လုပ်ထားလို့ရတယ်။ နောက်ဆုံးနှစ်ခုလာပေါ်နေမှာပေါ့။

pisces said...

Thanks for ur reply, now I understand.