Wednesday, January 21, 2009

Australian Open, day(4)

မနေ့ကနဲ့ ဒီနေ့မှာ2nd Round ပွဲတွေ ရိုက်ကြပါတယ်။ မနက်ဖန်မနက်ကစလို့ 3rd Round စပါပြီ။ 2nd Round ပွဲတွေမှာ အမျိုးသာ အမျိုးသမီး ထိပ်သီးတင်းနစ်သမားတွေ အားလုံးနီးပါး အောင်ပွဲရခဲ့ပါတယ်။ ထူးခြားပြီး ကြည့်ကောင်းခဲ့တဲ့ ပွဲလေးတစ်ပွဲကတော့ တရုတ်တိုင်ပေက တင်းနစ် သမား Yen-Hsun Lu က အဆင့်(၁၀)ရှိတဲ့ အာဂျင်တီးနားက David Nalbandian ကို ငါးပွဲအပြည့် အကျိတ်အနယ်ကစားပြီး အနိုင်ယူသွားတဲ့ပွဲပါ။  မနေ့ညကမှ replay ပြန်ပြလို့ ကြည့်လိုက်ရတာ။ တကယ့်ကို အရှုံးမပေးတဲ့ စိတ်ဓါတ်အပြည့်နဲ့ အားကြိုးမာန်တက် ကစားသွားတာ။ ကောင်းမှကောင်းပဲ။ 
.
သူ့အနေနဲ့ 3rd round မှာ T.Robredo(21) ကို ဖြတ်ကျော်နိုင်ခဲ့ရင် 4th round မှာ Murray နဲ့ ကစားရမယ်။ ဒီနေ့မနက် ပြိုင်ပွဲရလဒ်တွေတဲ့ ပွဲစဉ်ဇယားကို ကြည့်ရင်း ပြိုင်ပွဲလမ်းကြောင်းကို မှန်းကြည့်နေမိတယ်။ Federer အနေနဲ့ တတိယအဆင့်မှာ Safin(26) ကို အနိုင်ရိုက်ပြီးရင် Quarter မှာ အာဂျင်တီးနားက J.DelPotdro(8) ကို တွေ့နိုင်တယ်။ Semi မှာ Roddick(7) သို့မဟုတ် Djokovic(3) နဲ့ ဆုံမယ်လို့ ခန့်မှန်းရတယ်။ 
.
လက်ရှိချန်ပီယံDjokovic အတွက် လမ်းကြောင်းကတော့ သိပ်မချောင်ဘူး။ Quarter မှာ Roddick, Semi မှာ Federer, Final မှာ Nadal .... ဒီလိုကျော်ဖြတ်နိုင်မှ ချန်ပီယံသရဖူကို ကာကွယ်နိုင်မှာ။ Nadal အနေနဲ့ Quarter ရောက်ခဲ့ရင် G.Simon(6) သို့မဟုတ် MonFils(12)နဲ့ တွေ့နို်င်ပြီး Semi မှာ A.Murray(4) နဲ့ ရင်ဆိုင်ရနိုင်တယ်။ 
---------------------------------------------------------------------------------------------- 

အမျိုးသမီးပွဲတွေအနေနဲ့ လက်ရှိနံပါတ်တစ် Jankovic က Quarter မှာ ရုရှားတင်းနစ်မယ် နှစ်ယောက်ဖြစ်တဲ့ N.Petrava(10) သို့မဟုတ် V.Vannareva(7) ကို ရင်ဆိုင်ရမယ်။ Semi မှာ D.Sefina(3) သို့မဟုတ် A.Ivanovic(5) နဲ့ တွေ့နိုင်တယ်။  Ana Ivannovic အနေနဲ့ Quarter မှာ Safina(3), Hantuchova (19), A.Cornet(15)တို့ထဲက တစ်ယောက် ယောက်နဲ့ တွေ့နိုင်တယ်။ တကယ်လို့ 4th round မှာ Wozniaski(11) ဒါမှမဟုတ် Australia က Jelena Dokic ကို ဖြတ်ကျော်နိုင်ခဲ့ရင်ပေါ့။ 

မနှစ်က Wimbledon တုန်းကလို Williams ညီအမ Final မှာတွေ့ဖို့မရှိပါဘူး။ Semi ကို နှစ်ယောက်လုံး တက်လာခဲ့ရင် သူတို့နှစ်ယောက် semi မှာ ဆုံကြပါမယ်။ မနှစ်က Wimbledon Semi final မှာ Williams အငယ်မကို အရှုံးပေးခဲ့ရတဲ့ တရုတ်တင်းနစ်မယ် J.Zheng အနေနဲ့ Quarter ရောက်ခဲ့ရင်တော့ ရှုံးကြွေးပြန်ဆပ်နိုင်ဖို့ အခွင့်အရေးရမှာပါ။ William အငယ်မနဲ့ တွေ့နိုင်ပါတယ်။ ဘယ်လိုပဲခန့်မှန်း ခန့်မှန်းမထင်မှတ်ထားတဲ့ ရလဒ်တွေကတော့ ထွက်စမြဲပါ။ မနှစ်က J.Zheng က ကမ္ဘာ့အဆင့်(၁) Ana Ivanovic ကို နှစ်ပွဲပြတ်အနိုင်ရိုက်သွားသလိုပွဲမျိုးတွေပေါ့။ ရင်ခုန်စွာနဲ့ ဆက်ပြီး ကြည့်ကြတာပေါ့ .....

No comments: