Thursday, February 12, 2009

12 Feb 2009

မနက်၂နာရီခွဲလောက်မှာ တရေးနိုးလာတာနဲ့ ဒီအချိန်လောက်ဆို နိုင်ငံအသင်းတွေ ခြေစမ်းပွဲကန်နေလောက်ပြီ ဆိုပြီး ရှစ်ပေစလောင်းကို ဟိုလည့် ဒီလှည့်ရှာကြည့်တော့ ပြင်သစ်နဲ့ အာဂျင်တီးနား ကန်နေတာတွေ့လို့ ဆက်ကြည့်နေလိုက်တယ်။ ကောင်းတယ်။ တကယ့်ကို အကြိတ်အနယ်ပဲ။ ပထမပိုင်းမှာ ပြင်သစ်က ကစားကွက်သာပြီး အာဂျင်တီးနားဂိုးပေါက်ကို လေးငါးခါ ကန်သွင်းခွင့်ရတယ်။ သို့သော် တကယ်ဂိုးရတော့ အာဂျင်တီးနာဖြစ်နေတယ်။ ဒုတိယပိုင်းမှာ အာဂျင်တီးနားက ကစားကွက်ပိုမိလာတယ်။ မိနစ်ရှစ်ဆယ် ကျော်လောက်မှာ အဂူရိုအစားဝင်လာတဲ့ တိဗက်ဇ်ရဲ့ ဖန်တီးပေးမှုနဲ့ မက်ဆီက နောက်တစ်ဂိုး ထပ်သွင်းတယ်။ ပြင်သစ်တွေ သူတို့ကွင်းမှာ နှစ်ဂိုးဂိုးမရှိနဲ့ရှုံးသွားတယ်။ မန်နေဂျာကြီး မာရာဒိုနာ မျက်နှာပန်းလှသွားတာပေါ့ ... 
.
စပိန်နဲ့ အင်္ဂလန်လည်း ကန်နေလောက်ပြီမို့ ခုနကပွဲ ပထမပိုင်းပြီးချိန်မှာ ဟိုဟိုဒီဒီလျှောက်ရှာပေမဲ့မတွေ့ဘူး။ ဒါကြောင့် ပြင်သစ်-အာဂျင်တီးနားပွဲပြီးချိန်မှာ ပြန်အိပ်လိုက်တယ်။ ပြန်နိုးတော့ ရှစ်နာရီထိုးတော့မယ်။ သားက ဂွေထဲမှာ ခြေတောက်ကလေးတွေနဲ့ကန်လို့ ဟိုသွား ဒီသွားလုပ်ရတာကို သဘောတွေကျနေတယ်။ ဘိုကလေးက ခဏပြန်ရောက်နေတဲ့ သူအဒေါ်ကြီးက သားကိုထိန်းနေတယ်။ ဂျာနယ်ဝယ်ဖို့ အောက်ခဏဆင်းတဲ့အချိန်မှာ သားတော်မောင်ကိုပါ ခေါ်သွားတယ်။ အခုသူက လမ်းထွက်ရတာ ကြိုက်နေပြီလေ။ ပြုံးပြုံး ပြုံးပြုံးနဲ့ ဟိုဒီကြည့်လို့ ..... 
.
ကော်ဖီလေးသောက်ပြီးတာနဲ့ Gusto ဆရာကြီးမောင်ဝင်းထိန်ရဲ့ ၁၄လမ်းထဲက ရုံးခန်းအသစ်ဖွင့်ပွဲဆိုတာကို သွားဖြစ်တယ်။ လက်ဆောင် ဘွန်ဆိုင်းပင်တစ်ပင်က ကြိုပေးပြီးသား။ အဲဒီမှာ ရွှေတောင်ခေါက်ဆွဲစား၊ ရေခဲမုန့်ထပ်စား (ပိန်ဦးမယ်... ) ကွန်ပျူတာအသင်းက လူတွေနဲ့ အလာဘ သလာဘပြောဆိုကြတာပေါ့။ ၁၂ကျော်လို့ အပြန်မှာ ဘကြီးဇော်မိုးက ရုံးလိုက်ပို့ပေးတယ်။ ရုံးပိတ်ရက်ပေမဲ့ မနက်ဖန်မှာလုပ်မဲ့ MCPA Press Release အတွက် ပြင်ဆင်စရာလေးတွေ လုပ်ရဦးမယ်လေ။ ရုံးရောက်တော့ အောက်က အသုတ်ဆိုင်က ထမနဲ ရပြီဆိုတဲ့အကြောင်းလာပြောတယ်။ အင်း... ရုံးက ကလေးတွေအားလုံးစားရအောင် အနီးနားက ထိုးတဲ့လူတွေ ဆီမှာမှာထားတာလေ။ ဒီညသူတို့သိမ်းထားပေးမယ်တဲ့။ အားလုံးပြီးတော့ အခု ဘလော့ထဲခဏဝင်ပြီးရင် ပြန်တော့်မယ်။ :D

5 comments:

khin oo may said...

ဒီဘက်ကို တစ်ပန်းကန်လောက်။

khin oo may said...

ညမထွက်ရ.

khin oo may said...

ထွက်ချင်သေးလို့လား။

khin oo may said...

နေ့ဘက် လစ်ရင်မဆိုးပါဘူး။

khin oo may said...

ကလေးက သူများထိန်းတာပါအေ။ မသိရင်ခက်မယ်။