Monday, February 16, 2009

ပန်းမြိုင်လည်တဲ့ ထွန်းလင်းထွန်း

မနေ့က တနင်္ဂနွေနေ့။ ကျွန်တော့်မိဘများကလည်း သူတို့မြေးကို မြင်ချင်ကြတာနဲ့ မနက်ပိုင်း ကလေးကို ထမင်းကျွေးနို့တိုက်ပြီးချိန်မှာ သူ့လိုအပ်တာလေးတွေကို ထုပ်ပိုးပြီး ၅၂လမ်းအိမ်ကို ထွက်ခဲ့ကြတယ်။ ယောက်ခမကြီးနဲ့ သူ့သမီးကြီးကလည်း အပြင်ထွက်စရာတွေရှိတယ်တဲ့။ သူတို့လဲ ညနေမှ ပြန်ရောက်မှာဆိုတော့ ကိုယ်တို့သားအဖလည်း ဟိုဖက်အိမ်မှာ အေးအေးဆေးဆေး နေမယ်ပေါ့။ 
.
၅၂လမ်းအိမ်ရောက်ပြီး သိပ်မကြာပါဘူး သားရဲ့ E E တွေကို တစ်ခါသိမ်းလိုက်ရတယ်။ Taxi ပေါ်ကတည်းက အနံ့ ရနေသလိုပဲ။ ပုံမှန်သွားတယ်ပဲထင်တာပေါ့။ သိပ်မကြာဘူး နေ့လည်ပိုင်းလောက်တစ်ခါထပ်သွားပြန်ရော။ နို့သောက် ထမင်းထပ်စား၊ သူ့အဖိုးအဖွားတွေနဲ့ ကစား.. ကလေးကတော့ပုံမှန်ပဲ။ ညနေပိုင်း E သုံးခေါက်မြောက် ထပ်ပါတဲ့အချိန်မှာ အတော်ပျော့ပျော့တွေဖြစ်နေတယ်။ ကလေးက ကစားနေပေမဲ့ ခပ်ပျော့တော့တော့ ဖြစ်လာသလိုပဲ။ ညဖက်အိမ်ပြန်ရောက်ပြီး တစ်ခါအိပ်တယ်။ နို့တစ်ဗူးသောက်ပြီး မကြာပါဘူး ဗွမ်းကနဲဆို နောက်တစ်ခါ E ထပ်ပါ ရော။ ဒီတစ်ခါက အရည်တွေချည်းပဲ။ 
.
ဒါနဲ့ နည်းနည်းစိတ်ပူလာပြီး သူငယ်ချင်းမိန်းမ ဆရာဝန်မကိုမေးရတယ်။ သူက ဓါတ်ဆားရည်လေးတိုက်ပေးပါတဲ့။ ဒါနဲ့ ဓါတ်ဆားတိုက်မယ်ပေါ့။ ယောက်ခမကြီးကဖျော်လာတယ်။ နှစ်ဇွန်းလောက်တိုက်ပြီးတော့ ကလေးက အန်ပါလေရော။ ခုနကသောက်ထားတဲ့ နို့တွေပြန်ထွက်လာတယ်။ ကြည့်ရတာ သူလဲ လောလော လောလောနဲ့ အချိုးအစားအတိုင်းမဖျော်မိဘူးထင်တယ်။ ကိုယ်သောက်ကြည် တော့ နည်းနည်း ငန်နေတယ်။ ဝမ်းသွားတဲ့အပြန် ပြန်ပါအန်ထွက်လာတော့ ပိုစိတ်ပူလာတယ်။ ဒါနဲ့ ယောက်ခမကြီးအသိ ကလေးဆရာဝန်မတစ်ယောက်ကိုဖုန်းဆက်ပြီး ဆေးသွားယူဖို့ စီစဉ်ရတယ်။ 
.
ည ၁ဝနာရီခွဲပြီမို့ အနီးအနားကဆေးဆိုင်တွေကလည်း ပိတ်ရောပေါ့။ ဖွင့်ရင်တောင် ကလေးနဲ့ ပတ်သက်တဲ့ဆေးက ရှိချင််မှရှိမယ်။ ဆရာဝန်မက ဆေးလာယူမဲ့အတူတူ ဖြစ်နိုင်ရင် ကလေးပါခေါ်လာပါတဲ့။ သူက ကလေးဆေးရုံ အထူးကြပ်မတ်ဆောင်မှာ Night Duty ကျနေတယ်။ သူ့ဆီရောက်တော့ သူရေးပေးတဲ့ဆေးစာရွက်လေးနဲ့ အောက်ထပ်က စွမ်းထက်ဆိုတဲ့ ဆေးဆိုင်မှာ ဆေးသွားဝယ်ရတယ်။ အန်တာပျောက်တဲ့ ဆေးဆိုတာကို သူကိုယ်တိုင်တိုက်ပေးတယ်။ ပြီးတော့ ကလေးကို စမ်းသပ်ကြည့်ပြီး ဘယ်ဆေးတွေကို ဘယ်လိုတိုက်ရမယ်ဆိုတာကို ညွှန်းပေးတယ်။ ဓါတ်ဆားရည်လည်းပါတယ်။ ကျေးဇူးတင်လိုက်တာ။ 
.
အိမ်ပြန်ရောက်တော့ သားတော်မောင်က နောက်တစ်ခါ ပန်းပြန်ရော။ ဓါတ်ဆားရည်တိုက်တော့ မဲ့ရှုံ့ပြီး ငိုပါလေရော။ ငိုလည်းမတတ်နိုင်ဘူး။ အတင်းတိုက်ပေါ့။ သူကလည်းထွေးထုတ်.... အော်ငို ... ဝက်ဝက်ကို ကွဲနေတာပဲ။ ည ၁နာရီလောက်ကျတော့ သူ့ကို နို့နည်းနည်း တိုက်ကြည့်တယ်။ ဝမ်းတော့ ထပ်မသွားတော့ဘူး။ အတော်လေးနေတော့ မောပြီးအိပ်ပျော်သွားတယ်။ အိပ်ပျော်နေတာတောင် ဓါတ်ဆားရည် ထပ်တိုက်မှာ စိုးလို့ထင်တယ် အိပ်ယာစလေးကို ပါးစပ်ကို ပိတ်ထားပြီး အိပ်နေလေရဲ့ :D .... 
.
အခုမနက်နိုးတော့ ပြန်လန်းလာပြီ။ မနက်ဖက်တိုက်ရမဲ့ဆေးတွေကို အတင်းပါးစပ်ဖြဲပြီး တိုက်ရတာပေါ့။ ထမင်းပျော့ပျော့လေးဆီဆမ်း ဆားဖြူးလေး ကျွေးတယ်။ နေမကောင်းလို့ထင်တယ် အဖေကို တွယ်ကပ်ပြီး အတင်း ချီခိုင်းနေလို့ အိပ်ပျော်အောင် သိပ်ခဲ့ပြီးမှ ရုံးလာခဲ့ရတယ်။ တော်သေးတာပေါ့ နေပြန်ကောင်းလာပါပြီ။ လက်သည်းရှည်နေပြီး ပါးစပ်ထဲထည့်တာ၊ တွေ့တာတွေကို ပါးစပ်ထဲထည့်တာ၊ နို့ဗူး ထမင်းပန်းကန်တွေ မသန့်တာ ဘာကြောင့်လည်းတော့မသိဘူး။ အေးအေးဆေးဆေး ပြန်ကြည့်ပြီး နောင်မဖြစ်အောင် prevention လုပ်သင့်တာတွေ လုပ်ထားဦးမှ။ အခုလိုဖြစ်မှဆိုရင် မျက်ပြူးဆန်ပြာနဲ့ရယ် ....

6 comments:

:P said...

သက်သာသွားလို့တော်သေးတာပေါ့...
သီပေါမင်းဖြစ်သွားတဲ့ ထွန်းလင်းထွန်းပေါ့..
(ပါတော်မူလို့)

little moon said...

ပါရုံမကဘူးဗျို့ ပန်းတော်မူတာ။ ပန်းသခင်လေးပေါ့ :D

Anonymous said...

ပထမဆုံးရထားတဲ့ သားအတွက် ဖခင်တယောက်ရဲ့ ပူပင်မှု့နဲ့ မေတ္တာကို အပြည့်အဝ မြင်သွားတယ်။ ကလေးမရှိသူတွေ တွေမှာ ဒီလို ပူပင်မှု့ရှိမှာ မဟုတ်ဘူး။

သက်သာသွားလို့ တော်သေးတာပေါ့။

သူစားတဲ့ ထမင်းပုဂံတွေ နို့ဘူးတွေကို ဆူပွက်တဲ့ ရေနွေးနဲ့ သေချာပြုတ်ပြီးမှ အသုံးပြုပါ။

khin oo may said...

ထင်တာ ကတော့ပြန်မလာသေးတဲ့ အမေ ကို ချွဲတယ်ထင်တာပါဘဲ။

ကလေးဖြစ်တာက နဲနဲ သြူ့ပူစူ ပြပြီး အမှတ်ယူတာက များများပါ။

သော်တာဆွေ စာအုပ်ထဲမှာ မေ တောင်ကြီးသွားတာ ကြာတော့ ထီးနီနီကလေးနဲ့ကောင်းမလေး အိမ်လာလည်သလို ဇတ်လမ်းဆင်တာပါ

အဲဒီတော့မိန်းမ ကစိတ်ပူပြီး မြန်မြန်ပြန်လာရော.

ဒီမှာ မော်
ဘာမှ မပူနဲ့။
ဘာ မှ မဖြစ်ဘူး။

စိတ်အေးလက်အေး အလုပ်ပြီးတဲ့အထိနေ
ပြီးရင် ရောက်လက်စ နဲနဲ လည်လိုက်ဦး
အလကာ.းမြန်မြန်ပြန်လာအောင် ညာခေါ်တာ

ဒါမျိုးများ
ဘူးထွားထွား....

Maw said...

သားကို စိတ်ပူတာပေါ့ အစ်မရယ်.. ။ ဘန်ကောက်ရောက်ရောက်ချင်း ဖုန်းကဒ်ဝယ်ဆက် လိုက်တယ်။ ည ၁၀နာရီကျော်ကြီး.. ကွက်တိပဲ..။ သားနေမကောင်းလို့ ဆေးရုံရောက်နေကြတဲ့အချိန်။ ဘယ်လိုမှကို နေလို့မရ.. ပြန်လာချင်တာ။ လေယာဉ်ချိန်းဖို့အဆင်မပြေတဲ့အပြင် တနလာင်္နေ့ ရုံးကို မတက်မဖြစ်သွားတက်ရမှာရှိလို့.. အစီအစဉ်အတိုင်း တနင်္လာ ညနေဖလိုက်နဲ့ မှ ပြန်လာဖြစ်တယ်။ ဖုန်းကတော့ ဆက်လိုက်ရတာ ခဏခဏပဲ။
း( သားသားတောင် ချောင်သွားတယ်။

ကြာပီ said...

၅လကျော် ၆လလောက် သွားပေါက်စမှာ သားလည်း တရက်ကို ၁၀ခါကျော်လောက် ၀မ်းလျှောပါတယ်။ အန်လည်း အန်တော့ စိတ်ပူပြီး ဆေးရုံရောက်သွားပါတယ်။ ဒီမှာတော့ ဓါတ်ဆားရေကိုပဲ ၀င်သလောက်တိုက်ခိုင်းတာနဲ့ နောက် ဖြစ်တဲ့ အခါတိုင်း ဓါတ်ဆားရေပဲ ဆောင်ထားလိုက်တယ်။ အော် ပြီးတော့ နို့မှုန့်တိုက်ရင် ခါတိုင်းထက် နည်းနည်း ကျဲပြီး ဖျော်တိုက်ခိုင်းပါတယ်။ပြီးတော့ ၁နှစ်အောက်ကလေးကို ဆေးမတိုက်ပါတဲ့။ ဆေးရုံတခါသွားရင်လည်း ၄နာရီ ၅နာရီလောက် စောင့်ရပါတယ်။ ဒါနဲ့ အခုဆို တော်ရုံဝမ်းလျှော ၀မ်းပျက်ရင် ဆေးရုံမသွားတော့ပါ။ (ဆေးခန်းတွေက အင်မာဂျင်စီ ဆိုရင် ဆေးရုံသာ လွှတ်ပါတယ်။)